Eating Tips

အရသာ(၈)မျိုးပါ ရှောက်လုံးပေါင်းကို ယူဆောင်လာပေးတဲ့ Paradise Dynasty စားသောက်ဆိုင်သစ်

November 19, 2019

ကမ္ဘာကျော် ရှောက်လုံးပေါင်း (Xiao Long Bao) များကို ရရှိသုံးဆောင်နိုင်မည့် Paradise Dynasty စားသောက်ဆိုင်ကို ရန်ကုန်မြို့တွင်

၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့တွင် Junction Square Extension မြေညီထပ် တွင် ဖွင့်လှစ်ခဲ့ပါတယ်။

ရန်ကုန်မြို့၏ အချက်အချာနေရာ Junction Square extension မြေညီထပ်တွင် ဖွင့်လှစ်လိုက်သော  Paradise Dynasty စားသောက်ဆိုင်တွင် အရသာ ထူးခြားပြည့်စုံပြီး အမျိုးအစားစုံလင်သော တော်ဝင်တရုတ် ဟင်းလျာများကို ရန်ကုန်မြို့ရှိ နေထိုင်ကြသော အစားအသောက် ခုံမင်နှစ်သက်ကြသူများ၊ အစားအစာ အသစ်အဆန်းကို စားသုံးလိုသူများအတွက် အခွင့်အရေးတစ်ခုဖြစ်ပါတယ်။


ရန်ကုန်မြို့မှာ ဒီနေ့ဖွင့်လှစ်တဲ့ Paradise Dynasty ဆိုင်က ကမ္ဘာတစ်လွှားမှာရှိတဲ့ ၃၃ ခုမြောက် ဆိုင်ခွဲလည်း ဖြစ်ပါတယ်။


Paradise Dynasty ဆိုင်တွင် သက်တောင့်သက်သာ ရှိခြင်း၊ ခမ်းနားတဲ့ အပြင်အဆင်ရှိခြင်း၊ ကျွမ်းကျင်တဲ့ စားဖိုမှူးတွေရဲ့ လက်ရာများ ကောင်းမွန်တဲ့ အနံ့အရသာနဲ့ ပြည့်စုံတဲ့ ဟင်းလျာတွေက ပြည်တွင်း စားသုံးသူတွေကို ဆွဲဆောင်နိုင်ပြီး အမှတ်တရဖြစ်စေမယ့်အပြင် အတွေ့အကြုံ တစ်ခုအဖြစ် ဖန်တီးပေးနိုင် မယ်လို့ ယုံကြည်ပါတယ်။


စားသုံးသူတွေအနေနဲ့ မူလအရသာ၊ ဂျင်ဆင်း၊ ငန်းအသည်း၊ ရှားပါးမှိုနက်၊ ဂဏန်းဥ၊ ချိ(စ်)၊ ကြက်သွန်ဖြူ၊ စီချွမ်အရသာစတဲ့ အရသာရှစ်မျိုးရှိ ရှောက်လုံးပေါင်း (Xiao Long Bao) ပထမဆုံးအမျိုးအစားအသစ်နဲ့ ပိုးစ သားပမာနူးညံ့တဲ့ la mian ခေါက်ဆွဲစတဲ့ Eldwin နဲ့သူ့ရဲ့ စားဖိုမှူးတွေ ဂုဏ်ယူစွာဖြင့် ပူးပေါင်းဖန်တီးထားတဲ့ အကောင်းဆုံး ဟင်းလျာတွေ အပါအဝင် တရုတ်ရိုးရာ စားသောက်ဖွယ်ရာတွေနဲ့ အချိုပွဲအမျိုးမျိုးကို  ဒီ Paradise Dynasty ဆိုင်တစ်နေရာထဲမှာ စုံစုံလင်လင် ရွေးချယ် စားသုံးနိုင်ပါတယ်။


ဈေးနှုန်းများကတော့ အနည်းဆုံး သုံးထောင့်ခြောက်ရာကျပ်မှ စတင်၍ အများဆုံး တစ်သောင်းခွဲကျော် အထိ အစားစားရှိကြောင်း သိရပါတယ်။


စားသုံးသူ တွေအနေနဲ့ Paradise Dynasty ရဲ့အထင်ကရ ဟင်းလျာ ရှောက်လုံးပေါင်း (Xiao Long Bao)များကို မီးဖိုဆောင်ထဲတွင် ပြင်ဆင်ချက်ပြုတ်နေပုံကိုလည်း သုံးဆောင်ရင်း ဗဟုသုတရဖွယ်  လေ့လာနိုင်မှာ ဖြစ်ပါတယ်။


ရန်ကုန်မြို့၏ အချက်အချာကျတဲ့ အကြီးဆုံး Shopping Mall တစ်ခုဖြစ်သော Junction Square ဘေးတွင် တည်ရှိသောကြောင့် Paradise Dynasty တွင်လာရောက် စားသုံးသူများသည် ကားပါကင်နေရာ အတွက် စိတ်ပူစရာမလိုဘဲ အဆင်ပြေပြေရပ်နားနိုင်ပါတယ်။


Paradise Dynasty စားသောက်ဆိုင်ကို ယခုလက်ရှိတွင် နေ့စဉ် နေ့လည် (၁၁) နာရီမှ ညနေ (၃) နာရီ၊ ညနေ (၃)နာရီမှ ည (၁၁) နာရီအထိ နှစ်ချိန်ခွဲဖွင့်ထားပြီး နိုဝင်ဘာလ (၁) ရက်နေ့မှ စတင်၍ နေ့လည် (၁၁) နာရီ မှ ည (၁၁) နာရီအထိ နေ့စဉ်ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း သိရပါတယ်။


Read 559 times.