Eating Tips

ငွေ ၆၀၀၀ ကျပ် လောက်နဲ့ခံတွင်းမြိန်စေမယ့် 3 sisters Restaurant ...

November 19, 2019

ငွေ ၆၀၀၀ ကျပ် လောက်နဲ့ခံတွင်းမြိန်စေမယ့် (3 sisters Restaurant) ဆိုတဲ့ ရခိုင်အစားအစာနဲ့ပင်လယ်စာ ဆိုင်လေး။

အခု မိတ်ဆက်ပေးမဲ့ဆိုင်လေးမှာက ငပလီဒေသထွက် ပင်လယ်စာ နဲ့ ရခိုင်ရိုးရာ အစားအစာတွေရတဲ့ အပြင် ငှက်ပျောဖက်နဲ့ထုပ်ထားတဲ့ ဖက်ထမင်းနဲ့အမဲ၊ ကြက်၊ ဝက်၊ ငါးဖယ် စတာတွေကို တွဲပြီးစားလို့လည်းရပါတယ်။

 ဈေးနှုန်း- ဟင်းပွဲတော်တော်များများက ပင်လယ်စာဆိုပေမယ့် ဈေးနှုန်းက 6000 ပဲ အများဆုံး ရှိတာ . အများအားဖြင့်တော့ အသုပ်ဆိုယင် ဈေးအနည်းဆုံး 1500 ကျပ်လောက် ကနေ စပါတယ် ။ ဟင်းပွဲကြီးတွေက ၂၅၀၀/၃၀၀၀ လောက်ပါပဲ . အရသာကလည်း အချိ ု့ ရခိုင်ဆိုင်ကြီးတော်တော်များများ နဲ့ယှဉ်ရင် ပေးရတဲ့ဈေးနဲ့ ဒီဆိုင်အရသာက အပြတ်အသတ်ယှဉ်နိုင်ပါတယ်နော် ။

ရခိုင်ဆိုင် , ပင်လယ်စာဆိုင်မို့ ဈေးကြီးလိမ့်မယ်တော့ မထင်လေနဲ့ . ဈေးကြီးပြီး ဂျင်းတွေများတဲ့ အချိ ု့ ရခိုင်ဆိုင်တွေ ကြောင့် ရခိုင်စာ မစားဖြစ်တဲ့သူတွေ စိတ်ကြိုက်တွေ့ကိုတွေ့စေရပါမယ်လို့ အာမခံပါတယ်

 Decoration : ဆိုင်လေး က နှစ်ထပ်ပုံစံလေးကိုမှ အောက်ထပ်ကို မြန်မာဆန်ဆန်လေးနဲ့သန့်ရှင်းရှင်းသပ်သပ်ရပ်ရပ်လေးခင်းကျင်းထားပါတယ် ။ ငပလီဒေသထွက် ခရုလေးတွေနဲ့ ချစ်စရာကောင်းအောင်အလှဆင်ထားပြီး နံရံနဲ့အပေါ်ထပ်တက်တဲ့ လှေကားဘေးနံရံလေးတွေမှာ ခမောက်ကလေးတွေ ကပ်ပြီးအလှဆင်ထားပါတယ်။

အကြိုက်ဆုံးကတော့ အပေါ်ထပ်က ဆိုင်အပြင်ဆင်လေးပါ ။
ချစ်စရာကောင်းလွန်းလို့ပါ . .
ထမင်းစားပွဲပုလေးတွေချထားပြီး အောက်မှာ ဖျာကူရှင်လေးတွေခင်းထိုင် စားရတဲ့ပုံစံမို့ ကိုယ့်အိမ်က ထမင်းဝိုင်းမှာဘဲ စိတ်လွတ်ကိုယ်လွတ် စားရတဲ့ ဖီလင်လေးကိုရလိုက်တယ် ။

ဓါတ်ပုံရိုက်တာ ဝါသနာပါတဲ့သူတွေအတွက် ပန်းရောင်အသည်းပုံအကြီးကြီးကိုမှ photo booth လိုမျိုး အမှတ်တရ ဓါတ်ပုံတွေရိုက်လို့ရမဲ့ နေရာမျိုးလေးလုပ်ပေးထားတယ် ။

နောက်ထပ်အကြိုက်ဆုံးကတော့ Wifi FREE ပေးတာပါ  . ဆိုင်မှာ အေးဆေးထိုင်စား စပ်စုရင်း ဘေမကုန်ဘဲ ဖုန်းလေးပွတ်ရတာ အရမ်းမိုက်ပဲ. လိုင်းလဲကောင်းတယ် .

 Service - ဆိုင်ဝန်ထမ်းတွေသာမက ဆိုင်ရှင်ကိုယ်တိုင်ကကို service ပေးတာပါနော် ။ ဖော်ရွေပြီး ဂရုတစိုက်နဲ့လာလာမေးလို့ ရခိုင်သူ ညီအမချောချောလေးတွေကို ခနလေးနဲ့ကို ခင်သွားမိတယ် အဟုတ် !

ဟင်းပွဲတွေမမှာခင် မီနူးကတ်ကို ကြည့်တော့ ဈေးနှုန်းတွေက ပင်လယ်စာဟင်းပွဲတွေကိုတောင် (၆၀၀၀) ပဲ အများဆုံးတွေ့လို့ တအံ့တသြနဲ့ဘုရားစူး နောက်တခေါက် ပြန်ကြည့်ခဲ့ရတယ် ။

 Menu - ဆိုင်မီနူးလေးတွေကို အကြမ်းဖျင်းပြောပြရယင်တော့
ရခိုင်မုန့်တီဟင်းရည် ,
ကိုတံငါပင်လယ်စာဟင်း ,
Seafood burger ,
အသုပ်ဆိုယင် >
ပြည်ကြီးငါး ရခိုင်သုပ် , ရေသူမပင်လယ်ခရုသုပ် ,ကမာသုပ် ,သခွတ်ပွင့် ပဲကြာဇံသုပ် , ရခိုင်ထမင်းသုပ် , ပင်လယ်ဂဏန်းပေါင်း ,
ဟင်းချိုဆိုယင် > ရခိုင်ပင်လယ်စာသောက်ဆမ်း ဟင်းချို၊ , ငါးသောက်ဆမ်းဟင်းချို , ကြက်ဘူးသီးသောက်ဆမ်း , ပင်လယ်စာ ချဉ်စပ်။
ငါးဆိုယင် >
ငါးပါးနီအကောင်လိုက်ဟင်း ,
ငါးအကြွပ်ကြော် စတဲ့ နာမည်လည်းဆန်းဆန်းလေးတွေနဲ့ ဟင်းပွဲတွေလည်း တွေ့ခဲ့တယ် ။

ဖက်နဲ့ထုပ်ထားတဲ့ ဖက်ထမင်း- အဝစားကို(၂၀၀၀/၃၀၀၀ကျပ်) ပဲရှိတယ် ။ စားတော့မစားခဲ့ပါဘူး. မီနူးကြည့်ပြီး ဟိုမေး ဒီမေးနဲ့စပ်စုခဲ့တာပါ ။

တကယ်တမ်း စားလိုက်တော့လဲ နာမည်လဲဆန်းသလို ဟင်းပွဲတွေရဲ့ အရသာကလည်း တစ်ဇွန်း ခပ်မည်းကြည့်ပြီးယင် ဆက်တိုက်စားချင်သွားအောင် တကယ် ဆွဲဆောင်နိုင်တယ်။ သူ့ဟင်းပွဲရဲ့အရသာတွေက ခံတွင်းရှင်းပြီး ထမင်းမြိန်စေတဲ့ စတိုင်လ်မျိ ုး

အရိုးထုတ်ထားတဲ့ငါးပါးနီဟင်းဆိုယင် ငါးတွေက ချိုပြီးအသားလည်းများလို့မှာစားတဲ့သူတွေအတွက် တန်ပြီး တီလားဗီလားငါးတွေထက်စာရင် ကျန်းမာရေးအတွက်လည်း ပိုကောင်းစေတယ် ။ အဆင်ပြေတယ်ပြောရမှာပေါ့။

 ပြီးတော့ ဦးလေးကြီးကိုတံငါ ပင်လယ်စာ

ဆိုင်ရဲ့အဓိကမင်းသားကြီးပီသပါပေတယ် ။ ဒီဟင်းပွဲကို တဇွန်းခပ်မြည်းပြီးထဲက ပန်းကန်ထဲကဟင်းမကုန်မချင်းခပ်ခပ်စားတာများ ဝန်ထမ်းလေးတွေ နောက်ပွဲတွေလာချတဲ့အချိန်နဲ့ပန်းကန်ပြောင်တာနဲ့ကွက်တိ အဲလောက်ကောင်းလွန်းလို့ ဒီဟင်းတမျ်ုးကိုတော့ အသေးစိတ်မရေးပေးတော့ဘဲ နဲနဲလျှိုလိုက်မယ် . ဟဲဟဲ . ဆိုင်မှာသွားစားကြည့်ဘို့ 100% တိုက်တွန်းပါတယ် ။

နောက်ထပ် မင်မင် စားခဲ့တဲ့ အစားအသောက်လေးတွေကိုလည်း ဒီမှာဆိုစာအရမ်းရှည်မှာစိုးလို့ အောက်ကပုံ တပုံချင်းစီမှာ အသေးစိတ် ရေးပေးထားပါတယ်နော်

စားပြီးတော့ အအီ အစပ်ပြေ ချထားပေးတဲ့ ရခိုင်ကြံထန်းညက်လေးဝါး ရေနွေးလေးသောက်ရင်း ဒီဆိုင်က ပင်လယ်စာတွေက တော်တော် လတ်ဆတ်တယ်နော် လို့ဆိုင်ပိုင်ရှင်ကို မေးလိုက်တော့ ပင်လယ်စာတွေကို ငပလီကနေတိုက်ရိုက်သွင်းတာမို့ပါတဲ့

ဒီလိုအရသာရှိတဲ့ ဟင်းပွဲတွေကို ချက်ပြုတ်ပြင်ဆင်ပေးတဲ့ စားဖိုမှူ း တွေကလည်း ဆိုင်ပိုင်ရှင် ညီအမသုံးယောက် ကိုယ်တိုင် ချက်ပြုတ်ကြော်လှော်ပေးတယ်ဆိုတာပါ။
(ချောချောလေးတွေချည့်နော် )

ပြီးတော့ သစ်သီးဖျော်ရည်စစ်စစ်ကို တစ်ထောင်ပဲတဲ့. .မင်မင်တော့ ဗိုက်မဆံ့တော့လို့မသောက်ခဲ့ပေမဲ့ သူများဝိုင်းတွေအတွက် ဖျော်နေတာကိုတွေ့လိုက်တာ တန်ချက်ကြီးဆိုတာ .  ။

လုံးဝဈေးမကြီးဘဲ ရခိုင်လက်ရာ အရသာစစ်စစ် ဈေးတန်တန်ကို ခံစားချင်တယ်ဆိုယင်တော့ -

3 Sisters Restaurant
================
 လိပ်စာ - 7/E-001 သုဝဏ္ဏအိမ်ရာ၊ သုဝဏ္ဏ ပန်ခြံအနီး.သံသုမါလမ်းမကြီး ၊ (သုံးပန်လှနဲ့မျက်နှာချင်း သိပ်မဝေး) ကျောင်းလမ်း မှတ်တိုင်၊ သင်္ဃန်းကျွန်းမြို့နယ်မာပါနော်..
Credit #FoodReviewsandDirectories
#3_Sisters_Restaurant


Read 413 times.