Eating Tips

အစားတလိုင်းများအတွက် မနက်(၄)နာရီထိဖွင့်တဲ့ Moe’s diner ဆိုင်ကလေး

November 18, 2019

ကိုယ်တွေလို ညဘက်ဗိုက်ဆာတတ်တဲ့သူတွေ ဒါမှမဟုတ် Night Out ထွက်ပြီးရင် အစားအသေစားတဲ့သူတွေကြိုက်မယ့် အရသာကောင်းပြီး ဈေးတန်တဲ့ဆိုင်လေးတစ်ဆိုင် ခုမှတွေ့လို့ လက်တို့လိုက်ပါတယ်။
 
အစားတစ်လိုင်းတွေရဲ့ အကြီးမားဆုံးဒုက္ခကတော့ တစ်ရေးနိုးမှ ဗိုက်ထဲတဂွီဂွီမြည်လာတတ်တာပဲ ဖြစ်ပါတယ်။ စားစရာတွေအသင့်ဆောင်ထားတတ်ရင် ပြဿနာမရှိပေမယ့် ဘာမှစားစရာမရှိတဲ့အချိန်မျိုးဆိုရင်တော့ ဂွကျပါရော။
 
ဒီတော့ မနက်မိုးလင်းပေါက်ထိဖွင့်တတ်တဲ့ စားသောက်ဆိုင်တွေကို လိုက်ရှာရင်း မိုးလင်းပေါက်ထိဆိုင်ဖွင့်ပြီး စားလို့လည်းအရမ်းကောင်း၊ ဈေးလည်းတန်တဲ့ စားသောက်ဆိုင်လေးအကြောင်း အစားတစ်လိုင်းတွေကို လမ်းညွှန်ပေးလိုက်ပါတယ်။
 
ဒီဆိုင်လေးမှာအကောင်းဆုံးကတော့ Smoke Duck and Rice လုပ်ထားတဲ့အသားလေးတွေပဲ။ အိစက်ညက်ညောပြီး အသားတစ်မျှင်ချင်းစီကကို အရသာကယိုစိမ့်ထွက်ကျနေသလိုခံစားရတယ်။ ဒီလိုအသားတွေနဲ့ဗိုက်ဝသွားအောင်တွဲစားချင်တယ်ဆိုရင်တော့ ကြက်ဆီထမင်း၊ ဝက်သုံးထပ်သားကင်ထမင်း၊ ဝက်ခေါက်ကင်ထမင်း၊ ဝက်နံရိုးကင်ထမင်း၊ ဝက်သားကင်ထမင်း၊ ဘဲကင်ထမင်း၊ အမဲသားကင်ထမင်းလေးတွေစားကြည့်လိုက်ပါ။
 
အမယ် တစ်မျိုးစီက ဆွဲဆောင်မှုတစ်မျိုးစီနဲ့ တစ်ခါတည်းသိမ်းကြုံးစားချင်စိတ်တွေဖြစ်ပေါ်လာအောင်ကို အရသာပြည့်ဝမှုကတော့ရှယ်ပါပဲ။
 
ဈေးတွေကလည်း ၂၀ဝ၀ ကျပ်လောက်ပဲဆိုတော့ ဆန်သားအိအိလေးနဲ့ အသားနူးနူးညံ့ညံ့လေးကို ပေါင်းစပ်ပြီး အရသာခံစားကြည့်နိုင်ပါတယ်။ အသားကင်တွေချည်းသီးသန့်စားမယ်ဆိုလည်းရပါတယ်။
 
Cheese နံပြားကတော့ ၁၅၀ဝ ကျပ် အဲဒါကလည်း တော်တော်စားလို့ ကောင်းသလို လူကြိုက် အတော်ကလေးများပါတယ်။ အရသာကဆိမ့်ဆိမ့်လေးနဲ့ နံပြားလတ်လတ်ဆတ်ဆတ်လေးဆိုတော့ လုံးဝရှယ်ပါပဲ။ အသားတွေမစားချင်ဘူးဆိုရင်လည်း ချင်းသုပ်၊ လက်ဖက်သုပ်၊ ခရမ်းချဉ်သီးသုပ်၊ မြင်းခွာရွက်သုပ်၊ ကန်စွန်းရွက်သုပ်တွေနဲ့ အကြော်စုံတွေရနိုင်သေးတယ်ဆိုတော့ အစားတစ်လိုင်းတွေအကြိုက်မတွေ့မှာ လုံးဝစိတ်မပူပါနဲ့။ မနက်(၄)နာရီထိဆိုင်ဖွင့်တော့ တစ်ညလုံးကြိုက်တဲ့အချိန်သွားစားလို့ရပါတယ်။ ဆိုင်နေရာလေးကတော့- ပုလဲကွန်ဒိုရှေ့၊ ရွှေဘဲရှေ့တည့်တည့်ကဆိုင်ပဲဖြစ်ပါတယ်။
 
ဆိုင်ဖွင့်ချိန်ကတော့10:30 AM - 4:00 AM ဖြစ်ပါတယ်။
 
အမှတ် ၂၄၊ သာသနာ့ရိပ်သာရပ်ကွက်၊ ဆရာစံလမ်းမကြီး၊ ရန်ကုန်မြို့။
ဖုန်းနံပါတ်ကတော့ ၀၉-၇၇၉၄၉၄၆၆၆

 


Read 174 times.