Eating Tips

နာမည်ကြီး Italian Food Restaurants ဆိုင်များ

March 18, 2020

Italian အစားအစာတွေကတော့ ကမ္ဘာ့ နာမည်အကြီးဆုံး အစားအသောက်တွေပဲ ဖြစ်ပါတယ်။ ပီဇာ၊ပါစတာတို့ကတော့ မြန်မာလူမျိုးတွေနဲ့ရင်းနှီးပြီးသား အစားအစာတွေဘဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအစားအစာတွေကို အရသာကောင်းမွန်တဲ့ ဆိုင်လေးမှာမှ သွားစားချင်တယ်ဆိုရင်တော့ ဒီဆိုင်လေးကို သွားကြည့်သင့်ပါတယ်နော်။

 

Image may contain: food

1. L'Opera Italian Restaurant & Bar - Yangon
၁၉၉၇ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး L'Opera Italian Restaurant & Bar သည် အီတလီမြို့၏ အဓိကစားသောက်ဆိုင် တစ်ဆိုင်လဲ ဖြစ်ပါတယ်။ L'Opera ကို YDCD မှအသန့်ရှင်းဆုံးနိုင်ငံခြားစားသောက်ဆိုင်အဖြစ် ချီးမြှင့်ခြင်းခံရပြီးရန်ကုန်မြို့တော်ဝန်ကချီးမြှင့်ခြင်းခံရတဲ့ ဆိုင်ဖြစ်ပါသည်။အီတလီမှမန်နေးဂျင်းဒါရိုက်တာတစ် ဦး နှင့်အီတလီစားဖိုမှူးတို့၏လမ်းညွှန်မှုအရ အစားအစာများကိုခရမ်းချဉ်သီး၊ ပင်စိမ်း၊ Rosemary နှင့်ကြက်သွန်ဖြူစသည့်လတ်ဆတ်သောပါဝင်ပစ္စည်းများနှင့်အရည်အသွေးပြည့်ဝသောနို့ထွက်ပစ္စည်းများ၊ကိုယ်တိုင်လုပ်ခေါက်ဆွဲများ၊ ပြည်တွင်းတင်တွင်းပစ္စည်းများကိုလည်း အရည်အသွေးမြင့်ပစ္စည်းများသာအသုံးပြုထားတာ ဖြစ်ပါတယ်။ L'Opera ၏အီတလီအစားအစာသည် နိုင်ငံခြားသားများသာမကမြန်မာလူမျိုးများကြားတွင်လည်း ရေပန်းစားတဲ့ ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။ လိပ်စာကတော့ 62D ဦးထွန်းငြိမ်းလမ်း၊မရမ်းကုန်းမြို့နယ်၊ရန်ကုန်မြို့ မှာ ဖြစ်ပါတယ်။ Phone Number- 09 730 30755

 

Image may contain: people sitting and indoor

2. E'cucina Ristorante e Vino
E'cucina Ristorante e Vino ဆိုတဲ့ Italian စားသောက်ဆိုင်ကတော့ ရန်ကုန်မြို့မှာနေပေမဲ့ စစ်မှန်တဲ့ Italian ရဲ့ အတွေ့အကြုံ အရသာစစ်စစ်တွေကို ရရှိနိုင်မဲ့ ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။ အီတလီအစိုးရရဲ့ အသိအမှတ်ပြုစားသောက်ဆိုင်ဖြစ်လို့ အစစ်မှန်ဆုံး အီတလီစာများကို အီတလီသွားစရာမလိုဘဲ ရန်ကုန်မှာတင် သုံးဆောင်နိုင်မှာဖြစ်ပါတယ်။ လှပကျက်သရေရှိတဲ့အခင်းအကျင်းနဲ့ နွေးထွေးဖော်ရွေတဲ့ ဝန်ဆောင်မှုကြောင့်လည်း မမေ့နိုင်စရာနေ့ရက်တစ်ရက်ဖြစ်စေမှာပါ။ အီတလီစားဖိုမှူး Nicolino Lalla ရဲ့လက်ရာကို သုံးဆောင်နိုင်မှာဖြစ်ပြီး a la carte menu ပုံစံဖြစ်လို့ နှစ်သက်ရာတစ်ခုချင်းကို မှာယူသုံးဆောင်နိုင်မှာဘဲ ဖြစ်ပါတယ်။လိပ်စာကတော့ Pullman Hotel , 2 floor, ကုန်သည်လမ်းနဲ့ဆူးလေဘုရားလမ်းထောင့်၊ ကျောက်တံတားမြို့နယ်မှာ ဖြစ်ပါတယ်။ Phone Number- 01 382 623

 

Image may contain: food

3. PASTA Napoli 
Pasta Napoli ကို 2018 တွင် စတင် ဖွင့်လှစ်ခဲ့ပြီး အီတလီအစားအစာများကို မြန်မာဟန် နဲ့ ပေါင်းစပ်ထားတာဖြစ်လို့ အခြားဆိုင်တွေနဲ့မတူညီတဲ့အရသာကို ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် ကျန်းမာရေးနှင့်အထူးလျော်ညီသော ပါဝင်ပစ္စည်းများဖြင့် ချက်ပြုတ်ထားပြီး Italian Sense အပြည့်ရှိတဲ့စားသောက်ဆိုင်လေးပဲဖြစ်ပါတယ်။အရသာရှိလှတဲ့ Pasta နဲ့ Pizza တွေကို ဖန်တီးမယ့် Chef Ko Zaw Zaw Naing ဟာဆိုရင်လဲ Dubai နိုင်ငံတွင် စားဖိုမှူးအဖြစ် လေးနှစ်တိုင် အတွေ့အကြုံရှိခဲ့သည့်အပြင် မြန်မာ စာဖိုးမှူးလောကတွင်လဲ ၄ နှစ်တိုင်တိတိ အတွေ အကြုံများစွာဖြင့် စီမံချက်ပြုတ် ပြင်ဆင်ပေးတာဘဲ ဖြစ်ပါတယ်။ လိပ်စာက-No(53/58), Corner of Taw Win& Manaw Hari Road, Dagon Township, Yangon. Phone Number-  09 799 647738

 

Image may contain: people sitting and food

4. Cafe De Seoul 
Cafe De Seoul ကတော့ Italian အစားအစာတွေကို မျိုးစုံရရှိနိုင်တဲ့ ဆိုင်တစ်ခုလည်း ဖြစ်ပါတယ်။ မနက်စာမှသည်ညစာအထိချိုသောအရသာအမျိုးမျိုးရှိသောပီဇာ၊ အသားညှပ်ပေါင်မုန့်၊ အအေးစာများ၊ အသုပ်များ၊ သစ်သီးဖျော်ရည် အပြင် အခြားသော Menu များကိုလည်း ရနိုင်ပါသေးတယ်။ ဒါ့အပြင် ဒီဆိုင်လေးက မင်္ဂလာပွဲ၊ အစည်းအဝေးပွဲတွေနဲ့ ပါတီအတွက် ထူးခြားတဲ့ အပြင်အဆင်တွေကို ပြင်ဆင်ပေးပြီး လူအယောက် 700 ထိပြုလုပ်မဲ့ ပွဲတွေအတွက်ပါ ပြင်ဆင်ပေးပါသေးတယ်။ Star Cafe, cafe de seoul ဆိုတဲ့ နာမည်လေးနဲ့လည်း ဆိုင်ခွဲ တစ်ခုဖွင့်ထားပါသေးတယ်။ လိပ်စာကတော့ Golden City Condominium Yankin Rd Yankin Township နဲ့  44 Pyay road ,Yangon တို့မှာ ဖြစ်ပါတယ်။ ဖုန်းနံပါတ်တွေကတော့ - 09 971 993711နှင့် 09 952 170351 တို့ဖြစ်ပါတယ်။

 

Image may contain: people sitting, pizza and food

5. Parami Pizza 
Italian အစားအစာဖြစ်တဲ့ pizza နဲ့ pasta စားဖို့အတွက် ဆိုင်ကောင်းလေးတစ်ခုလဲ ဖြစ်ပါတယ်။ ဒီဆိုင်လေးရဲ့ signature menu လေးကတော့ wood-fired pizzas ဘဲ ဖြစ်ပါတယ်။ Full Bar လည်းရှိပြီး wifi အတွက်လည်း Free ပေးထားပါတယ်။ Outdoor ပွဲတွေအတွက်လည်း စီစဉ်ပေးပြီး Yangon Door 2 Door နေလည်း pizza မှာယူစားသုံးနိုင်ပါသေးတယ်။ လိပ်စာကတော့ - No. 11/C, Corner of Malikha Road and Parami Road 7th Quarter, Yangon. Phone Number-  09 261 767 616

အထက်ပါဆိုင်လေးတွေကတော့ Italian အစားအစာကြိုက်နှစ်သက်တဲ့သူတွေအတွက် ဆိုင်ကောင်းလေးတွေဘဲ ဖြစ်ပါတယ်။ 


Read 933 times.