Up to 40% OFF

လွယ်ကူစားကောင်းတဲ့ Banana Chocolate Muffin

July 24, 2020

အားလုံးအတွက် အိမ်မှာနေရင်း ကိုယ့်စိတ်ကြိုက် လုပ်စားလို့ရမယ့် မုန့်လုပ်နည်းလေး တစ်ခုကို ဖော်ပြပေးချင်ပါတယ်။ 
ဘယ်လိုမုန့်လဲဆိုတော့ Banana Chocolate Muffin(ငှက်ပျောသီးချောကလတ် Muffin)ပါ။


ကိတ်ထက် လုပ်ရတာ အများကြီး လွယ်ကူပါတယ်နော်...။ အဓိကပါတဲ့ group ၂ ခုဖြစ်တဲ့ ပါဝင်ပစ္စည်း(အမှုန့်)နဲ့ (အရည်)တို့ကို ရောမွှေလိုက်ရင်ကို ရပါပြီ။

ပါဝင်ပစ္စည်းများ (အမှုန့်)
ဂျုံ - ၁၂၅ ဂရမ်
ကိုကိုးပေါင်ဒါ - ၅ ဂရမ်
ဘိတ်ကင်ပေါင်ဒါ - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ဘိတ်ကင်ဆိုဒါ - လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း
Chocolate chips - ၅၀ ဂရမ်
သကြား - ၅၀ ဂရမ်

ပါဝင်ပစ္စည်းများ (အရည်) 
နွားနို့ - ၁ဝဝ ဂရမ်
နေကြာဆီ/ကန်နိုလာဆီ - ၄၅ ဂရမ်
ငှက်ပျောသီးမှည့် - ၁ လုံး
ကြက်ဥ - ၁ လုံး

မုန့်ဖုတ်နည်းအဆင့်ဆင့်

ပထမဆုံး ဂျုံ။ ကိုကိုးပေါင်ဒါ။ ဘိတ်ကင်ပေါင်ဒါ။ ဘိတ်ကင်ဆိုဒါများကို ဆန်ခါစစ်ပြီး အားလုံးရောမွှေ ထားလိုက်ပါ။ 
နောက်တစ်ဆင့်အနေနဲ့ ပါဝင်ပစ္စည်း (အမှုန့်)တွေကို ရောမွှေပါမယ်။
နွားနို့၊ဆီကို ရောမွှေ ပါ။ ကြက်ဥ ၁ လုံးကိုလည်း ရောခေါက်ပေးပါ။ သကြား ကိုလည်း ထည့်မွှေပါ။ 
နောက်ဆုံးမှ ငှက်ပျောသီးမှည့်တစ်လုံးကို ချေပြီး ထည့်ပေးပါ။ 
အရည်ပစ္စည်းတွေ သမသွားရင် ခုနက ဆန်ခါနဲ့ စစ်ထားတဲ့ ဂျုံအရောကို ရောမွှေပေးပါ။ 
နောက်ဆုံးမှ chocolate chip ကို ရောထည့်ပါ။ Muffin ခွက်လေးတွေထဲကို ထည့်ပြီး ၁၈၀ ဒီဂရီ အပူပေးထားတဲ့ ovne မှာ ၂၅ မိနစ်လောက် ဖုတ်ပါ။
အအေးခံပြီးရင်တော့ စားဖို့အသင့်ဖြစ်ပါပြီ...။

ကဲ ကိုယ်ကိုယ်တိုင် မုန့်လုပ်စားရတာ ကြိုက်နှစ်သက်တဲ့သူတွေအတွက်တော့ လုပ်ရတာ လွယ်ကူအဆင်ပြေပြီး စားလို့လည်းကောင်းမှာမို့ လုပ်စားကြရအောင်လား...။
--------------------------------

#TasteWindowMagazine
#restaurantguidemyanmar.com


Read 390 times.