Eating Tips

လမ်းမတော်မှာ ၁၅၀၀ ကျပ် ထက် မပိုတဲ့ ဈေးနူန်းနဲ့ မနက်စာရနိုင်တဲ့ Asia House

November 18, 2019

ဒီဆိုင်လေးက ရှေ့ခေတ် ကိုလိုနီခေတ် ပုံစံလိုလိုနဲ့ Old Attraction လေးနဲ့ အရမ်းလှနေတဲ့ ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။
 
ကိုယ် ချစ်သူနဲ့ ဖြစ်ဖြစ်၊ သူငယ်ချင်းပဲ ဖြစ်ဖြစ် မနက်စာ စားဖို့ ခေါ်သွားရင်  သူတော့ ဓာတ်ပုံရိုက်တော့မှာ Breakfast Time ဆိုပြီးတော့ လေ။

ဒီဆိုင် နံရံတွေမှာဆိုရင် သဘာဝအတိုင်း အုတ်နီတွေနဲ့ သေချာလေးအလှဆင်ထားတာပါ။ ဆိုင်က၂ ထပ်ရှိပြီး အောက်ထပ် ထက်စာရင် အပေါ်ထပ်မှာ ပိုပြီးလှပါတယ်။
 
မနက်စာ ဈေးနူန်းတွေကတော့ ၁၅၀၀ ဝန်းကျင်ပါဘဲ။ မနက်စာအတွက် ရနိုင်တာတွေဆိုရင် မုန့်ဟင်းခါး၊ မုန့်တီသုပ်၊ အုန်းနို့ခေါက်ဆွဲ၊ ရှမ်းခေါက်ဆွဲ၊ ဆန်စီးခေါက်ဆွဲ ၊ ဝက်သားမီးရှည်၊ သကြားပလာတာ၊ ကြက်ဥပလာတာ၊ ပဲပလာတာ၊ ပြည်ပလာတာ၊ ကောက်ညှင်းပေါင်း၊ ခေါပုတ်၊ တို့ဟူးကြော်  စသဖြင့် စုံစုံလင်လင် ရရှိနိုင်ပါတယ်။
 
ဒီ မနက်စာတွေမှာဆိုရင် သူ့ ဟင်းပွဲအလိုက် အမျိုးအမယ် စုံလင်အောင် လုပ်ပေးထားတာတွေ့ရပါတယ်။
 
(ဥပမာ - မုန့်ဟင်းခါးဆိုရင် ပါနေကျ မုန့်ဖတ်၊ ဟင်းရည်ကို သီးသန့်ခွဲပေးထားတဲ့အပြင် အကြော်၊ ဘဲဥ၊ ငါးဖယ် နှင့် နံနံပင်၊ သံပရာ
အားလုံးစုံနေအောင် Set အလိုက် ချပေးထားတာ မျိုးပါ။)

အဲဒီတော့ ဒီ တစ်ပွဲတည်းနဲ့တင် အများကြီး စားလိုက်ရတာမျိုးပါ။ လက်ဖက်ရည်ပါ ရရှိနိုင်တယ်ဆိုတော့ ပိုပြီး အဆင်ပြေတာပေါ့နော်။
 
မနက်စာကို အေးအေးဆေးဆေးနဲ့ ဆိုင်သန့်သန့်လေးမှာ သွားစားဖို့ ရှာနေတယ် ဆိုရင်တော့  Asia House ကို သတိရလိုက်ပါနော်။

ဆိုင်ဖွင့်ချိန် - နံနက် ၇ နာရီမှ ည ၁၀ နာရီအထိ
 
လိပ်စာ - အမှတ် ၉၉/ ၁၀၁၊  ဘုန်းကြီးလမ်း အလယ်ဘလောက်၊ လမ်းမတော်မြို့နယ်၊ စံပြရုပ်ရှင်ရုံအနီး၊ ရန်ကုန်။
 
ဖုန်းနံပါတ်  - ၀၉-၉၇၂၃၅၃၃၉၇


Read 203 times.