Special Deals

Payday မှာ Second Home က ကိုရီးယားစာတွေ စားရင်း 15% ပရိုမိုးရှင်း ယူကြမယ်

August 30, 2023

ပြတ်တုန်း လပ်တုန်း ၂၃ ကို ကျော်လာပြီး Pay Day လည်း ရောက်ခါနီးပြီဆိုတော့ လက်ထဲ ငွေရွှင်တော့မှာပေါ့။ လက်ထဲ ငွေရှိတာနဲ့ ဘာစားရင် ကောင်းမလဲ စဉ်းစားနေသူတွေ၊ ဘယ်ဆိုင်မှာ ပရိုမိုးရှင်းတွေ ပေးနေလဲ ရှာနေသူတွေအတွက် Second Home - Korean BBQ Restaurant ဆိုင်က လကုန်ရက်အတွက် ပေးထားတဲ့ ပရိုမိုးရှင်း (၃) ခုကို မျှဝေပေးလိုက်ပါတယ်။ ပရိုမိုးရှင်းကာလကတော့ ဩဂုတ်လကုန်အထိပဲ သတ်မှတ်ထားပါတယ်။

Second Home - Korean BBQ Restaurant က ကိုရီးယားအစားအသောက်တွေဆို လက်မလွှတ်တမ်း စားတတ်တဲ့ Foodie လေးတွေကြားမှာ ရေပန်းစားပြီးသား ကိုရီးယားအကင်ဆိုင်လေးဖြစ်ပါတယ်။ BBQ ဆိုင်ဆိုပေမဲ့ မင်မင်တို့ ကိုရီးယား Mukbang တွေ ကြည့်ပြီး သရေယိုခဲ့ရတဲ့ အစားအသောက်တွေ အကုန် သူ့ဆိုင်မှာ ရပါတယ်။  

Advertisement

Click Here > First National Insurance

ဒီဆိုင်ရဲ့ ပရိုမိုးရှင်းအကြောင်းကို မပြောခင် ဒီဆိုင်မှာ ဘာမီနူးတွေ ရလဲဆိုတာ ဆိုင်မရောက်ဖူးသေးတဲ့ သူတွေအတွက် အရင်ဆုံး ပြောပြပေးချင်ပါတယ်။ ဆိုင်က နှစ်ထပ်ရှိပြီး အပေါ်ထပ်ကတော့ ကိုယ်တိုင်ကိုယ်ကျ ကင်စားချင်သူတွေအတွက် ပိုသင့်တော်ပါတယ်။ Aircon (၂) လုံး တပ်ထားပေးပေမဲ့ အကင်အိုးတွေကြောင့် အနည်းငယ်တော့ ပိုပူပြီး ညှော်နံ့ရှိပါတယ်။ အောက်ထပ်ကတော့ Aircon ပိုအေးပြီး မညှော်တဲ့အတွက် ကလေး-လူကြီး မိသားစုတွေအတွက် ပိုအဆင်ပြေပါတယ်။

ဒီဆိုင်က အသားကင်တွေမှာဆို ဝက်သားတစ်မျိုးတည်းမဟုတ်ဘဲ အမဲသားအပြင် ဝက်အူ၊ သုံးထပ်သား၊ အမဲအူ၊ အူပိတ်၊ အူချို၊ အမဲလျှာတွေပါ အစုံရှိပါတယ်။ ဒီ BBQ တွေက ကိုယ်တိုင်ကင်စားဖို့  Set menu နဲ့  ယူလည်းရသလို ကင်ပြီးသားကို ပွဲလိုက် မှာစားလည်း ရပါတယ်။ 

နောက်ပြီး အကင်အတွက် ဆော့စ်အပြင် ချိစ့်ပါ ရပါသေးတယ်။ အသားကင်အိအိလေးရယ်၊ ကင်ချီ၊ အပ်မှိုနဲ့ ကိုရီးယားဆော့စ်လေးတွေကို ဆလပ်ရွက်နဲ့ ထုပ်ပြီး အားရပါးရ စားလိုက်ရရင် ပါးစပ် နတ်ပြည်ရောက်သွားမှာပါ။

BBQ တွေအပြင် ကိုရီးယားစပိုင်စီခေါက်ဆွဲ၊ Army Stew၊ ဟော့ပေါ့၊ ဂင်မ်ချီခေါက်ဆွဲတို့အပြင် တော့ပိုကီ၊ ငါးအသားပြား၊ ထမင်းလိပ်၊ ဘူဂိုဂီ စသဖြင့် တခြားကိုရီးယားအစားအစာတွေ ထပ်ရပါတယ်။ ဒါတင်မကသေး  ယိုးဒယားချဉ်စပ်အထောင်းနဲ့ ရှမ်းစားတွေလည်း ရပါသေးတယ်။ 

သူ့ဆိုင်မှာ ရေခဲမုန့်အေးအေးလေးရယ် အသီးချိုချိုလေးရယ် ပေါင်းစပ်ထားတဲ့ Bingsu အချိုပွဲတွေ ရတဲ့အပြင် Honey Toast၊ ပန်ကိတ်၊ ရေခဲမုန့် စတဲ့ Dessert တွေလည်း ရှိပါတယ်။ ကိုရီယားဖန်လေးတွေအကြိုက် ဓာတ်ပုံရိုက်လို့ရမယ့် Photo Stand လေးတွေရယ်၊ Idol Drinks လေးတွေပါ ရပါတယ်။ 

ဒီလောက်ဆို သူ့ဆိုင်မှာ ဘာတွေစားရမလဲ သိလောက်ပြီ ထင်ပါတယ်။ ဒီဆိုင်မှာ Pay Day အတွက် ပရိုမိုးရှင်းကို (၃) မျိုး ပေးထားပါတယ်။ 

(၁) ဩဂုတ် လကုန်ရက်အထိ ဘယ်နေ့၊ ဘယ်အချိန် သွားသွား BBQ Set တွေကို (၁၅%) လျှော့စျေးနဲ့ ရပါမယ်။

(၂) နောက်တစ်ခုအနေနဲ့ Army Stew/ Korean Pot / Mala Pot / Mixed Set / Rice Ball Set စတဲ့ Main Menu တွေ ဘာပဲစားစား (၁၀%) လျှော့စျေး ရှိပါတယ်။

(၃) ဩဂုတ်လမကုန်ခင်လေးမှာ August Born တွေအတွက် ရေခဲမုန့်လက်ဆောင်လေးလည်း ပေးပါသေးတယ်။ (မှတ်ပုံတင်လေးတော့ ယူသွားနော်)

ဆိုင်ဖွင့်ချိန် : 10:30 AM to 8:30 PM

ဖုန်း : 09 251797991

လိပ်စာ : အမှတ် (၁၂၇)၊ ငုဝါလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။


Read 371 times.