Special Deals

O Sushi မှာ A La Carte မီနူးအာလုံးကို 20% Off နဲ့ အ၀ဆွဲမယ်

September 20, 2023

ပြက္ခဒိန်ပေါ်က ၂၀ ကျော်နေ့စွဲတွေဟာ ရုံးသမားတွေအတွက်တော့ ပရိုမိုးရှင်းရှိတဲ့ ဆိုင်တွေကိုပဲ လိုက်ပတ်ရှာစားရမယ့် အချိန်ကောင်းပါ။ ဒီတစ်ခါမှာတော့ ဂျပန်ဆန်ဆန် ဆူရှီဒိတ်မယ်ဆိုရင် စျေးတန်တုန်းလေး သွားစားလို့ရအောင် 20% Off ပေးထားတဲ့ O Sushi ဆိုင်မှ ပရိုမိုးရှင်းအကြောင်းကို မျှဝေပေးချင်ပါတယ်။ 

(၉) လပိုင်းဖြစ်တဲ့အတွက် O Sushi က ထူးထူးခြားခြား (၉) ဂဏာန်းနဲ့ ပတ်သက်တဲ့ ပရိုမိုးရှင်းလေးတစ်ခု လုပ်ပေးထားပါတယ်။ ကားလိုင်စင် (သို့) မှတ်ပုံတင် (သို့) မွေးနေ့/မွေးလ/မွေးနှစ် တို့မှာ (၉) ဂဏာန်းတစ်လုံးပါတာနဲ့ တစ်ဆိုင်လုံးက A La Carte မီနူးအာလုံးကို 20% Off နဲ့ စားရမှာပါ။ (၉) ဂဏာန်းကို အလုံးအရေအတွက်နဲ့ ပရိုမိုးရှင်းပေးထားတာ မဟုတ်တဲ့အတွက် (၉) နှစ်လုံးပါလည်း 20% ပဲ လျှော့ပေးမှာပါနော်။ 

Click Here - King Metal

ဒီပရိုမိုးရှင်းက စက်တင်ဘာ (၂၂) ရက်နေ့အထိ ဆိုင်မှာ သွားထိုင်စားမယ့်သူတွေပဲ ရနိုင်မှာပါ။ ဒီပရိုမိုးရှင်းကို O Sushi ရဲ့ ဆိုင်ခွဲ (၅) ဆိုင်ထဲက တာမွေ အာသောကနားက Osushi Tamwe မှာရယ်၊ ပုစွန်တောင် Ocean ဒုတိယထပ်က ဆိုင်ရယ်၊ ပါရမီစိန်ဂေဟာမျက်စောင်းထိုးက Osushi Parami မှာရယ် (၃) ဆိုင်မှာပဲ ပေးထားတာဖြစ်ပါတယ်။

ဒီဆိုင် (၃) ဆိုင်လုံးက ဆူရှီကို အချိန်အကန့်အသတ်ချက်မရှိ ဘူဖေးစားချင်ရင် ရွေးချယ်သင့်တဲ့ဆိုင်လည်း ဖြစ်ပါတယ်။ ဘူဖေးစျေးနှုန်းကတော့ လူတစ်ယောက်ကို အပြီးအစီး ၁၉,၂၅၀ ကျပ်ပါ။ ပရိုမိုးရှင်းကတော့ ဘူဖေးအတွက် မဟုတ်ဘဲ A La Carte မီနူးအတွက် ဖြစ်ပါတယ်။

A’ La Carte မီနူးထဲမှာဆိုရင် Sushi မျိုးစုံအပြင် Ramen၊ Soup၊ Salad၊ Tempura၊ Steak၊ Grilled၊ Curry နဲ့ တခြား ဂျပန်စာမျိုးစုံကို ရနိုင်ပါသေးတယ်။

Shopping ထွက်ရင်း ဂျပန်စာတွေ စားချင်လာပြီဆိုရင်တော့ Terminal M တတိယထပ်က Food Court မှာလည်း တစ်ပွဲချင်း မှာစားလို့ရပါတယ်။

Premium Taste ကို တကယ့် Luxury Vibe နဲ့ စားချင်ရင်တော့ O Sushi - Classic တောင်ဥက္ကလာမှာ အေးအေးလူလူ သုံးဆောင်လို့ရပါတယ်။ 

ဂျပန်အငွေ့အသက်တွေ ကိန်းအောင်းနေတဲ့ ဆိုင်လေးမှာလည်း ထိုင်ချင်တယ်၊ ဂျပန်စာကောင်းကောင်းတွေကို ဂျပန်အရသာအတိုင်း စားချင်တယ်၊ စျေးလေးလည်း တန်ရမယ်ဆိုရင် လူကြိုက်များတဲ့ O Sushi ဆိုင်ကလည်း ရွေးချယ်သင့်တဲ့ ဆိုင်တစ်ခုပါ။

ပရိုမိုးရှင်းပေးထားတဲ့ ဆိုင်လိပ်စာနဲ့ ဖုန်းနံပါတ်တွေကတော့ -

ဖုန်း - 09 756 048502, 09766001557

တာမွေ - အမှတ် ၄၄၊ သမိန်ဗရမ်းလမ်း၊ ဓမ္မဒါနလမ်းနှင့် သမိန်ဗရမ်းလမ်းထောင့်၊ တာမွေမြို့နယ်။  

ပုစွန်တောင် - အမှတ် ၆၂၊ မဟာဗန္ဓုလလမ်းနှင့် တာဝတိံသာလမ်းထောင့်၊ ပုစွန်တောင် Ocean ဒုတိယထပ်၊ ပုစွန်တောင်မြို့နယ်။

ပါရမီ - အမှတ် ၁၃၊ ၁၆ ရပ်ကွက်၊ ပါရမီလမ်း၊ ပါရမီစိန်ဂေဟာမျက်စောင်းထိုး၊ လှိုင်မြို့နယ်။


Read 368 times.