Eating Tips

ဈေးနှုန်းသက်သာပြီး ဂျပန်အစားအစာကြိုက်နှစ်သက်သူများအတွက် Family Sushi

November 18, 2019

နိုင်ငံတကာတွင် ဂျပန်အစားအစာကို ကြိုက်နှစ်သက်သကဲ့သို့ ပြည်တွင်းတွင်လည်း စားသုံးသူများပြားလာသဖြင့်
 
 
ဂျပန်အစားအစာများကို ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးရန်အတွက် Family Sushi ဆိုင်ကို လမ်းညွှန်ပေးလိုက်ပါတယ်။
 
 
ယင်းဆိုင်ကတော့ ဦးချစ်မောင်လမ်း၊ ဦးချစ်မောင်အိမ်ရာ တွင် ဖွင့်လှစ်ထားပါတယ်။ ဂျပန်နိုင်ငံမှ ဆိုင်များသဖွယ် ပြင်ဆင်ထားပြီး ဧည့်ခံပွဲ၊ မွေးနေ့ပွဲ၊ ကုမ္ပဏီနှစ်ပတ်လည်ပွဲများကိုလည်း ကျင်းပနိုင်ပါတယ်။
 
 
ဆိုင်ရှိ စားဖိုမှူးများမှာလည်း ဂျပန်အစားအစာ ချက်ပြုတ်ရာတွင် ကျွမ်းကျင်ဝါကင့်စားဖိုမှူးများ ဖြစ်ခြင်းကြောင့် လာရောက်စားသုံးကြသော Customer များအနေဖြင့် ဂျပန်နိုင်ငံတွင် ရောက်ရှိ သုံးဆောင်နေသကဲ့သို့ ဂျပန်အရသာစစ်စစ်ကို စားသုံးနိုင်မှာဖြစ်ပါတယ်။
 
 
ဆိုင်တွင် ဂျပန်အစားအစာများအနေဖြင့် Sushi အမျိုးအစားများဖြစ်သော Salmon Nigiri, Kani Gunkan, Tamago Nigiri, Ebi Nigiri, Salmon Maki တို့ အပါအဝင် Geso Karage, Gyuusuji Nikomi စသည်တို့ကိုလည်း မှာယူသုံးဆောင်နိုင်ပါတယ်။
 
 
ဈေးနူန်းလည်း အရမ်းသင့်ပြီး စားလို့ကောင်းတဲ့ Sushi ပွဲသေးလေးတွေဆိုရင် Salmon Nigiri - 2000 ကျပ်, Kani Gunkan - 1000 ကျပ်, Tamago Nigiri - 1000 ကျပ်, Ebi Nigiri - 2000 ကျပ်, Salmon Maki - 2000 ကျပ် နှင့် Geso Karage - 2500 ကျပ် / Gyuusuji
 
Nikomi - 3000 ကျပ် လေး ဖြစ်ပြီး စားလို့ ကောင်းကြောင်း သိရပါတယ်။
 
 
ဆိုင်ကို နေ့စဉ် နံနက် ၁၁ နာရီမှ ည ၁၀ နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ရောင်းချပေးလျှက်ရှိပါတယ်။
 
 
လိပ်စာကတော့ တိုက် (A-27), အခန်းအမှတ် (၁၀၄)၊ ဦးချစ်မောင်အိမ်ယာ၊ ဦးချစ်မောင်လမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။ 09-73119456, 09 507 7223


Read 480 times.