Bars & Pubs

ဆောင်းလေပြေအေးနဲ့အတူ နေဝင်အလှကို ခံစားဖို့ Rooftop Bar (၁၀) ခု

January 26, 2024

တစ်ပတ်လုံးလောင်ပြီးပြီဆိုတော့ လောင်နေတာတွေ ငြိမ်းဖို့ Relax လုပ်လို့ကောင်းတဲ့ Rooftop Bar တွေ ရှာနေလား? ဆောင်းလေအေးလေး တဖြူးဖြူး၊ အချစ်သီချင်းသံ ချိုချိုလေးနဲ့ ရန်ကုန်မြို့ပြရဲ့ ညနေခင်း ရှုခင်းအလှကို ခံစားရင်း တစ်ပတ်တာ အမောတွေ ပြေနိုင်စေဖို့  Rooftop Bar (၁၀) ခုကို မျှဝေပေးလိုက်ပါတယ်။ တစ်ပတ်တာ ပင်ပန်းခဲ့သမျှကို ပိတ်ရက်မှာ အပန်းဖြေအနားယူရင်း နောက်တစ်ပတ်အတွက် အားမွေးလိုက်ပါ။

(၁) DATE Bar

ဒီဘားကတော့ နာမည်နဲ့လိုက်အောင် ရိုမန့်တစ်ဖြစ်တဲ့ နေရာလေးမို့ ချစ်သူစုံတွဲလေးတွေ အသွားများပါတယ်။ မီနူးကတော့ အရှေ့တိုင်း၊ အနောက်တိုင်း အစားအစာ တော်တော်စုံစုံ ရပါတယ်။

No.146(G), Shwe Hnin Si Street, 9 Mile , Mayangone Township, Yangon
09 758 353820

(၂) Atlas Rooftop Bar & Lounge

ရန်ကုန်မြို့ပြရဲ့  မွန်းကြပ်မှုကနေ ခဏတာ ရုန်းထွက်ပြီး အနားယူလို့ရမယ့် အိုအေစစ်လေးတစ်ခုပါ။ Atlas Rooftop Bar မှာဆိုရင်တော့ အရသာ ထူးခြားတဲ့ ကော့တေးတွေ၊ ရှန်ပိန်၊ ဘီယာနဲ့ တခြား အမြည်းဟင်းလျာတွေကိုလည်း မြည်းစမ်းနိုင်ပါတယ်။

84, Pann Hlaing Street, Yangon
09 767 419413

(၃) Roof Alchemy

Rooftop Bar တွေပြောရင် ဒီဘားလေးကိုတော့ ချန်ထားခဲ့လို့ မဖြစ်ပါဘူး။ လန်းဆန်းသွားမယ့် ကော့တေးတွေ၊ အမြည်းတွေအပြင် ထမင်းနဲ့ ခေါက်ဆွဲလို ဟင်းပွဲတွေလည်း ရရှိပါတယ်။

Sayarsan Hotel Rooftop, No. 42, Sayarsan Road, Bahan Township, Yangon
09 254 272 460

(၄) Rooftop 99 Bar & Lounge

မြို့ပြရဲ့ လတ်ဆတ်တဲ့ လေပြေတွေကို ရှုရှိုက်ခံစားရင်း၊ အချစ်သီချင်းအေးအေးလေးတွေကို နားထောင်လို့ရမယ့်အပြင် အရောင်အသွေး စုံလင်တဲ့ ကော့တေးတွေကိုလည်း မြည်းစမ်းနိုင်ပါတယ်။

No.99 U Yay Khel Street, Ward 2 Mayangone Township , Yangon
01 966 9292

(၅) Vista Rooftop Bar

ညနေခင်းအလှကို ကြည်နူးစွာ ခံစားမယ်၊ Band က ဖျော်ဖြေတဲ့ သီချင်းအေးအေးလေးတွေနဲ့အတူ စီးမျောမယ် ဆိုတဲ့သူတွေအတွက် အကောင်းဆုံး နေရာတစ်ခုကတော့ Vista Rooftop Bar ပါ။ ဒါတင်မကဘဲ ရန်ကုန်မြို့ရဲ့ အထင်ကရဖြစ်တဲ့ ရွှေတိဂုံဘုရားကို အဝေးကနေ လှမ်းဖူးမြော်နိုင်သေးလို့ အေးချမ်းပြီး စိတ်ချမ်းသာစေမယ့် နေရာလေးတစ်ခုဆိုလည်း မမှားပါဘူး။

No(168) A, Corner Of Old Yay Tar Shay & Shwe Gone Daing Rd, Bahan, Yangon
09-252666678, 09-5142840, 09-5142677

(၆) Natural Cascade

Hotel ဖြစ်တဲ့အတွက် Rooftop Bar အပြင် Spa နဲ့ KTV တို့လည်း ရှိပါတယ်။  ဒီ Bar ကတော့ အသောက်အတွက် ဘီယာ၊ ကော့တေးတွေအပြင် အမြည်းကောင်းကောင်းလေးတွေပါ ရပါတယ်။ Unplugged အစီအစဉ်လည်း ရှိပါတယ်။ 

အမှတ်(717)၊ သဒ္ဒါလမ်း၊ (4)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်။ (၄/၆ ဗြဟ္မစိုရ်အနီး)  
09891127676

(၇) Piano Bar

Piano Bar မှာ ထိုင်ရင်း ရန်ကုန်မြို့ရဲ့ ညအလှကို ခံစားမယ်ဆိုရင် အကောင်းဆုံး ညလေးတစ်ညကို သင်ပိုင်ဆိုင်ရမှာ အမှန်ပါပဲ။ ခမ်းနားတဲ့ ပြင်ဆင်မှုနဲ့အတူ ဂီတသံ ငြိမ့်ငြိမ့်ညောင်းညောင်းလေးတွေ ခံစားရင်း ကော့တေးလ် သောက်မယ်ဆိုရင် စိတ်ဖိစီးမှုတွေက အဝေးကို လွှင့်ပျောက်သွားစေမှာပါ။ ဒီဘားရဲ့ ထူးခြားချက်တစ်ခုကတော့ ရေကူးကန် ပါဝင်တာ ဖြစ်ပါတယ်။

No.2, Parami Rd, Parami Hotel 9th Floor, Mayangone Tsp, Yangon

(၈) Sirius A Bar

Bar ကို Interior Decoration အတွက် Architect တွေနဲ့ စိတ်ကြိုက် ပြင်ဆင်ထားတာမို့ တော်တော်မိုက်ပါတယ်။ လေလေးတဖြူးဖြူးနဲ့ သီချင်းအေးအေးလေးတွေ နားထောင်ရင်း တစ်မြို့လုံးရဲ့ View ကို ကြည့်ရှုခံစားနိုင်ပါတယ်။ Cocktail တွေ၊ Food Menu တွေဆိုလည်း အဆန်းလေးတွေ ရပါတယ်။ 

MHG Tower 198, Kyun Taw Street, Sanchaung, Yangon, Sanchaung,
09 752 965 514

(၉) Inya View Rooftop Bar

ဒီ Bar လေးကတော့ အင်းလျားကန်ကြီးရဲ့ အလှအပကို တမေ့တမောငေးရင်း ဘော်ဒါတွေ စကားစမြည်ပြောဖို့ အကောင်းဆုံးနေရာလေးပါပဲ။ ကော့တေး၊ ဝိုင်နဲ့ တခြားဖျော်ရည်ယမကာတွေအပြင် ဥရောပနဲ့ အာရှအစားအစာတွေ ရပါတယ်။

No(12)B7, Kan Road, 51/2 Miles, Hlaing Township, Yangon, Myanmar
09 40910 0900

(၁၀) 360 Degree Bar Yangon

တရုတ်အစားအသောက်တွေအပြင် ရှားရှားပါးပါး အင်းလေးစာတွေပါရတဲ့ ဆိုင်လေးဖြစ်ပါတယ်။ Live Band လေးလည်းရှိတော့ သီချင်းလေး နားထောင်းရင်း အေးအေးဆေးဆေး ငြိမ့်လို့ရမယ့် နေရာလေးဖြစ်ပါတယ်။ 

Gandamar Road, Kabaraye, Mayangone, Yangon
09 501 4148


Read 463 times.