Eating Tips

ပင်လယ်စာ နဲ့ တရုတ်စာ ကောင်းကောင်းစားချင်သူများအတွက် Golden Crab House မှ Home Delivery Service စတင်

July 6, 2020

ပင်လယ်စာနှင့် တရုတ်အစားအစာ ကောင်းကောင်းစားချင်သူများအတွက် Golden Crab House Restaurant  ဆိုင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ 

Golden Crab House Restaurant ဆိုင်မှ အစားအသောက် ပုံစံတွေနဲ့ အရသာတွေကို ထူးခြားဆန်းသစ်အောင်ပြုလုပ်ထားပြီး ပင်လယ်အစားစာကို စုံစုံလင်လင်ရရှိနိုင်ပြီး အရသာမှာလည်း ကောင်းမွန်တယ်လို့ ပြောလို့ရပါတယ်။ ပုဇွန်၊ ဂဏန်း ၊ ကင်းမွန် စတဲ့ ပင်လယ်အစားအစုံ အကြော် ၊ အပြုတ် ၊ အစိမ်းတွေကို အီတဲ့အရသာမခံစားရဘဲ စိတ်ကြိုက် စားသုံးနိုင်တာက ထူးခြားချက်ပါပဲ။

ရန်ကုန်မြို့ကြီးထဲမှာနေရင် ပင်လယ်ကမ်းခြေမှာ စားသောက်နေသလိုမျိုး ခံစားချက်ပေးနိုင်တာ ဒီဆိုင်လေးရဲ့ အားသာချက်လို့ ပြောရင်လည်း မမှားနိုင်ပါဘူး။ Golden Crab House Restaurant ကို အခုဆိုရင်တော့ 

ကျန်းမာရေးဝန်ကြီးဌာနရဲ့ စည်းကမ်းချက်တွေနဲ့ ပြန်လည်ဖွင့်လှစ်ထားပြီးဆိုတော့ Dine In အနေနဲ့ စားသောက်ချင်လိုသူများအတွက် ပုံမှန်ဆိုင်ဖွင့်ချိန် မနက် ၉ နာရီ မှ ညနာရီ ၉း၃၀ နာရီအတွင်း သွားရောက် စားသုံးနိုင်ပါတယ်။

ဒါမှမဟုတ် ခေတ်ကာလ အခြေနေတွေကြောင့် အိမ်အပြင်ထွက်ဖို့ စိုးရိမ်နေတယ်ဆိုရင်လဲ သင့်အတွက် Home Delivery Service လည်းရှိသေးတယ်နော်..။ စတင်လိုက်တဲ့  Home Delivery Service မှာ ထူးခြားတဲ့အစီစဉ်လေး တစ်ခုက ကျပ်(၃၀၀၀၀) နှင့်အထက်မှာယူမယ်ဆိုရင် Delivery Free ဆိုတော့....ကဲဘာလိုသေးလဲ...။ 


ဒါ့အပြင် Online ကနေ မှာယူချင်းတယ်ဆိုရင်တော့ >>>> Golden Crab House Restaurant <<< ကို နှိပ်ပြီး ဝင်ရောက် မှာယူနိုင် သေးတယ်နော်...။

ပုံကို ထိပါ

ကဲ အောက်က Menu လေးကို ကြည့်ပြီး ဖုန်းဆက်ပြီးဘဲ ဖြစ်ဖြစ် ၊ Online ကနေဘဲ ဖြစ်ဖြစ် မှာယူလို့ ရနေပြီးနော်....။ 
Golden Crab House Restaurant စားသောက်ဆိုင်မှာ ရရှိနိုင်မယ့် အစားအသောက်တွေကတော့

Golden Crab House Restaurant ဆိုင်မှ  မြို့နယ်အလိုက် Delivery Service နှုန်းထားတွေကတော့ 

မရမ်းကုန်း၊ အင်းစိန်၊ လှိုင်၊ ကမာရွတ် မြို့နယ်များ - ၃၀၀၀ ကျပ်
မင်္ဂလာဒုံ(လေဆိပ်နား)၊ ရန်ကင်း၊ ဗဟန်းမြို့နယ်များ - ၅၀၀၀ ကျပ်
မင်္ဂလာဒုံ(ပုလဲမြို့သစ်)၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ စမ်းချောင်းမြို့နယ်များ - ၆၀၀၀ ကျပ်
သင်္ဃန်းကျွန်း၊ သုဝဏ္ဏ၊ သာကေတ၊ တာမွေ၊ မင်္ဂလာတောင်ညွှန့် မြို့နယ်များ - ၈၀၀၀ ကျပ်
လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ဗိုလ်တထောင်၊ ကြည့်မြင်တိုင် မြို့နယ်များ - ၁၀၀၀၀ ကျပ် 

ကဲ အော်ဒါမှာယူချင်ရင်တော့ ဟင်းပွဲတွေကို ကြိုတင်မှာယူမှ ဖြစ်မယ်နော်.။ အခုလို မိုးရာသီမှာ အပြင်မထွက်ချင်တဲ့ Foodies လေးတွေအတွက် ဖုန်းလေးတစ်ချက်ဆက်ရုံနဲ့ sea food စုံစုံလင်လင် ရနိုင်မယ့် Golden Crab House Restaurant ကိုသာဆက်သွယ်မှာယူလိုက်ပါလို့ ထပ်မံ သတင်းကောင်းပေးလိုက်ပါတယ်။

Opening Time
9:00AM - 2:30 PM
4:00PM - 9:30 PM

Adress: 
No.170-4/113, Anada Thuriya Road,Saw Bwa Gyigone Block, Insein Township, Yangon.


Phone

095004632 ၊ 0973152892 ၊ 09952875198 ။


Read 1615 times.
1 Review

Reviews

Aung Win | July 2020
Good

Thank for guide

Did you find this review helpful?

0