Eating Tips

လူကြိုက်များသည့် အဝစားဘူဖေးHotpot ဆိုင် ၅ ဆိုင်

March 14, 2020

Hotpot ဆိုတဲ့အစားအစာဟာ နိုင်ငံတော်တော်များများမှာ လူကြိုက်များတဲ့ အစားအစာတစ်ခုဖြစ်လာခဲ့ပါတယ်။ လူကြိုက်များလာတဲ့ Hotpot ကို နေရာတော်တော်များများမှာ ဆိုင်ဖွင့်ထားတာကိုလည်း တွေ့မြင်ကြမှာပါ။ တစ်ခုချင်း ဈေးနှုန်းပေးဝယ်ရတဲ့ဆိုင်များ၊ ပွဲအလိုက်ရောင်းချတဲ့ဆိုင်တွေနဲ့ အဝစားဘူဖေးဆိုပြီး Hotpot ဆိုင်အမျိုးမျိုးရှိပါတယ်။ အဲ့ထဲကမှ လူကြိုက်များတဲ့ Hotpot အဝစားဘူဖေးဆိုင် ၅ ဆိုင်အကြောင်းကို ပြောပြပေးပါမယ်။

1. Hot Pot City Ahlone
=====================
Hot Pot City Ahlone ကတော့ ဆိုင်စဖွင့်ထဲက လူတော်တော်များများရဲ့ Good Review ကိုရထားတဲ့ ဆိုင်ဘဲ ဖြစ်ပါတယ်။ လတ်ဆတ်တဲ့ အသား၊ငါး၊ပင်လယ်စာ၊အသီးအရွက်အစုံအလင်အပြင် Appertizer တွေကလည်း လူကြိုက်များတဲ့ အစားအစာတွေကိုဘဲ အများဆုံးထားပေးထားတာဖြစ်ပါတယ်။ Juice ဆိုလဲ ရွေးချယ်စရာအများကြီးရှိတဲ့ အပြင် ဘီယာကိုလည်း ဘူဖေးစနစ်ထဲမှာ အသစ်ထည့်သွင်းပေးထားပါသေးတယ်။ အချိုပွဲတွေဆိုရင်လည်း လူကြီးအကြိုက်နဲ့ လူငယ်အကြိုက် အစားအစာတွေကို စီစဉ်ပေးထားပါတယ်။ ဝန်ထမ်းတွေပေးတဲ့ service ကလည်း ပြည့်စုံလှပါတယ်။ 

Image may contain: food

Hotpot City ကတော့ လူတယောက်ကို 14800+++ ဖြစ်ပြီး စားသုံးချိန်ကိုတော့ ၂ နာရီပေးထားပါတယ်။ Happy Hour Promotion တွေကလည်း လတိုင်းလိုလိုရှိပါသေးတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက် ၁၀ နာရီကနေ ည ၁ နာရီထိတောင် ဖွင့်တာဆိုတော့ ညလယ်ပိုင်းဗိုက်ဆာတတ်တဲ့ သူတွေသွားစားဖို့လည်း အဆင်ပြေပါတယ်။ 

လိပ်စာကတော့ - အမှတ် ၇၁(A)၊ သစ်တောလမ်းနဲ့မင်းရဲကျော်စွာလမ်းထောင့်၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။
Phone Number- 09 780 888866

2. Shwe Kaung Hot Pot & BBQ Buffet 
================================
ရွှေကောင်းဆိုင်ကတော့ ဆိုင်ခွဲအများအပြားရှိသည့်အထဲ ဆိုင်ခွဲ ၂ ဆိုင်မှာဘဲ ဘူဖေးစနစ်ရနိုင်တာဖြစ်ပါတယ်။ ကျန်တဲ့ ဆိုင်တွေကတော့ ကိုယ်မှာစားသလောက်ဘဲ ပေးရတဲ့ A La Charte စနစ်ဖြစ်ပါတယ်။ ရွှေကောင်းရဲ့ ဘူဖေးစနစ်မှာကတော့ Hotpot အပြင် BBQ ကိုပါအဝစားနိုင်တာဘဲ ဖြစ်ပါတယ်။ ရွှေကောင်းမှာလည်း အသား၊ငါး၊ပင်လယ်စာ၊ အသားလုံး၊ ကလီစာတွေအပြင် လတ်ဆတ်တဲ့ အသီးအနှံမျိုးစုံလည်းရနိုင်ပါသေးတယ်။ Appetizer ဟင်းပွဲတွေလည်း ထားပေးထားပြီး အချိုပွဲတွေကလည်း လူကြိုက်များတဲ့ အစားအစာတွေကို ထားပေးထားပါတယ်။ ဆူရှီကိုတော့ ထပ်တိုး menu အဖြစ် မကြာသေးခင်ကဘဲ အသစ်ထပ်ထည့်ပေးထားတာဆိုတော့ ဆူရှီကို တခြားတစ်နေရာ ထပ်သွားစားဖို့မလိုတော့ဘူးနော်။ 

Image may contain: food

တစ်ယောက်ချင်းဆီအတွက် 14850 ဖြစ်ပြီး စားသုံးချိန်ကတော့ ၂ နာရီပေးထားပါတယ်။ ဘူဖေးစနစ်မစားချင်တဲ့ သူတွေအတွက်လည်း Shopping Mall တော်တော်များများမှာ A La Charte စနစ်ဖြင့် ရောင်းချပေးတဲ့ ဆိုင်ခွဲတွေလည်းရှိပါသေးတယ်။ ရွေကောင်းရဲ့ ဘူဖေးစနစ်ရနိုင်မဲ့ဆိုင်လိပ်စာတွေကတော့ -

-People's Park Brunch (Phone Number- 09420805895)
-Moe Kaung, Yankin Branch (Phone Number- 09 783 715 820, 09 797 779 249)

3.Hot Pot King hot pot & bbq restaurant
====================================
Hotpot King ရဲ့ မကြာသေးခင်ကမှ ဖွင့်လိုက်တဲ့ Time City Branch ကဆိုင်ဆိုရင် ပထမဆုံးဆိုင်စဖွင့်ဖွင့်ချင်း မှာတင် ဆိုင်မှာစားရဖို့အတွက် တန်းစီပြီးတောင် စောင့်ရတဲ့အထိ လူကြိုက်များပါတယ်။ ပထမဆုံးဆိုင်ကတော့ တောင်ဥက္ကလာမှာဖွင့်ခဲ့တာဖြစ်ပြီး နောက်ထပ်ဆိုင်ခွဲကတော့ Times City မှာဖွင့်ခဲ့တာဘဲ ဖြစ်ပါတယ်။ ဒီဆိုင်မှာကတော့ Hotpot ရော BBQ ရောအတွက် ဘူဖေးစနစ်ဖြစ်ပြီး ပင်လယ်စာအထူးလတ်ဆတ်တဲ့ ဆိုင်လဲဖြစ်ပါတယ်။ Appertizer အရမ်းမများပေမဲ့ Hot Pot ဟင်းရည်နဲ့ လတ်ဆတ်တဲ့ ပင်လယ်စာတွေနဲ့ အသားတွေကြောင့် လူကြိုက်များတဲ့ ဆိုင်လည်း ဖြစ်ပါတယ်။ တစ်ယောက်ကို16800 ကျသင့်ပြီး အချိန်အကန့်အသတ်မရှိ သုံးဆောင်နိုင်မှာဘဲ ဖြစ်ပါတယ်။ ဆိုင်လိပ်စာလေးတွေကတော့- 

Image may contain: food and indoor

၂၆/၂၇ သစ္စာလမ်း, တောင်ဥက္ကလာပမြို့နယ်
Phone Number- 09 777777008/ 09 777777009
  ၈၀၂/၈၀၃ ကျွန်းတောလမ်း ၊ Times Mall, Times city ကမာရွတ်မြို့နယ်
Phone Number-  09 777777883 / 09 966767888/ 09 966767999 

4. Thai Pot 

Thai Pot ဆိုင်ကတော့ ၇ နှစ်တိုင်လူကြိုက်များတဲ့ ဆိုင်အဖြစ်ရပ်တည်လာတဲ့ ဆိုင်တစ်ဆိုင်ဘဲ ဖြစ်ပါတယ်။ အခုဆိုရင်တော့ အဝစားဘူဖေးစနစ်အတွက် ပင်လယ်စာတွေကိုပါ အသစ်ထပ်တိုးပေးထားတာဘဲ ဖြစ်ပါတယ်။ Hotpotရော အကင်ရော တစ်ပြိုင်ထဲ စားသုံးနိုင်မှာဖြစ်ပြီး အကင်အတွက် အသားတွေကလည်း နှပ်ထားတာဆိုတော့ ကင်စားရင်လုံးဝကို အနံ့အရသာနဲ့ ပြည့်စုံစေပါတယ်။တစ်ယောက်ကို 11900++ကျသင့်တာဖြစ်ပြီး အချိန်ကလည်း အကန့်အသတ်မရှိသုံးဆောင်နိုင်မှာဘဲ ဖြစ်ပါတယ်။

ဆိုင်လိပ်စာလေးတွေကတော့- 
အရှေ့မြင်းပြိုင်ကွင်းလမ်း၊ တာမွေမြို့နယ်။
Phone Number- 09260523688
သံလမ်းနှင့်ဘာတာကြား၊အင်းစိန်လမ်းမ၊လှိုင်မြို့နယ်။
Phone Number- 09 500 7997

5.Grill & Chill
============
ဒီဆိုင်လေးကတော့ ပင်လယ်စာကြိုက်တတ်တဲ့ သူတွေကြား ရေပန်းစားတဲ့ ဆိုင်လေးဘဲ ဖြစ်ပါတယ်။ အခြားပင်လယ်စာသီးသန့်ရောင်းတဲ့ ဆိုင်တွေမှာ ရောင်းချပေးတဲ့ ဟင်းပွဲတွေကို HotPot ဘူဖေးစနစ်ရဲ့ Appetizer ဟင်းပွဲအနေနဲ့ ထည့်ပေးထားတာဘဲ ဖြစ်ပါတယ်။ Hotpot ကို အဝစားနိုင်မှာအပြင် ပင်လယ်စာဟင်းပွဲတွေကိုလည်း တစ်နေရာထဲမှာ အဝစားနိုင်မဲ့ ဆိုင်လည်းဖြစ်ပါတယ်။ ဒါ့အပြင် အခြား Appetizer ဟင်းပွဲတွေလည်း ရှိသေးတာဆိုတော့ တော်တော်လေးကို တန်တယ်လို့ပြောလို့ရတဲ့ ဆိုင်လေးပါ။ တယောက်ကို 11800+++ဖြစ်ပြီးအချိန်ကတော့ အကန့်အသတ်မရှိပါဘူး။ 

Image may contain: people sitting and food

ဆိုင်ဖွင့်ချိန်ကတော့ မနက် ၁၁ နာရီကနေ ည ၁၁ နာရီအထိဖွင့်တာ ဖြစ်ပါတယ်။ ဆိုင်လိပ်စာကတော့-  အမှတ် ၂/၂၅ သုမင်္ဂလာလမ်း အိမ်ယာ၊ လေးထောင့်ကန်လမ်း၊ သင်္ကန်းကျွန်းမြို့နယ် (ကပ်ချီးယားမှတ်တိုင်အနီး)
Phone Number- 09 953 304555

လူကြိုက်များ တဲ့ အဝစား ဘူဖေးဆိုင်လေးတွေအကြောင်းကို အသေးစိတ်ပြောပြပေးထားတယ်ဆိုတော့ မိမိကြိုက်နှစ်သက်ရာ ဘူဖေးဆိုင်လေးကို ရွေးချယ်ပြီး သွားနိုင်ပါပြီနော်။
 


Read 1288 times.