တရုတ်စာကော၊ ဂျပန်စာပါရတဲ့ Jade Garden
ကြည့်တာနဲ့ တရုတ်စားသောက်ဆိုင်ကြီးဆိုပေမဲ့ ဂျပန်အစားအစာတွေလည်း ရနိုင်ပါတယ်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့...နောက်ပြီး... တရုတ်မြို့တွေဖြစ်တဲ့ Guang Dong, Chuan Xiang နဲ့ Sea Food စတဲ့အစားအသောက်တွေကိုလည်း သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် ရနိုင်ပါတယ်။ ကျန်းမာရေးအတွက် ဆေးဝါးအနေနဲ့တောင် စားသုံးလို့ရမယ့် ဟင်းချို၊ ဟင်းပွဲတွေကို အရသာရှိရှိပေးစွမ်းနိုင်တာလည်း Jade Garden ပါ။
Service ပိုင်းမှာဆိုရင်လည်း အစားအသောက်ပဲမှာမလား၊ သိချင်တာတွေဆိုင်ထဲစဝင်ကတည်းက စားပြီးပြန်သွားတဲ့အထိ စိတ်ချမ်းသာသွားစေမှာပါ။
စည်ကားပြီးအချက်အချာကျတဲ့ ရတနာလမ်းနဲ့ ခေမာသီလမ်းထောင့်မှာရှိပြီး ဆိုင်ရှေ့မှာတင် ကားရပ်ဖို့နေရာအကျယ်ကြီးလည်းရှိတာကြောင့် အေးအေးဆေးဆေး သုံးဆောင်နိုင်ပါတယ်။(ပါကင်သွားရွှေ့ပေးစရာ မလိုတော့ဘူးပေါ့)
မိသားစု၊ စီးပွားရေး၊ သူငယ်ချင်း ဘာကိစ္စနဲ့ပဲဖြစ်ဖြစ် သီးသန့် စားသောက်ဖို့အတွက် အလှဆင်ထားတဲ့အခန်းတွေရှိပါသေးတယ်။ အဲကွန်း၊တီဗီ၊ရေခဲသေတ္တာအထိပါတဲ့ သီးသန့် အခန်းတွေလည်းရှိတာမို့ ဦးနိုင်အောင် Booking ကြိုလုပ်ထားလိုက်ပါနော်။
Professional Chef လောကမှာ နှစ် (၂၀) ကျော် ဟင်းချက်အတွေ့အကြုံရှိပြီးဖြစ်တဲ့ Jade Garden ရဲ့ Head Chef လည်းရှိပါသေးတယ်။ ဆုတံဆိပ်ရ တရုတ်လူမျိုး ဝါရင့်စားဖိုမှူးကြီး ကိုယ်တိုင်ဖန်တီးထားတယ်ဆိုတော့ တရုတ်အစားအစာကြိုက်နှစ်သက်သူတွေအတွက် လျှာလည်ပြီး အကြိုက်တွေ့စေမှာ အမှန်ပဲပေါ့။
ဒါ့ကြောင့် တရုတ်နဲ့ ဂျပန် အစားအစာကောင်းတွေကိုမှ ယုံကြည်စိတ်ချစွာစားချင်တယ် အဆင့်အတန်းလဲမြင့် ကျန်းမာရေးအတွက်လဲ မြိန်ရေယှက်ရေ သုံးဆောင်ဖို့ Jade Garden
စားတော်ဆက်ကြီးကိုသာ လှမ်းခဲ့လိုက်တော့နော်
Source - Jade Garden Restaurant
The Restaurants Guide