Eating Tips

အစပ်အရသာကိုမှ ကြိုက်တဲ့သူများအတွက် ပူပူစပ်စပ် ပင်လယ်စာ big ဗန်း ဆိုင်

August 20, 2020

foodies တို့ထဲမှာ ပင်လယ်စာ ကြိုက်တဲ့သူတွေများ ရှိနေမလား..? 

ဒါဆိုရင် ပင်လယ်စာချည်းပဲ သီးသန့်ရောင်းတဲ့ Seafood Paragon ဆိုင်လေးကို ညွှန်းပေးချင်ပါတယ်။ မိသားစုလိုက် လာစားလို့ရမယ့် ရှူးရှူးရှဲရှဲအရသာ ပင်လယ်စာ big ဗန်းနဲ့ စားလို့ရမယ့် ဆိုင်လေးပါ။

သူ့ဆိုင်က အခြားဆိုင်တွေနဲ့ မတူပဲ ထူးခြားတာက King Crab , Lobster ဆိုဒ်အစုံနဲ့ ကျောက်ဂဏန်းတွေ အထိ ရနိုင်ပြီး စားချင်စရာ ဟင်းပွဲ Menu ပေါင်း အမျိုး ( ၁၀၀ ) ကျော် ရှိတယ်။ 

နောက်ပြီး ပင်လယ်စာတွေကို  ၃၀၀၀/ ၄၀၀၀ ကျပ် ဝန်းကျင်ကနေ သိန်းကျော်တန် Luxury Seafood တွေအထိ အစုံရတယ် ။ ..

အဓိက လူကြိုက်များတာကတော့ " New Version " Big ဗန်း ( ၄၅၀၀၀ ကျပ် ) 
ပါဝင်တာတွေကတော့ ... ဂဏန်း ၊ ပုစွန် ၊ ရေဘဝဲ ၊ ပြည်ကြီးငါး ၊ ပင်လယ်စာ အသားလုံး ၊ ဂဏန်းအသားချောင်း ၊ ခေါက်ဆွဲ ၊ အပ်မှို ၊ ပြောင်းဖူး ၊ ခေါက်ဆွဲ နဲ့ အာလူး တွေ အစုံပါပဲ..။  

အဲဒီဟင်းပွဲက အစပ်အရသာ Spice အနှစ်တွေ ထည့်ချက်ထားတာဆိုတော့ အစပ်ကြိုက်တဲ့သူတွေအတွက်က ပြောစရာမလိုအောင် ကောင်းမှကောင်း ဆိုတာ အသေအချာပါပဲနော်..။

ဒီ Big ဗန်းကြီးတွေက ပါဝင်တဲ့ ဟင်းအမယ်တွေကလည်း များ ၊ ဈေးကလည်း နည်းနည်းများတယ်ဆိုတော့ ကိုယ် စားနိုင်သလောက်ပဲ မှာလို့အဆင်ပြေမယ့် ဈေးအသင့်အတင့်နဲ့ တခြားဟင်းပွဲတွေလည်း ရှိပါသေးတယ်။

နောက်ပြီး အစပ်ကြိုက်တဲ့ လူကြိုက်အများဆုံးတစ်ခုဖြစ်တဲ့  " စပ်ပြဲလန် Menu " ရှိပါသေးတယ်။ 
သူကတော့ အာပူလျှာပူ ချဉ်ငံစပ် အထောင်း ဟင်းပွဲတွေ လို့ ဆိုရမယ်။

စပ်ပြဲလန် menu ထဲမှာဆိုရင် ရေဘဝဲ၊  ပုစွန် ၊ သွေးဂုံးစိမ်း၊ ယပ်တောင် ၊ သံပုရာသီး စပ်ပြဲလန် စသည် ဖြင့် ရွေးချယ်စရာ အမျိုး ( ၂၀ ) ကျော် လောက် ရှိပါတယ်။  ဈေးနှုန်းကတော့ ၁၀၀၀၀ ဝန်းကျင် လောက် ရှိတယ် ။ 

အစပ်တစ်မျိုးတည်းစားနေရင်တော့ အဆင်ပြေမှာ မဟုတ်ဘူးဆိုတဲ့ foodies တွေအတွက်လည်း အချိုတည်းလို့ရအောင် ရင်အေးစေတဲ့ သဘာဝ ဝါးမှရရှိသော ဝါးပလုပ် ( သို့ ) ဝါးဂျယ်လီလည်း ရှိသေးတယ်နော်..။
အစပ်ပြေလေးလည်း ဖြစ်၊ ရင်လည်း အေးစေတဲ့ အချိုပွဲတမျိုးလည်း ဖြစ်ပါတယ်။

ခုဆိုရင် သူ့ဆိုင်မှာ ရနိုင်တဲ့ ဟင်းပွဲမျိုးစုံကို အကုန်လုံး မဖော်ပြနိုင်ပေမယ့် လူကြိုက်များတဲ့ ဟင်းပွဲတွေကို မိတ်ဆက်ပေးထားပါတယ်..။ 

နောက်ပြီး သူ့ဆိုင်က အစားအသောက်သာမက ဆိုင်ရဲ့အပြင်အဆင်ကလည်း ကျယ်ကျယ်ဝန်းဝန်းနဲ့ အထပ်(၂)ထပ်လည်း လုပ်ပေးထားတော့ မိသားစုနဲ့ပဲဖြစ်ဖြစ် ကိုယ်ချစ်ခင်ရသူတွေနဲ့ပဲဖြစ်ဖြစ် 
ပျော်ပျော်ရွှင်ရွှင် လက်ဆုံစားလို့ရမယ့် ဆိုင်လည်း ဖြစ်ပြီး တခြားအမှတ်တရပွဲတွေဘာတွေ လုပ်ချင်ရင်လည်း အဆင်ပြေမယ့် နေရာလေးတစ်ခုပါ..။

ကဲ ဒါဆိုရင်တော့ အစပ်အရသာရှိတဲ့ ပင်လယ်စာသီးသန့်ကိုမှ စားချင်တဲ့ foodies တို့အတွက် ဒီဆိုင်လေးနဲ့ အသင့်တော်ဆုံးမို့ အမြန်လေး သွားစားကြစို့လား..။

နေ့စဉ် မနက် ၁၁ နာရီ ကနေ ည ၁၀ နာရီ အထိ ဆိုင်ဖွင့်ပါတယ်။
လိပ်စာ - အမှတ် (၃၁/က ) အောင်ဇေယျလမ်း ရန်ကင်း ( မိုးကောင်းမီးပွိုင့်အနီး ) 
ဖုန်း     - ၀၉-၇၉၈၆၆၈၄၄၅

Seafood Paragon


Read 1134 times.