Up to 20% OFF

မိုးအေးအေးမှာ ကိုရီးယား Army Stew ပူပူနွေးနွေးကို 15% Off နဲ့ စားမယ်

June 27, 2023

မိုးအေးအေးမှာ ချဉ်ချဉ်စပ်စပ်၊ ပူပူလောင်လောင်လေးတွေ စားပြီး မိုးရာသီ Vibe ကို အပြည့်အ၀ ခံစားချင်သူတွေအတွက် Mr.Chef စားသောက်ဆိုင်က ပေးထားတဲ့ ပရိုမိုးရှင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

Mr.Chef ရဲ့ Signature ​Menu ဖြစ်တဲ့ ကိုရီးယား Army Stew ကို ဇွန်လ (၃၀) ရက်နေ့အထိ ဆိုင်ခွဲတိုင်းမှာ Dine-In ရော၊ Take Away အတွက်ရော 15% Off ပရိုမိုးရှင်း ပေးထားပါတယ်။ 

Army Stew ဆိုတာက အလွယ်ပြောရရင် ကိုရီးယားစတိုင် ဟော့ပေါ့ပါပဲ။ ကိုရီးယားလိုဆို "ဘူဒဲဂျီဂဲ" လို့လည်း ခေါ်ပါတယ်။ ဘူဒဲဆိုတာက ကိုရီယားစစ်တပ်ရဲ့ အခြေစိုက်စခန်းနာမည်ဖြစ်ပြီး ဂျီဂဲဆိုတာက စွတ်ပြုတ်လို့ အဓိပ္ပါယ်ရပါတယ်။ 

Advertisement

Click Here > Myittar Mon

၁၉၅၀ ပြည့်နှစ်၊ ကိုရီးယားနိုင်ငံ တောင်နဲ့မြောက် စစ်ပွဲအပြီး ကိုရီးယားမှာ အစာရေဆာ ရှားပါးလာခဲ့တာကြောင့် အမေရိကန်စစ်တပ်ကနေ အစာရေဆာ ထောက်ပံ့ပေးခဲ့ရပါတယ်။ အမေရိကန်က ထောက်ပံ့ပေးတဲ့ အစားအစာတွေ၊ အသားတွေကို အာဟာရရှိအောင် အကုန်ရောပြီး ကိုရီးယားစတိုင် ချက်ပြုတ်ရင်းကနေ Army Stew ဆိုပြီး နာမည်ကြီးလာခဲ့ပါတယ်။ 

Army Stew ဆိုတာ အသားလွှာ၊ ပင်လယ်စာ၊ Sausage၊ တော့ပိုကီ၊ Fish Cake၊ ပဲပြား၊ ဂျပန်တို့ဟူး၊ အပ်မှို၊ အရွက်၊ ခေါက်ဆွဲခြောက်၊ ကင်မ်ချီ၊ ချီးစ်၊ ကိုရီးယားငရုပ်နှစ် စတဲ့ အမယ်အစုံနဲ့ အကျအန ချက်ထားတဲ့ အိုးကြီးပါ။ ပုံမှန် Army Stew တစ်အိုးကို နှစ်ယောက်၊ သုံးယောက်လောက် ကောင်းကောင်း စားလို့ရပါတယ်။ 

Mr Chef ရဲ့ Army Stew စျေးနှုန်းတွေကတော့ -

> Army Stew (Original) - ၁၈,၉၀၀ ကျပ်

> Army Stew (ကြက်သားအိုး) - ၁၇,၉၀၀ ကျပ်

> Army Stew (ဝက်သားအိုး) - ၁၈,၉၀၀ ကျပ်တို့ ဖြစ်ပါတယ်။ 15% Off ပေးထားတာဆိုတော့ Army Stew တစ်ပွဲကို ၁၅,၀၀၀ ကျပ်လောက်နဲ့ စားလို့ရမှာပါ။ 

Mr. Chef ဆိုင်မှာ ပေါ့ပေါ့ပါးပါး Appetizer တွေ၊ တစ်ယောက်စာ One Portion တွေ၊ ချဉ်ချဉ်စပ်စပ် အသုပ်လေးတွေ၊ ကိုရီးယားအစားအစာတွေ၊ ဟော့ပေါ့၊ မာလာရှမ်းကောစတဲ့ ရွေးချယ်စရာများပြီး အရသာရှိတဲ့ Asian Fusion စားစရာတွေ မျိုးစုံရှိတဲ့အပြင် ကော်ဖီ၊ အအေး၊ ဖျော်ရည်၊ ဒိန်ချဉ်၊ မစ်ရှိခ်တို့လည်း ရပါတယ်။ 

Fb Link - https://www.facebook.com/mrchef.myanmar/

ရန်ကုန်မြို့

=======

Mr.Chef (Sule) - အမှတ် ၂၂၂၊ ဆူးလေဘုရားလမ်း၊ ကုံးထက်ကြက်ဆီထမင်းဆိုင် အပေါ်ထပ်၊ကျောက်တံတားမြို့နယ်။ (09 778558842)

Opening Time – 9AM to 8PM

Mr.Chef (City Mall St.John) - Level 3, St.John City Mall , ပြည်လမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်၊ လမ်းမတော်မြို့နယ်။ (09 940668999)

Opening Time – 9AM to 9PM

Mr.Chef (Terminal-M) - Level 2, Terminal-M Leisure Mall, အမှတ် ၃လမ်းမကြီးနှင့် ခရေပင်လမ်းထောင့်၊ မင်္ဂလာဒုံမြို့နယ်။ (09 777077940)

Opening Time – 9AM to 7PM

Mr.Chef (Hledan) - Level 4, ဂမုန်းပွင့် (စံရိပ်ငြိမ်) စင်တာ၊ လှည်းတန်း၊ ကမာရွတ်မြို့နယ် (09 7777 18253)

Opening Time – 9AM to 7PM

Mr.Chef (PinLon) - အမှတ် ၂၂၅၊ ပင်လုံလမ်းမကြီး၊ ၃၀ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်။ (စစ်တောင်းစီးတီးမတ်အနီး) (09-763391636)

Opening Time – 10AM to 10PM

Mr.Chef(MM Plaza) - Level 3, Myanmar Plaza Shopping Mall, ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်။ (09 77744 8681) 

Opening Time - 9AM to 8PM

Mr.Chef (North Oakala) - အမှတ် ၆၀၅၊ သုဓမ္မာလမ်းမကြီး၊ င ရပ်ကွက်၊ မြောက်ဥက္ကလာဝိုင်းအနီး၊ City Mart ဘေး၊ မြောက်ဥက္ကလာပ မြို့နယ် (09 7777 96243)

Opening Time – 10AM to 10PM

Mr.Chef Express (Time City) - Inside Local Kitchen Food Court,Level-4, Jewelry Mall, Time City၊ စမ်းချောင်းမြို့နယ် (09 778765513)

Opening Time - 9AM to 7PM

မန္တလေးမြို့ 

========

Mr.Chef (Mandalay) - မြေညီထပ်၊ Mingalar MaSoeYein Cineplex ၊ လမ်း ၈၀၊ ၂၆x၂၇ ကြား၊ မန္တလေးမြို့။

(09 942558999)

Opening Time - 10AM to 8PM

လားရှိုးမြို့ 

=======

Mr.Chef (Lashio) - ၂/၆/၁၅၁ ဒေါနလမ်းနှင့် မြတ်လေးလမ်းထောင့်၊ ရပ်ကွက် ၂၊ လားရှိုးမြို့။

(09 777670019)

Opening Time – 9AM to 9PM 


Read 431 times.