Eating Tips

မြန်မာ့အစားအစာသာမက ရှမ်းရိုးရာအစားအစာတွေပါ ရနိုင်တဲ့ Mogok Thu Food Club ရဲ့ All Menu Discount

July 28, 2020

ဒီတခါမှာတော့ မြန်မာ့ရိုးရာအစားအစာနှင့် ဟင်းမျိုးစုံသာမက ရှမ်းရိုးရာအစားအစာတွေပါ ရနိုင်တဲ့ Mogok Thu Food Club ဆိုင်ကို ညွှန်းပေးချင်ပါတယ်။ foodies တို့အတွက်လည်း မိုးရာသီ Promotion လည်းရှိသေးတယ်နော်..။

မြန်မာလူမျိုးအများစုကတော့ မြန်မာ့ရိုးရာအတိုင်း ချက်တဲ့ ဟင်းမျိုးကိုမှ ကြိုက်ပြီး မြိန်ရေယှက်ရေ စားချင်ကြတာ သဘာဝပါပဲ။ အဲလို အရသာမျိုးတွေကို ဒီဆိုင်လေးမှာ ရနိုင်မှာပါ။ 

သူ့ဆိုင်မှာ ရနိုင်တာတွေကတော့....
ဟင်းအမယ်တွေထဲမှာဆိုရင် အသားဟင်း၊ အသီးအရွက်ကြော်၊ ဟင်းရည်၊ အသုပ်သာမက နံနက်ပိုင်းအစားအစာတွေဖြစ်တဲ့ ကောက်ညှင်းပေါင်း၊ ထမင်းကြော်၊ ခေါက်ဆွဲ၊ လက်ဖက်ရည်၊ ကော်ဖီနဲ့ Drink အစုံအလင်ရတော့ ကိုယ်ကြိုက်တာတွေကို တစ်နေရာတည်းမှာ ရွေးချယ်မှာယူစားလို့လည်း ရပီပေါ့။ 

အဲဒီထဲမှာမှ နံနက်ပိုင်းအစားအစာဖြစ်တဲ့ ကောက်ညှင်းပေါင်းဆိုရင် သူ့တစ်မျိုးတည်းမဟုတ်ဘဲ အကြော်စုံ၊ ဝက်အူချောင်းကြော်၊ ကြက်တောက်ပံကြော်၊ ဝက်သားချောင်းကြော်တို့နဲ့ တွဲဖက်ပေးထားတာဆိုတော့ ပိုပြီး စားလို့ကောင်းပီပေါ့နော်..။

ထပ်ပြီးတော့ မြန်မာအစားအစာသာမက ရှမ်းရိုးရာအစားအစာတွေလည်း ရနိုင်ပါသေးတယ်။
နောက်တစ်မျိုး ယူနန်ဟော့ပေါ့လည်း ရှိသေးတယ်နော်... သူ့အရသာက ယူနန်အရသာ စစ်စစ်ဖြစ်လို့ စားသုံးတဲ့သူတွေအတွက်ကတော့ ပြောစရာလိုမှာ မဟုတ်ပါဘူး..။

ခုဆိုရင် မိုးရာသီကာလလည်းဖြစ်တော့ သူ့ဆိုင်မှာ Promotion လည်း ပေးထားပါတယ်..Promotion ကာလက 31-7-2020 ကနေ 3-8-2020 အထိပါ။
ဘယ်လိုမျိုးလဲဆိုတော့ All menu items ကို 20% off Discount ပေးမှာပဲ ဖြစ်ပါတယ်။ 

ကဲ ဒါဆို ရှမ်းရိုးရာအစားအစာပဲရွေးမလား၊ တခြားဘယ်မှာမှမရတဲ့ မိုးကုတ်သူရဲ့ ကိုယ်ပိုင် menu တွေကိုပဲရွေးမလား၊ ကော်ဖီပူပူလေးလား၊ အေးအေးလေးလား 
ကြိုက်တာ သုံးဆောင်လို့ရအောင် Foodies တို့လည်း နောက်မကျဖို့ဆိုရင် အမြန်လေး သွားဖို့ပဲ လိုတော့တယ်နော်...

Promotion_ 31-7-2020 to 3-8-2020.
Open Daily_ 7:00 am to 8:00 pm

လိပ်စာကတော့...
105, Level 1, Times Link Training Centre,The corner oh Dhamma Zedi Road & Link Lane, Bahan, Yangon.
Tel: 09797998800

Source:Mogok Thu Food Club
#restaurantguidemyanmar.com


Read 550 times.