Eating Tips

ရန်ကုန်မြို့ရဲ့ Origin Coffee & Roastery

June 23, 2020

Origin Coffee တွင် မနက်စာမှ အချိုပွဲအထိ အမျိုးမျိုးသောကော်ဖီနှင့် အခြားအဖျော်ယမကာများစွာလည်း ရရှိနိုင်ပါတယ်။ 

ထို့အပြင် Origin Coffee ကနေ မြန်မာ့ဒေသထွက်ကော်ဖီစေ့စစ်စစ်ကိုမှ ကမ္ဘာ့အကောင်းဆုံး Gisen Coffee Roaster ဖြင့် စနစ်တကျလှော်ကာ ဖျော်ထားတာကြောင့် စွဲမက်စရာ ကော်ဖီ စစ်စစ်အရသာလည်း ရရှိနိုင်မှာပါ။ Origin Coffee မှာ ဒေသထွက်ကော်ဖီတစ်မျိုးထဲ သုံးထားတာ တွေ့ရပါတယ်။ 

အဲဒါကြောင့် ဒီလို စွဲမက်စရာ ကောင်းတဲ့ ကော်ဖီစစ်စစ်အရသာကိုမှ ကြိုက်နှစ်သက်တဲ့သူများအတွက် Origin Coffee ဆိုင်လေးကိုပဲ ညွှန်းပေးချင်ပါတယ်။

နောက်ပြီး သတင်းကောင်းတစ်ခုက ပြည်တွင်းဖြစ် မြန်မာ့အကြိုက်ဆုံး အစားအသောက်များလည်း ထပ်မံ မိတ်ဆက်ထားတာလည်း တွေ့ရပါတယ်နော်။ 

အဲဒီ Menu အသစ်ကိုတော့ ကျွမ်းကျင်ထက်မြက်တဲ့ ပြည်တွင်းမှစားဖိုမှူးများက အိမ်တွင်းအရသာ မပြတ်အောင် ချက်ပြုတ်ထားတာပါ။ 
ဒီ menu အသစ်တွေကတော့ ခေါက်ဆွဲဟင်းလျာတွေဖြစ်တဲ့ နန်းကြီးသုပ်နဲ့ ရွှေတောင် ခေါက်ဆွဲပဲ ဖြစ်ပါတယ်။

ဒါကြောင့် လတ်ဆတ်သော ကော်ဖီများလည်း သောက်ရင်း ပြီးပြည့်စုံသော နှစ်သက်ဖွယ်ရာ ဟင်းလျာများကိုလည်း တွဲဖက်စားသုံးလို့ ရနေပါပီနော်။
ဆိုင်ဖွင့်ချိန်ကတော့ မနက် ၈:၀၀ နာရီမှ  ည ၉:၃၀ အထိပါ။ 

လိပ်စာကတော့..
ကမ္ဘာအေးဘုရားလမ်းနဲ့ ကန်ဘဲ့လမ်းထောင့်မှာ ရှိတဲ့ The Central Boulevard မှာပါနော်.

Source:origincoffee
#specialitycoffee #burmesefavorites #newmenu


Read 1364 times.