Eating Tips

အီတလီ Homemade ဟင်းလျာ မျိုးစုံ ရနိုင်တဲ့ Casa Mia Italian Kitchen and Bar

August 25, 2020

အီတလီအစားအသောက်ကောင်းကောင်းကြိုက်တတ်သူတွေအတွက်ကော၊ Authentic Italian အစားအသောက်တွေကို မြည်းစမ်းကြည့်ချင်သူတွေအတွက်ပါ ရန်ကုန်မြို့ Sule Square မြေညီထပ်မှာ ရှိတဲ့  Casa Mia Italian Kitchen and Bar နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ 

သူ့ရဲ့နာမည်က My Home လို့ အဓိပ္ပာယ်ရပြီး တကယ်လည်း အီတလီ Homemade ဟင်းလျာ၊ အချိုပွဲ စသဖြင့် အမျိုးမျိုး ရနိုင်ပါတယ်။

My Home ရဲ့ အဓိပ္ပာယ်အတိုင်း သူ့ဆိုင်ရဲ့အပြင်အဆင်က အိမ်လိုမျိုး နွေးထွေးမှုကို ရစေပြီး Happy Hour အစီအစဉ်အမျိုးမျိုးလည်း မရိုးရအောင် ရှိတတ်တာမို့ အလုပ်ပြီး ညနေဘက်တွေမှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ပဲသွားသွား၊ ကိုယ့်မိသားစု၊ မိတ်ဆွေ၊ ချစ်သူခင်သူတွေနဲ့ပဲသွားသွား အဆင်ပြေပါတယ်။ လူလေး၊ ငါးယောက်ဆံ့တဲ့ Private Room တစ်ခုလည်း ရှိတာကြောင့် Business Launch/Dinner တွေအတွက်လည်း စဉ်းစားနိုင်ပါတယ်။

ရနိုင်တဲ့ Menu တွေကတော့...

မနက်စာ၊ နေ့လယ်စာ၊ ညစာသုံးမျိုးလုံး ရနိုင်ပြီး အီတလီ Homemade အမျိုးမျိုးလည်း ရနိုင်တဲ့ ဒီဆိုင်မှာ ပါစတာတစ်မျိုး ၊ ဟင်းလျာတစ်မျိုး ၊ Salad တစ်မျိုး နဲ့ အချိုပွဲတို့ ပါဝင်တဲ့ Lunch Box ကိုလည်း Weekday တွေမှာ နေ့လယ် ၁၂ နာရီကနေ ၂ နာရီခွဲအထိ ရနိုင်ပါတယ်။ ကိုယ် ကြိုက်နှစ်သက်ရာ တွဲဖက်သုံးဆောင်မယ့် ယမကာပေါ်  မူတည်ပြီး ဈေးနှုန်းကတော့ ၁၂,၀၀၀၊ ၁၃,၀၀ဝ ကနေ ရှိပါတယ်။

ပင်လယ်စာဂုံးနဲ့ချက်တဲ့ Spaghetti Alle Vongole ၊ Homemade Lasagna နဲ့ Pizza Carbonara တွေကလည်း လူကြိုက်များပါတယ်။ ပြီးတော့ Beef T-Bone အကင်ကို  အသီးအရွက်ကင်တွေနဲ့ တွဲဖက်တည်ခင်းတဲ့ Costata Di Manzo Alla Fiorentina လည်း ရနိုင်ပါတယ်။

အချိုပွဲအနေနဲ့ကတော့ အီတလီရိုးရာအချိုပွဲ Tiramisu tradizionale နဲ့ Gelato Tartufo ကတော့ အရသာလည်းရှိ လူကြိုက်လည်း များတယ်လို့ သိရပါတယ်။

No description available.

ရနိုင်တဲ့ယမကာတွေကတော့

အီတလီထုတ်သက်တမ်းအရင့်ဆုံး ဝိုင်အပါအဝင် အီတလီဝိုင် အမျိုးမျိုး ၊ ပြင်သစ်ဝိုင်တွေ၊ ရှန်ပိန်တွေနဲ့ အဖျော်ယမကာအမျိုးမျိုး၊ ဘီယာ၊ သစ်သီးဖျော်ရည် စတာတွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဝိုင်နဲ့ ယမကာတွေအတွက် ဈေးနှုန်းတွေကတော့ ၂၈,၀၀ဝ ကျပ် ဝန်းကျင်ကနေ စတင်ပါတယ်။ Cocktails နဲ့ Juice တွေကတော့ ခုနစ်ထောင်ကျပ်ဝန်းကျင်ကနေ စတင်ပါတယ်။ ကော်ဖီနဲ့လက်ဖက်ရည်တွေလည်း ရနိုင်ပြီး ၃,၅၀ဝ ကျပ် ဝန်းကျင်ကနေ စတင်ပါတယ်။

No description available.

ဆိုင်ဖွင့်ချိန်
မနက် ၁၁ နာရီကနေ ည ၁၁ နာရီအထိ ဖွင့်ပါတယ်။

Sule Square #01-14,221 Sule Pagoda Road Yangon.
Phone 09964 348881

Casa Mia Italian Kitchen and Bar


Read 447 times.