Cafes & Restaurant

နိုဝင်ဘာလတစ်လလုံးရဲ့ နေ့ရက်တိုင်းမှာ ပရိုမိုးရှင်းရှိတဲ့ Maw Kun Cafe & Lounge

November 14, 2023

Maw Kun Cafe and Lounge က စိမ်းစိမ်းစိုစို ခြံဝန်းကျယ်ကြီးထဲမှာ တည်ရှိပြီး Luxury Vibe ရစေတဲ့ ကော်ဖီဆိုင် အသစ်စက်စက်လေး ဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့ပဲသွားသွား၊ မိသားစုနဲ့ပဲ ဖြစ်ဖြစ် ထိုင်လို့ကောင်းတဲ့ ဆိုင်ဖြစ်သလို ချစ်သူနဲ့ ကော်ဖီဒိတ်မယ်ဆိုရင်လည်း ဆိုင်အပြင်အဆင်လေးက လှတာကြောင့် ရွေးချယ်သင့်တဲ့ ဆိုင်လေးပါပဲ။

ဓာတ်ပုံရိုက်လို့ကောင်းတဲ့ နေရာလေးဖြစ်သလို Fine Dining ပုံစံ ဆိုင်အတွင်းဘက်မှာရော သစ်ပင်ကြီးတွေ ခြံရံထားတဲ့ အပြင်ဘက်ခြံထဲမှာပါ အေးအေးဆေးဆေး စားရင်းသောက်ရင်း Chill လို့ ရပါသေးတယ်။ Maw Kun ရဲ့ ထူးခြားချက်က ကိုယ်ချစ်ရတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကိုပါ ခေါ်သွားလို့ ရတာပါပဲ။  

ဒါ့အပြင် သီးသီးသန့်သန့် ဝိုင်းဖွဲ့စားသောက်ချင်တဲ့ မိတ်ဆွေတွေအတွက်လည်း Maw Kun မှာ Private Room တွေကို အခကြေးငွေမယူဘဲ ဝန်ဆောင်မှုပေးထားပါတယ်။ ဒါကြောင့် အလုပ်ကိစ္စဖြစ်ဖြစ် အရေးကြီးတဲ့ မိတ်ဆွေ၊ ဧည့်သည်တွေနဲ့ တွေ့ဆုံတဲ့အခါမှာလည်း အဆင်ပြေတဲ့ ဆိုင်လေးပါ။ 

Advertisement

Click Here >  Myittar Mon

ဆိုင်က ဆိတ်ငြိမ်ရပ်ကွက်ဖြစ်တဲ့ ဦးဝိဇာရ Green Hill အိမ်ရာထဲမှာ ရှိပြီး  ကားပါကင်လည်း ကျယ်တော့ ပါကင်အတွက် စိတ်ပူစရာ မလိုတော့ပါဘူး။ ဒါ့အပြင် ဆိုင်အတွင်းရော အပြင်မှာပါ ဝိုင်ဖိုင် ဖရီး ပေးထားတော့ ဘာလိုသေးလဲနော်။

ဒီကော်ဖီဆိုင်မှာ  အစားအသောက်တွေက Steak နဲ့ ဝိုင်တွေအပြင် Western နဲ့ Asian Fusion ဟင်းပွဲလေးတွေလည်း ရပါတယ်။ သူ့ဆိုင်က Plating ကအစ စားသောက်ဆိုင်ကြီးတွေမှာ စားရသလိုမျိုး ပြင်ဆင်ပေးထားတာ ဖြစ်ပါတယ်။ ပြီးတော့ ဆိုင်ရဲ့ ထူးထူးခြားခြား Signature Cocktail တွေကို မြည်းစမ်းနိုင်ပါတယ်။ စျေးနှုန်းတွေကတော့ ၉,၀၀၀ - ၁၀,၀၀၀ ကျပ်ဝန်းကျင်လောက်ကနေ စရှိပါတယ်။

စျေးကြီးပေမဲ့ သူ့ဆိုင်မှာ နိုဝင်ဘာလတစ်လလုံး Weekdays ရော Weekend အတွက်ပါ မတူညီတဲ့ Daily Promotion တွေနဲ့ ပြည့်နှက်နေတာ ဖြစ်ပါတယ်။   

တနင်္လာနေ့ - ကော်ဖီမီနူးအာလုံး 20% Discount

အင်္ဂါနေ့ - ထမင်းမီနူးအားလုံး 20% Discount

ဗုဒ္ဓဟူးနေ့ - သတ်မှတ်ထားတဲ့ ကော့တေးတွေကို တစ်ခွက်ဝယ် တစ်ခွက်လက်ဆောင်

ကြာသပတေးနေ့ - ဘာဂါတွေအားလုံး 20% Discount

သောကြာနေ့ - အချိုပွဲတွေအားလုံး 20% Discount

စနေနဲ့ တနင်္ဂနွေနေ့ - Check-in ဝင်ပေးရင် မီနူးအာလုံး 10% Discount

ပရိုမိုးရှင်း ကုန်ဆုံးမယ့်ရက်ကို နိုဝင်ဘာလကုန်အထိ သတ်မှတ်ထားပါတယ်။ အားလပ်ချိန်လေးမှာ ချစ်ရသူတွေနဲ့အတူ အမှတ်တရကောင်းတွေ ဖန်တီးနိုင်ဖို့ Maw Kun ဆိုင်ကို မရောက်ဖူးသေးရင် တစ်ခါလောက် ရောက်အောင် သွားကြည့်ကြည့်နော်။ 

Phone : 09 650 055 443

Location : 290(B), U WISARA STREET, U WISARA GREEN HILL HOUSING, KAMAYUT TOWNSHIP, YANGON


Read 506 times.