Eating Tips

မြန်မာ တရုတ် ဥရောပ အစားအစာမျိုးစုံ ရနိုင်တဲ့ Foo-D Drinks & Eatery

June 24, 2020

ဒီကနေ့မှာတော့ အရသာရှိလှတဲ့ မြန်မာ၊ တရုတ်၊ ဥရောပအစားအစာတွေကို ဈေးနှုန်း သက်သက်သာသာနဲ့ရောင်းချပေးနေတဲ့ Foo-D Drinks & Eatery လို့ အမည်ရတဲ့ဆိုင်ကို လမ်းညွှန်ပေးလိုက်ပါတယ်။
ယင်းဆိုင်ကို ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ အရှေ့ကုန်းလမ်းတွင် ဖွင့်လှစ်ထားပါတယ်။

ဆိုင်ရဲ့ အပြင်အဆင်က သပ်ရပ်လှပတဲ့ အပြင် အအေးခန်းဆိုင်လေးဖြစ်လို့ မိသားစုတွေနဲ့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ်၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ဖြစ်ဖြစ် အေးအေးဆေးဆေးတွေ့ဆုံ 
စားသောက်နိုင်မယ့် ဆိုင်ကောင်းလေး တစ်ဆိုင်ဖြစ်ပါတယ်။

ဆိုင်တွင် စားသုံးသူတွေ အကြိုက်တွေ့ပြီး အရောင်းရဆုံးအစားအစာကတော့ အသားစုံ ပေါက်စီ ပဲဖြစ်ပါတယ်။ ပေါက်စီကို ကြက်၊ ဝက်၊ ပြည်ကြီးငါး၊ ပုစွန်စတဲ့ အသားတွေကို ကြက်ဥနဲ့ရောပြီး 
အချိုပေါင်းထားခြင်းဖြစ်ပါတယ်။ အသားစုံပေါက်စီကို ပွဲကြီး၊ ပွဲသေး နှစ်မျိုးရရှိနိုင်ပါတယ်။

မြန်မာအစားအစာတွေအနေနဲ့ကတော့ ထမင်းကြော်၊ ထမင်းဆီဆမ်း၊ နန်းကြီးသုပ်၊ နန်းပြားသုပ်နဲ့ မြန်မာဟင်းမျိုးစုံကို မှာယူသုံးဆောင်နိုင်ပါတယ်။

၎င်းအပြင် ကြက်ဥအသားလိပ်၊ ကုန်းဘောင်ကြီးကြော်၊ ချိုချဉ်ကြော်၊ ချိစ်အသားချောင်းလိပ်၊ ဟမ်ဘာဂါကြော်၊ ဟော့ဒေါ့၊ ပေါင်မုန့်လေးထပ်ကင်၊ ပန်ကိတ်၊ နာနတ်ပေါင်း၊ ပျားရည်ငှက်ပျောကြော် စတဲ့ တရုတ်နဲ့ ဥရောပ 
အစားအစာတွေကိုလည်း ရရှိနိုင်ပါတယ်။

ဈေးနှုန်းတွေကလည်း လူတန်းစားမရွေး ဝယ်ယူစားသုံးနိုင်မယ့် အနည်းဆုံး ၈၀၀ ကျပ်မှ ၈၅၀၀ ကျပ်အထိပဲ ရှိလို့ သွားရောက်စားသုံးဖို့အတွက် လမ်းညွှန်ပေးခြင်းဖြစ်ပါတယ်။

ဆိုင်ကို နံနက် ၁၀ နာရီမှ ည ၁၀ နာရီအထိ ဖွင့်လှစ်ထားပါတယ်။

လိပ်စာကတော့ အမှတ် (၁၈) ၊ အရှေ့ကုန်းလမ်း ၊ စမ်းချောင်းမြို့နယ်။

ဖုန်းနံပါတ်ကတော့ - ၀၉-၄၄၁၅၄၄၆၄၄၊ ၀၉-၉၆၉၇၀၈၁၁၉

 


Read 578 times.