Eating Tips

ချစ်ခင်ရသူတွေနဲ့အေးအေးဆေးဆေး Chillနိုင်မယ့် နေရာလေး Malar Myaing Restaurant & Cafe

November 18, 2019

မိသားစုတွေ သူငယ်ချင်းတွေ အေးအေးဆေးဆေး တွေ့ဆုံစားသောက်နိုင်မယ့် နေရာကောင်းကောင်းလေးတစ်ခုကိုရှာဖွေနေတယ်ဆိုရင်တော့ ပြည်သာယာ၊ဘောက်ထော် ထဲက Malar Myaing Cafe & Restaurant လေးရှိပါတယ်။

ချစ်စရာကောင်းပြီးမြင်တာနဲ့ Relax ဖြစ်စေမယ့် ဆိုင်အပြင်အဆင် မိသားစုဝင်တစ်ယောက်ချင်းစီ ရဲ့မတူညီတဲ့အကြိုက်တွေတိုင်း ကိုဖြည့်စွမ်းနိုင်မယ့် စုံလင်လှတဲ့ Menuတွေ ပြီးတော့ Breakfast ပါရောင်းချပါသေးတယ်။

အားလုံးအကြိုက်တွေ့စေမယ့် အရှေ့တိုင်းအစားအသောက်မျိုးစုံ၊ စစ်မှန်တဲ့အရသာကိုခံစားသွားရစေမယ့် Coffee နဲ့ Drinks တွေကိုလည်း ချိုသာတဲ့ ဈေးနှုန်းတွေနဲ့ ရနိုင်ပါတယ်။  ရနိုင်တဲ့ဟင်းလျာများကတော့ ကြက်၊ ဝက် ဟင်းလျာများ၊ အဆာပြေအစားအစာများ၊ ထမင်းနှင့်ခေါက်ဆွဲကြော်များ၊ ဟင်းချိုပွဲများ၊ အရွက်ကြော်များ၊ အသုပ်များ၊ ပင်လယ်စာများ အစရှိသဖြင့်လည်း ရနိုင်ပါတယ်။

ရန်ကုန်မြို့ထဲက ဆိုင်တွေအများကြီးထဲမှာမှ ကျယ်ဝန်းအေးချမ်းပြီး မာလာမြိုင်ဆိုတဲ့ အမည်လေးအတိုင်း စိမ်းလန်းတဲ့ မြင်ကွင်းလေးတွေနဲ့ မိသားစုတွေအတွက် အဆင်ပြေမယ့်နေရာ၊ ကားပါကင်အတွက်လည်း ထည့်စဉ်းစားစရာမလိုတဲ့ နေရာတစ်ခုကို ရှာနေတယ်ဆိုရင်တော့ Malar Myaing Cafe & Restaurant ကို လမ်းညွှန်ပေးလိုက်ပါတယ်။
 
 
အမှတ် (3/C) ၊ မာလာမြိုင်လမ်း ၊ ၁၆ရပ်ကွက် ၊ ဘောက်ထော်၊ ပြည်သာယာ၊ ရန်ကင်း။  ပြည်သာယာလမ်း၊ ရန်ကင်း က ဝင်လာရင် မာလာမြိုင်လမ်းအဆုံး မြသီတာလမ်းထောင့်မှာ ရှိပါတယ်။ ကျိုက္ကဆံ SuperOne က နေ ၃ မိနစ်လောက် ကားလေးမောင်းလာရင်ရောက်ပြီ။
 
သာယာရွှေပြည် အိမ်ရာအနီး၊ ဘောက်ထော် ILBC အနီးမှာမို့ ဖေဖေ မေမေ တို့ ကလေးကျောင်းကြိုရင်း အေးအေးဆေးဆေးအနားယူနိုင်ပါတယ်။ My Dream Hotel၊ Power Palace Hotel နဲ့ Hotel Pyi Thar Yar တို့နဲ့လည်းနီးပါတယ်။
 
ဆိုင်ဖွင့်ချိန်ကတော့ မနက် ၆ မှ ည ၁၀ အထိ ဖြစ်ပြီး နံနက်စာကိုတော့ မနက် ၆ နာရီမှ မနက် ၁၀:၃၀ထိ တည်ခင်း သုံးဆောင်နိုင်ပါတယ်။ ဖုန်းနံပါတ်ကတော့ 09 255 561 457, 09 255 5658 ဆက်သွယ်မှာယူနိုင်ပါတယ်။


Read 266 times.