Eating Tips

ရန်ကုန်-အင်းစိန်လမ်းမပေါ်က ၁၅ နှစ်ကျော် သက်တမ်းရှိတဲ့ Planets Zone..

February 18, 2020

..
ဒီတစ်ခါတော့ ဘော်ဘော်တို့အတွက် service ကောင်းကောင်း၊ Entertainment အနေဖြင့်လည်း စင်တင်ဂီတပါ ရှိတယ့် စားသောက်ဆိုင်ကို မိတ်ဆက်ပေးမယ်..
..


ရန်ကုန်-အင်းစိန်လမ်းမပေါ် ဘာတာမှတ်တိုင် မှာ ရှိတဲ့ ဒီဆိုင်က သွားရေးလာရေးအတွက်တော့ တော်လေး အဆင်ပြေပါတယ်.. မှတ်တိုင်တည့်တည့်မှာလည်း ရှိတော့ သိပ်လည်းအများကြီး လမ်းလျှောက်စရာ မလိုတော့ဘူးပေါ့..ဆိုင်က ကျယ်ကျယ်ဝန်းဝန်းရှိပြီး ဆိုင်အပြင်အဆင်လေးတွေက လည်း စွဲဆောင်မှုရှိပါတယ်..
..
၁၅ နှစ်ကျော် သက်တမ်းရှိနေပြီဖြစ်တဲ့ ဒီဆိုင်က အဓိက ဝန်ဆောင်မှုကောင်းသလို၊ Customer တွေစိတ်တိုင်းကျ ဖန်းတီး ပေးတဲ့ Chef တွေကလည်း လုပ်သက်ရင့် ဝန်ထမ်းတွေပါ..မြန်ဆန်တိကျတဲ့ Waiters တွေလည်း ရှိပါတယ်..
..
Entertainment အနေဖြင့်လည်း စင်တင် တေးဂီတ ရှိတော့ နားဆင်ခံစားရင် အေးဆေး ဂွတ် လို့ရတာပေါ့ ..
..


သောက်စရာ ဘီယာ ဂေါ့ဖ် အနေဖြင့်  .....
_ Tuborg (တစ်ခွက် ၁၀၀၀ ကျပ်)
_ Black Eagle (တစ်ခွက် ၁၂၀၀ ကျပ်)
_ Yoma (တစ်ခွက် ၈၀၀ ကျပ်) တို့ရရှိနိုင်သလို .. 
ပုလင်းနှင့် အခြားသောက်စရာများစွာလည်း ရှိပါတယ်..
..
အကင်တွေဆိုလည်း ၅၀၀ ကျပ်ကနေ စပြီးမှာယူစားသုံးလို့ရတော့ ဈေးသက်သက်တယ့် စင်တင် စားသောက်ဆိုင်တစ်ဆိုင်ပေါ့ .. တရုတ်အစားအစာ အပြင် အခြားပင်လယ်စာ တွေလည်း ဒီဆိုင်မှာရပါတယ်..
..


ဧည့်ခံပွဲ ၊ မင်္ဂလာပွဲများလည်း ကျင်းပနိုင်ပါတယ်..
..
ဆိုင်ဖွင့်ချိန်က မနက် ၁၀ နာရီမှ ည ၁၁ နာရီ အထိ ပိတ်ရက်မရှိ ပါ..
ဆိုင်နာမည်က ..
..


Planets Zone Restaurant
===================
အမှတ် ၅၉ / ရန်ကုန် - အင်းစိန်လမ်း / လှိုင်မြို့နယ် / ရန်ကုန်မြို့။
ဖုန်းနံပါတ် .. 09425014993, 095127348
ဘာတာမှတ်တိုင် မှာရှိပါတယ်..
..


Read 453 times.
1 Review

Reviews

Chit Wine | March 2020
ရန်ကုန်-အင်းစိန်လမ်းမပေါ်က ၁၅ နှစ်ကျော် သက်တမ်းရှိတဲ့ Planets Zone..

restaurantguidemyanmar ဆိုင်သက်တမ်းက ကျွန်တော့် အသက်ထက်တောင်ကြီး နေပါလား

Did you find this review helpful?

0