Eating Tips

စိတ်ကြည်နူးလန်းဆန်းစေမယ့် Flower Tea နဲ့အတူ Crepe Cake အရောင်စုံတွေ ရှိတဲ့ Cafe ဆိုင်လေး

August 11, 2020

ချစ်တို့ရေ ရုံးမှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် နေ့ခင်းနေ့လယ် Tea Time အချိန်လေးကို ဘယ်လိုနေရာလေးမှာ ကုန်ဆုံးမလဲ..။ 

စဉ်းစားရခက်နေရင်တော့ Aura Patisserie Cafe ဆိုင်လေးကို ညွှန်းပေးချင်ပါတယ်။

ဒီဆိုင်လေးရဲ့ထူးခြားချက်က 
Flower Tea လေးသောက်၊ Crepe Cake အရသာစုံ၊ အရောင်စုံမှာပြီး ဓာတ်ပုံလှလှလေးတွေလည်း ရိုက်လို့ရမယ့် ဆိုင်လေးပါနော်။

Flower Tea Pot တဲ့...ကဗျာဆန်လိုက်တာ...
Aura ရောက်ရင် Crepe Cake လေးနဲ့ တွဲဖက်စားဖို့ အလိုက်ဖက်ဆုံး 

Flower Tea Pot လေးတွေ ရှိတာ မသိသေးဘူးမလား?
အသီးအပွင့်ပန်းပေါင်းစုံနဲ့ မျက်စိအားကောင်းစေတဲ့ အောင်မဲညိုတို့လို ခန္ဓာကိုယ်အတွက် စိတ်ရော၊ကိုယ်ရော
အရမ်းကြည်နူး လန်းဆန်းစေမယ့် Flower Tea Pot စစ်စစ်လေးတွေကို Aura မှာပဲ သောက်သုံးနိုင်မှာနော်...

Crepe Cake တွေဆိုလည်း သူ့ရဲ့ အရသာက အေးအေးဆိမ့်ဆိမ့် နို့ခရင်မ်အရသာရှိပါတယ်။ နောက်ပြီး အရသာစုံ၊ အရောင်စုံ ရနိုင်တော့ အဆင်ပြေပီပေါ့။ 

 

ခုဆိုရင် မိုးမကုန်ခင်အထိကို Crepe Cake  ၃စိတ် ဝယ်ရင်  Vanilla တစ်စိတ် လက်ဆောင်ထည့်ပေးနေပါပီ။ နောက်ပြီး Wifi Free လည်း ပေးထားတော့ ဘာလိုသေးလဲ ချစ်တို့ရေ...။

ကဲ ဒါဆိုရင်တော့ ချစ်တို့လည်း အချိန်ကုန်မခံဘဲ Crepe Cake အရောင်စုံနဲ့အတူ Flower Tea လေးပါ တွဲဖက်စားနိုင်မယ့် Aura ဆိုင်လေးကို အမြန်လေးသာ ဒိုးလိုက်ကြတော့နော်..။ 

လိပ်စာကတော့ အမှတ် (၁၁/C) ကျောက်ကုန်းလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။
၉မိုင် တော်ဝင်လမ်းထဲက Toyota Station ထဲမှာ ရှိတယ်နော်...

Aura Patisserie Cafe 


Read 457 times.