Easy Recipes

ကိုရီးယား Drama တွေကြည့်တိုင်း သွားရည်ယိုခဲ့ရတဲ့ Rabokkiကို ဘယ်လို လုပ်စားမလဲ။

January 25, 2021

Rabokkiဆိုတာကတော့ Ramenနဲ့ Teokbokki နှစ်မျိုးပေါင်းထားတဲ့ ကိုရီးယား အစားအစာ တစ်ခုပဲ ဖြစ်ပါတယ်။ ကိုရီးယား ဇာတ်လမ်းတွဲတွေနဲ့ ရင်းနှီးတဲ့ သူဆိုရင် Rabokki နဲ့ မစိမ်းဘူးဆိုတာ အသေအချာပါပဲ။ KDrama တွေကြည့်တိုင်း Rabokkiတွေ စားတာတွေ့ရင် ရှယ်သွားရည် ယိုခဲ့ရတဲ့ ကိုယ်တွေလို အစားသရဲတွေအတွက် Rabokkiကို အိမ်မှာပဲ လွယ်လွယ်ကူကူ လုပ်စားလို့ရပြီဆိုတော့ မိုက်ပြီလေ။ အဲ့အတွက် လွယ်လွယ်ကူကူ လုပ်စားနိုင်မယ့် Rabokki လုပ်နည်းလေးကို မျှဝေလိုက်ပါတယ်။

လိုအပ်တဲ့ ပစ္စည်းတွေကတော့

  • အသင့်စား Ramen တစ်ထုပ်
  • အသင့်စား Teokbokki တစ်ထုပ်
  • ကိုရီးယား Fish Cake (၂)ပြား
  • ‌‌ဂေါ်ဖီထုပ် အနည်းငယ်
  • ကိုရီးယား ‌ရေညှိ အနည်းငယ်
  • CP ကြက်အူချောင်း
  • ကြက်ဥပြုတ် (၁)လုံး

အရင်ဆုံး Teokbokki အထုပ်ထဲမှာ ပါတဲ့ ဆန်ချောင်းတွေကို အိုးထဲမှာ ရေ (၆၀၀)မီလီ ဖန်ခွက် (၃)ခွက်ခန့်လောက် ထည့်ပြီး ပြုတ်ပါ။ဆန်ချောင်းလေးကို မတင်းမပျော့ အနေထားလောက် ရောက်တဲ့အထိ ပြုတ်ပေးပါ။ မီးမပြင်းဖို့ သတိပြုရပါမယ်။ဆန်ချောင်းလေးတွေ အဆင်ပြေပြီဆိုရင် အိုးထဲကနေဖယ်ပြီး Ramen ကို ပုံမှန်အတိုင်းပဲ ပြုတ်ပေးပါ။


Ramen  ထုပ်ထဲမှာပါတဲ့ အရသာမှုန့်တွေ အနှစ်တွေနဲ့ teokbokki အနှစ်တွေကို ဖောက်ထည့်ပြီး ရေနည်းနည်းခမ်းအောင် တည်ပေးပါ။ အိုးထဲမှာ ရေအနေတော်လောက်  ရပြီဆိုရင် စောစောက ဆန်ချောင်းလေးတွေနဲ့ ကြက်အူချောင်း၊ အသီးအရွက်၊ Fish Cake စတာတွေ ကို အိုးထဲထည့်ပြီး မီးမျှင်းမျှင်းနဲ့ အနည်းငယ်မွှေပေးပါ။


အချိန် (၃)မိနစ်လောက်ကြာရင် အိုးထဲကနေ ဆယ်ပြီး ပန်းကန်ထဲ ထည့်ပါ။ ပြီးပြီဆိုရင် ရေညှိလေးတွေကို အပေါ်ကနေ ဖြူးပြီး ကြက်ဥပြုတ်လေးကို (၂)ခြမ်းခွဲပြီးထည့်ပါ။တကယ်လို့ ကြိုက်တတ်တယ်ဆိုရင် Cheeder Cheese တစ်ပြားလောက် ထည့်မွှေပြီး စားရင်လည်း အရသာက မိုက်နေဦးမှာပါ။
အဲ့တော့ KDrama ကြည့်ရင်း စားမယ်ဆိုလည်း လုပ်ရလွယ်ကူတာမို့ သွားရည်ကျနေရမယ့် ကိစ္စတွေ ထပ်ရှိလာတော့မှာ မဟုတ်ပါဘူး။ ဘယ်လိုလေးတွေ လုပ်စားရင် ပိုကောင်းမလဲ ဆိုတာလည်း အကြံပေးသွားကြပါဦးနော်။


Read 901 times.