Eating Tips

ဒေါ်ရှမ်းမ - ရှမ်းရိုးရာအစားအစာဆိုင်

November 19, 2019

ဒေါ်ရှမ်းမဆိုင်တွင် ရှမ်းရိုးရာအစားအစာများကို တမူထူးခြားသော အရသာ၊ အပြင်အဆင်များနဲ့အတူ

မိတ်ဆွေများထံသို့ မကြာမီရက်ပိုင်းအတွင်းရောက်ရှိလာတော့မှာဖြစ်ပါတယ်။


ဆိုင်ကို ဗိုလ်ချုပ်လမ်းမပေါ်၊ ဗိုလ်တထောင်ဘုရားလမ်းထောင့်၊ ပုစွန်တောင်မြို့နယ် တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။


ဆိုင်ဖွင့်ပွဲကို ၂၀၁၇ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းလည်း သိရပါတယ်။


ဆိုင်တွင် အရသာနှင့် ပုံအထူးဆန်းသစ်တဲ့ ဝက်သားသာကူလုံး၊ ကျွတ်ကျွတ်ရွရွ ပူပူနွေးနွေး ရှမ်းတို့ဟူးကြော်၊ မြေပဲတို့ဟူးနွေး၊ ငါးထမင်းနယ်၊ ရှမ်းကောက်ညှင်းဘာဂါ၊ အုန်းထမင်း၊ မစ်ရှိတ်အမျိုးမျိုး တို့ကိုလည်း ရနိုင်မည်ဟု သိရပါတယ်။


ဆိုင်ဖွင့်ပွဲအထိမ်းအမှတ်အနေဖြင့် ၂၀၁၇ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့တွင် လာရောက်စားသုံးသောသူတိုင်းကို ၅၀% လျော့ဈေးနဲ့ သုံးဆောင်ရမှာဖြစ်ကြောင်းလည်း သိရပါတယ်။


ဆိုင်တွင် ပရိုမိုးရှင်းနေဖြင့် တစ်လလုံးအခမဲ့စားနိုင်မည့်အခွင့်အရေးကို ၁၃ ရက်နေ့ (အင်္ဂါနေ့) စဖွင့်ပြီဆိုတော့ စောင့်မျှော်နေသော Customers များအတွက်လဲ ပျော်ရွှင်ဖွယ်ရာလေးဖြစ်အောင် ကံစမ်းပွဲလေးပြုလုပ်ပေးလိုက်ပါတယ်။


ကံထူးရှင်ဖြစ်နိုင်ရန်အတွက် မူရင်း Post ကို Like လုပ် share ပြီး သူငယ်ချင်း ၅ ယောက်ကို Tag တွဲပါ။ Like အများဆုံးရထားသော အကောင့်ပိုင်ရှင် ၃ယောက်ကို ရွေးချယ်မှာ ဖြစ်ကြောင်း သိရပါတယ်။


ကံစမ်းကာလကို ဇူလိုင်လ ၉ ရက်နေ့မှ စတင်၍ ဇူလိုင်လ ၂၄ရက်နေ့အထိ သတ်မှတ်ထားပါတယ်။


ကူပွန်သက်ရောက်မည့်ကာလကိုတော့ ဇူလိုင်လ တစ်လလုံး ပေးထားပါတယ်။


*Screenshot ရိုက်ပြီး comment မှာချပေးဖို့ မမေ့ပါနဲ့*


*နောက်လာမည့် စိတ်လှုပ်ရှားစရာ promotion တွေနဲ့ ဟင်းပွဲတွေကို စိတ်ဝင်စားရင် Daw Shan Ma Noodle Joint - ဒေါ်ရှမ်းမPageကို Like & Follow လုပ်ထားပါ။*


ဆိုင်ဖွင့်ချိန်ကို နံနက် ၈ နာရီမှ စတင်၍ ည ၉ နာရီအထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။


အမှတ် ၃၈၊ ဗိုလ်ချုပ်လမ်းမပေါ်၊ ဗိုလ်တထောင်ဘုရားလမ်းထောင့်၊ ပုစွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။


Read 423 times.