Eating Tips

ထိုင်းအစားအစာရနိုင်တဲ့ Boat Noodle ကို Dagon Center I တွင် ဖွင့်လှစ်

November 19, 2019

ရန်ကုန်မြို့၊ မြေနီကုန်း၊ ဒဂုံစင်တာ(၁)၊ မြေညီထပ်မှာ ထိုင်းအစားအစာတွေရနိုင်တဲ့

Boat Noodle ကို အောက်တိုဘာလ ၂၅ ရက်နေ့က စတင်ဖွင့်လှစ်လိုက်ပါတယ်။

Boat Noodle ဆိုင်ကတော့ မြန်မာနိုင်ငံ၏ စားသောက်ဆိုင်လုပ်ငန်းမှာ ဆိုင်ခွဲအများဆုံးဖြစ်တဲ့ YKKO Group of Companies Ltd နဲ့ ဂျပန်နိုင်ငံက Food and Beverage လုပ်ငန်းဖြစ်တဲ့ Toridoll Corporation တို့ ပူးပေါင်းပြီး THAI Street Food Concept ကို ဖွင့်လှစ်လိုက်တဲ့ ဆိုင်ပဲ ဖြစ်ပါတယ်။

Boat Noodle ရဲ့ Signature ဖြစ်တဲ့ ခေါက်ဆွဲကိုတော့ ဂျုံနဲ့ရော ဆန်နဲ့ပါရရှိနိုင်ပြီး ရွေးချယ်စရာ အသားအနေနဲ့ ကြက်၊ ဝက် ကြိုက်နှစ်သက်ရာကို သုံးဆောင်နိုင်ပါတယ်။

ခေါက်ဆွဲ တစ်ပန်းကန်ကို ၇၂၀ ကျပ်ဖြစ်တဲ့အတွက် ခေါက်ဆွဲကို ကိုယ်စားနိုင်တဲ့ ပမာဏအတိုင်း တစ်ပွဲပြီး တစ်ပွဲထပ် စားလို့ရတဲ့အတွက်ကြောင့် မကုန်မှာ၊ ပိုသွားမှာကို စိတ်ပူစရာလည်း မလိုပါဘူး။

ယင်းအပြင် ဆိုင်တွင် ထိုင်းအစားအစာ တော်တော်များများကိုပါ Boat Noodle ဆိုင်မှာ ရရှိနိုင်ပါတယ်။

သောက်စရာအနေနဲ့ကတော့ Thai Iced Tea၊ Iced Green Tea၊ Iced Coffee စတဲ့ အရသာရှိတဲ့ အအေးတွေကိုပါ “Chill Chill” Drink Brand အနေနဲ့ ရရှိနိုင်ပါတယ်။

Boat Noodle ဆိုင်ရဲ့ အပြင်အဆင်လေးကလည်း တစ်မူထူးခြားပြီး မြို့ထဲက လမ်းပေါ်မှာ ထိုင်စားရတဲ့ ခံစားမှုမျိုး ရရှိအောင် ထိုင်ခုံတွေကို သစ်သားဖြင့် ပြင်ဆင်ထားပြီး ဆိုင်အတွင်းနံရံတွေမှာ တစ်ခြားဆိုင်တွေနဲ့ မတူတဲ့ Graffiti Art နဲ့ ဒီဇိုင်းကို ရေးဆွဲထားတာကိုလည်း တွေ့မြင်နိုင်ပါတယ်။

ဆိုင်ရဲ့အစားအစာများ၏ ဈေးနှုန်းများကလည်း ဈေးသိပ်မကြီးတဲ့အတွက်ကြောင့် လူတန်းစားမရွေး သွားရောက်သုံးဆောင်သင့်တဲ့ ဆိုင်ဖြစ်ကြောင်း ညွှန်ပြပေးလိုက်ပါတယ်။


Read 257 times.