Eating Tips

လူကြီး၊ လူငယ် အားလုံးအတွက် Color Stone ...

December 7, 2019

မိသားစုနဲ့အေးအေးဆေးဆေး စားသောက်ချင်လို့ဘဲဖြစ်စေ ၊ လူကြီးလူကောင်းဆန်ဆန် စားသောက်ချင်လို့ဘဲဖြစ်စေ ၊ လူငယ်ပီပီ ဘားထိုင်ပြီး ငြိမ့်ချင်လို့ဘဲဖြစ်စေ တစ်နေရာတည်းမှာ စုံလင်တဲ့ အခင်းအကျင်း စုံလင်တဲ့ အစားအသောက်တွေ နဲ့ လူကြီးလူငယ်မရွေး အဆင်ပြေပြေသုံးဆောင်နိုင်တဲ့ စားသောက်ဆိုင်မျိုးကို ရှာဖွေနေတဲ့သူဆိုရင် ဒီ post ကို ဖတ်လိုက်တာနဲ့
သင့်ဆန္ဒတွေပြည့်ပြီလို့သာ မှတ်လိုက်ပါ ။ အဆုံးထိတော့ဖတ်ဖို့တော့လိုတယ်နော် ။


ဆိုင်နာမည် က "Color Stone" နာမည် နဲ့လိုက်အောင် အရောင်အသွေးစုံလင်တဲ့ ဟင်းလျာနဲ့အပြင်အဆင်တွေကို တစ်နေရာတည်းမှာ ခံစားသွားရစေမှာပါ ။


ဆိုင်ရဲ့သမိုင်းကြောင်းနဲ့ အရင်ဆုံးစလိုက်ရအောင်...........


၁၉၉၈ လောက်မှာစတင်ဖွင့်လှစ်ခဲ့တယ် ။ ဖွင့်စကတော့ ဘန်ဂရို ပုံစံ လုံးခြင်းလေးတွေဖြစ်ပြီး စင်တင် တေးဂီတ အဖွဲ့ပါ ပါရှိခဲ့ပါတယ် ။ဆိုင်ရဲ့ အစားအစားတွေကတော့ တရုတ် နှင့် အာရှ အစားအစာ တွေပါ ။


ဒီလိုနဲ့ ၂၀၁၁ခုနှစ်  ၆ လပိုင်းမှာ အပြောင်းအလဲလုပ်ခဲ့ပါတယ် ။ အဆောက်အဦးကို ၂ ထပ်ဆောက်လိုက်တယ် ၊ စင်တင်တေးဂီတဝိုင်းကို ဖြုတ်လိုက်တယ်၊


မိသားစုစားသောက်ဆိုင်ပုံစံလေးပြောင်းလိုက်တယ် ။ ထိုင်း အစားအစာ ရယ် ဂျပန်အစားအစာရယ် ထပ်တိုးလိုက်ပါတယ် Unplugged တီးဝိုင်းလေး ထည့်လိုက်တယ် ။


၂၀၁၈ခုနှစ် မှာ ဧည့်သည်တွေ အရမ်းများလာတဲ့အတွက် ဧည့်သည်တွေ အတွက် ပိုပြီး ကျယ်ကျယ်ဝန်းဝန်း သုံးဆောင်နိုင်စေရန် unplugged တီးဝိုင်းကိုခေတ္တပိတ်ထားခဲ့ပြီး နေရာထိုင်ခင်းအတွက် ဦးစားပေး ပြင်ဆင်ခဲ့ပါတယ်။


၂၀၁၉ မှာ အနောက်တိုင်း အစားအစာ ထပ်တိုးခဲ့ပါတယ် ။ နှစ်ထပ် အဆောက်အဦး အဖြစ် တိုးချဲ့ဆောက်နေပြီး အပေါ်ထပ်ကို ဘာဘီကျူး (BBQ) ဆိုင်ဖွင့်ဖို့ရည်ရွယ်ထားပါတယ် ။ Roof top bar ပုံစံမျိုးဖြစ်ပြီး Unplugged ပါရှိပါမယ် ။


ဘာတွေရလဲ
=========

၁ ။ "Appetizer" (အဆာပြေအစားအစာ)

ဈေးနှုန်း - ၃၀၀၀ မှ ၁၅၀၀၀ကျပ် အထိ ။


၂ ။ "Salad" (အသုပ်)

ဈေးနှုန်း - ၃၈၀၀ မှ ၇၅၀၀ ကျပ် အထိ ။


၃ ။ "Vegetables" (အသီးအရွက်)

ဈေးနှုန်း - ၃၅၀၀ မှ ၇၅၀၀ ကျပ် အထိ။


၄ ။" Main Dish" (အဓိကဟင်းလျာ)

ဈေးနှုန်း - ၆၀၀၀ မှ ၁၅၆၀၀ ကျပ် အထိ။


၅ ။ "Soup" (ဟင်းရည်)

ဈေးနှုန်း - ၇၀၀၀ မှ ၁၁၀၀၀ ကျပ် အထိ။


၆ ။" One Portion" (တစ်ယောက်စာ)

ဈေးနှုန်း - ၃၅၀၀ မှ ၄၈၀၀ ကျပ် အထိ။


"Liquor & Spirits" (အဖျော်ယမကာ )
=================================

၁ ။ Whiskey (ဝီစကီ )

ဈေးနှုန်း (၁) ပက်ကို    (၂၀၀၀ မှ ၃၀၀၀ ကျပ် အထိ)


၂ ။ Rum (ရမ်)

ဈေးနှုန်း (၁) ပက်ကို    ၁၇၀၀ ကျပ်


၃ ။ Gin (ဂျင်)       

ဈေးနှုန်း (၁) ပက်ကို    ၂၀၀၀ ကျပ်

၄ ။ Vodka (ဗော်ကာ)    

ဈေးနှုန်း (၁) ပက်ကို    ၂၀၀၀ ကျပ်


၅ ။ Teqila

ဈေးနှုန်း    (၁)ပက်ကို    ၂၅၀၀ ကျပ်


၆ ။ Bourbon

ဈေးနှုန်း (၁) ပက်ကို    ၂၀၀၀ ကျပ်


၇။ Digestif

ဈေးနှုန်း (၁) ပက်ကို    ၂၃၀၀ ကျပ်


၈ ။ ဝိုင်

ဈေးနှုန်း    (၁) ပုလင်း    ၁၅၀၀၀ မှ ၄၃၀၀၀ ကျပ် အထိ


၉ ။ Cocktails (ကော့တေး)

ဈေးနှုန်း    (၁) ခွက်    ၃၅၀၀ မှ ၆၀၀၀ ကျပ် အထိ


၁၀ ။ ဘီယာ

ဈေးနှုန်း    (၁) မတ်    ၁၈၀၀ ကျပ်
    (၁) ပုလင်း    ၂၀၀၀ မှ ၃၂၀၀ ကျပ်အထိ


"Seasonal Fresh Juice" (ရာသီပေါ် အသီးဖျော်ရည်များ )
======================


ဈေးနှုန်း    (၁) ခွက်    ၁၈၀၀ မှ ၃၅၀၀ ကျပ်အထိ


Soft drinks (အသင့်ဖျော်ရည် )
===========

ဈေးနှုန်း    (၁)ဗူး        ၅၀၀ မှ ၁၀၀၀ ကျပ်အထိ

ဈေးနှုန်း    (၁)ခွက်      ၁၈၀၀ မှ ၃၅၀၀ ကျပ်အထိ


စီးကရက်
=======

ဈေးနှုန်း (၁) ဗူး        ၁၅၀၀ မှ ၃၅၀၀ အထိ

 

ကော်ဖီ၊ နို့ ၊ မစ်ခ်ရှိတ် ၊ လက်ဖက်ရည် ၊  (အပူ / အအေး)
============================================

ဈေးနှုန်း    (၁) ခွက်    ၁၂၀၀ မှ ၃၀၀၀ ကျပ်အထိ

 

Smoothies
=========

ဈေးနှုန်း    (၁) ခွက်    ၃၂၀၀ ကျပ်

 

Desserts (အချိုပွဲ )
================

ဈေးနှုန်း    (၁) ခု        ၁၀၀၀ မှ ၅၀၀၀ ကျပ်အထိ

 

Italian Soda
============

ဈေးနှုန်း    (၁) ခွက်    ၂၅၀၀ မှ ၂၇၀၀ ကျပ် အထိ


ထူးခြားတဲ့အစားအစာ
================

ဝက်လက်ပေါင်း ကြွပ်ကြော်

ကြက်ဒူးဆစ်

ဘဲလျာအကျက်ကြော် (ထိုင်းနိုင်ငံမှကုန်ကြမ်းကို တိုက်ရိုက်တင်သွင်းသည် )


မင်္ဂလာဆောင်တွေ၊တခြားပွဲတွေ ကျင်းပချင်သူတွေ အတွက်
=========================================

တပြိုင်တည်း အယောက် ၁၀၀ လောက် ပွဲလုပ်လို့ရသလို လိုအပ်ရင် နောက်ထပ် ၁၀၀ လောက်ထပ်တိုးလို့ရပါသေးတယ် ။ အသစ်ဖွင့်မယ့် အပေါ်ထပ်မှာကလည်း အယောက် ၁၀၀ လောက်အထိ ဆံ့ပါတယ်  ။ ကားပါကင် ကျယ်တဲ့အတွက် မင်္ဂလာဆောင် ၊ Staff party တွေအတွက် အဆင်ပြေပါတယ် ။အထူးသီးသန့်အခန်းတွေလည်းရှိတဲ့အတွက် အစည်းအဝေးတွေ လုပ်ရင်လည်း တော်တော် အဆင်ပြေပါတယ် ။ပွဲလုပ်တဲ့အခါ ဝန်ဆောင်မှု့အနေနဲ့ ကာရာအိုကေ ပြင်ဆင်ပေးပါတယ် ။ အသေးစား Decoration တွေပြင်ဆင်ပေးပါတယ် ။အကြီးစားDecoration ပြင်ချင်ရင်တော့ အပြင်က ပညာရှင်တွေနဲ့ချိတ်ပေးပါတယ် ၊ ဝန်ဆောင်ခသပ်သပ်ပြန်ပေးရပါမယ် ။


ဆိုင်ရဲ့ထူးခြားချက်
==============

တစ်နေရာထဲမှာ အစုံရတယ် မိသားစု အလိုက် လာစားရင်လည်း သင့်တော်တဲ့ ဆိုင်အမျိုးအစားဖြစ်တယ် ။ကားပါကင်ကျယ်တယ် ။ အေးအေးဆေးဆေး သုံးဆောင်လို့ရတယ် ။ အုပ်စုဖွဲ့လာမယ် ဆိုရင်လည်း နေရာထိုင်ခင်းက အဆင်ပြေတယ် ။ ဆိုင်ရဲ့ သက်တောင့်သက်သာရှိမှု့ ၊စိတ်ငြိမ်မှု့တွေကို  မိသားစုနဲ့လာတဲ့သူတွေ နှင့် လူကြီးပိုင်းတွေ အတွက် ပိုပြီးနှစ်သက်စရာဖြစ်နေပါတယ် ။အပေါ်ထပ် ကျတော့ လူငယ်တွေအတွက် ရည်ရွယ်ထားခြင်းဖြစ်ပါတယ် ။


ဖောက်သည်တွေ ကြိုက်ကြတဲ့အချက်က
==============================

ဝန်ဆောင်မှု့ကောင်းတယ် ၊အရသာ ကောင်းတယ် ၊ ကားပါကင်ကျယ်တယ် ၊သက်တောင့်သက်သာရှိတဲ့ အပြင် promotion တွေလည်း လစဉ်ရှိတာကြောင့်ဘဲဖြစ်ပါတယ် ။ ထိုင်းစာနှင့် တရုတ်စာ ပိုပြီးကြိုက်ကြပါတယ် ။ ကျောင်းသားတွေကတော့ နောက်တိုင်းအစားအစာနဲ့ one portion ကိုအစားများဆုံး စားကြပါတယ် ။ငွေကိုင်ပြီး ရှင်းလို့ရသလို၊ ငွေမကိုင်ဘဲ ကဒ်သုံးတဲ့ သူတွေ အတွက်  Visa / Master / CB / KBZ စတဲ့ကဒ်တွေနဲ့ ပေးချေလို့ရပါတယ် ။


ပြောရမယ်ဆိုရင်  ဆိုင်ရဲ့အနေအထားက Upper middle class အဆင့်မှာရှိပြီး သုံးရတဲ့ ဈေးနှုန်း နဲ့ ပေးလာတဲ့ အရသာ ဝန်ဆောင် မှု့က ထိုက်တန် မှု့ရှိပါတယ် ။
တစ်ကြိမ်လောက်တော့ သွား စားကြည့်သင့်ပါတယ် ။


လိပ်စာ        -အမှတ် (၃၄) ၊ လေးထောင့်ကန်လမ်း ၊ တာမွေမြို့နယ် ၊ ရန်ကုန် ။
ဖုန်းနံပါတ်    -၀၉ ၇၃၀ ၂၄၄၂၉ ၊ ၀၉ ၂၆၄ ၅၆၉၂၈၉

Facebook    -https://www.facebook.com/Colorstonesrestaurant

The Restaurants Guide


Read 420 times.