Fast Food

စမ်းချောင်းမြို့နယ် မကြီးကြီးလမ်းမှာ အသစ်ဖွင့်ချလိုက်တဲ့ Korean Mart

September 7, 2023

ရန်ကုန်မြို့မှာ ပထမဆုံးအနေနဲ့ ကိုရီးယား ခေါက်ဆွဲတွေ၊ Snacks တွေ၊ အအေးတွေအပြင် Automatic Noodle Machine စက်ကြီးတွေပါ တစ်ခါတည်း အပြည့်အစုံရှိတဲ့ Korean Mart လေးတစ်ခုကို စမ်းချောင်းမြို့နယ်၊ မကြီးကြီးလမ်းမှာ မနေ့က စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။ K-Drama ဖန်တွေ မသွားမဖြစ် သွားကြည့်ရမယ့် ဆိုင်အသစ်လေးပါနော်။ 

ဆိုင်နာမည်က Happy Life - Snack Paradise လို့ ခေါ်ပါတယ်။ ဆိုင်နာမည်နဲ့လိုက်အောင် Foodie တွေအတွက် တကယ်ကို နိဗ္ဗာန်ရောက်သွားသလို ခံစားရစေပါတယ်။ ဆိုင်အဝင်၀မှာတင် Exo ထဲက အငယ်လေး အိုဆယ်ဟွန်းနဲ့ BTS ထဲက အငယ်ဆုံးလေး ဂျွန်ဂျောင်ဂု တို့နှစ်ယောက်က အရင်ကြိုဆိုနေမှာဆိုတော့ ကိုရီးယားအငွေ့အသက်တွေ စရနေပါပြီ။ ဆိုင်ထဲရောက်ပြီဆိုတာနဲ့ K-Drama ရုပ်ရှင်တွေထဲမှာ မြင်ဖူးနေကျ Convenience Store တစ်ခုထဲ ရောက်သွားသလို ခံစားရအောင် အပြင်အဆင်ကို သေချာလေး ဂရုစိုက်ပေးထားပါတယ်။ 

Advertisement

Click Here > Wite Unicorn

သူ့ဆိုင်မှာ ချိုချဉ်သေးသေးလေးကစလို့ ခေါက်ဆွဲ၊ တော့ပိုကီ၊ လေဖောင်းမုန့်၊ ဝေဖာ၊ ဂျယ်လီ၊ ဖျော်ရည်တွေ အကုန်လုံးကို ကိုရီးယားနိုင်ငံကနေ တိုက်ရိုက်တင်သွင်း ရောင်းချနေတာဖြစ်ပါတယ်။ ကိုရီးယားပြည်တွင်းသုံးစစ်စစ် စားသောက်ကုန်များကို စုံစိနေအောင် ရောင်းချပေးထားလို့ Quality ပိုင်း စိတ်ချရပြီး ရွေးချယ်စရာတွေ များလွန်းပါတယ်။ 

ဟန်းဂုမြေမှာ လူကြိုက်များပြီး အစားများတဲ့ Korean Noodles နဲ့ Snacks အမျိုးအစားပေါင်း (၅၀၀) ကျော်လောက်ကို သူ့ဆိုင်မှာ တွေ့ရပါလိမ့်မယ်။ Korean Drinks တွေဆိုလည်း (၆၀) ကျော်လောက် ထားပေးထားပြီး ရေခဲဘူးလေးတွေပါ အရံသင့် ပြင်ဆင်ထားပေးပါတယ်။ ပြီးတော့ သူ့ဆိုင်မှာ ကျန်းမာရေးအတွက် ကောင်းတဲ့ မက်ကောလီ (ကိုးရီးယားဆန်အရက်) ဘူးလေးတွေနဲ့ အသီးအရသာ ဆိုဂျူပုလင်းလေးတွေလည်း ရှိပါတယ်။ 

ဒါတင်မကသေး စျေးဝယ်ရင်း ဗိုက်ဆာလာရင် တစ်ထိုင်တည်း စားလို့ရအောင် ခေါက်ဆွဲပြုတ်စက်တွေလည်း ထားပေးထားပါတယ်။ ကိုယ်ကြိုက်တဲ့ ခေါက်ဆွဲကို ရွေးလို့ရတဲ့ အပြင် ခေါက်ဆွဲပြုတ်မှာ ထည့်စားမယ့် Sausage၊ ကြက်မဲ၊ ကြက်ဥ၊ ချီးစ် အပြင် တခြား ကိုယ်ကြိုက်တဲ့ Topping တွေကိုလည်း စိတ်ကြိုက် ရွေးလို့ရပါတယ်။ ကိုရီးယားဇာတ်လမ်းတွဲထဲကလို ဆိုင်ထဲက ခုံတန်းလေးမှာထိုင်ပြီး ခေါက်ဆွဲပြုတ်လေးစား၊ အအီပြေ၊ အစပ်ပြေ အအေးလေးသောက်ရင်း Chill လို့ ရပါပြီ။

ခေါက်ဆွဲပြုတ်ဖို့နဲ့ ထည့်စားဖို့အတွက် အိုးကအစ လက်ကိုင်နှစ်ခုပါတဲ့ ကိုရီးယားခေါက်ဆွဲအိုးလေး ပေးထားတာက ကျေနပ်စရာပါ။ ခေါက်ဆွဲပြုတ်တဲ့ စက်ကို မသုံးတတ်ဘူးဆိုလည်း စိတ်ပူစရာ မလိုပါဘူးနော်။ ဆိုင်က အကိုတွေ၊ အမတွေက သင်ပြပေးပါလိမ့်မယ်။ သူတို့ကို မမေးချင်ဘူးဆိုရင်လည်း စက်တွေရဲ့ အရှေ့မှာ အညွှန်းလေးတွေ ရေးပေးထားတော့ အဲ့အတိုင်း လိုက်လုပ်လိုက်ရုံပါပဲ။ ကိုယ်က ခေါက်ဆွဲထုတ် မဟုတ်ဘဲ ခေါက်ဆွဲဘူး ရွေးထားတယ်ဆိုရင်လည်း ပြုတ်ဖို့ Microwave လေး ထားပေးထားပါသေးတယ်။ 

ဒါ့အပြင် ဆိုင်ကို လာတဲ့ ဝယ်ယူသူဧည်သည်တိုင်း စိတ်အပန်းဖြေဖို့ ကိုရီးယားဇာတ်ဝင်တေးနဲ့ K-pop သီချင်းလေးတွေလည်း ဖွင့်ပေးထားပါသေးတယ်။ 

တခြားမြို့က လူတွေအနေနဲ့ ရန်ကုန်က လူတွေလို ဆိုင်မှာ ထိုင် Chill လို့ မရပေမဲ့ သူ့ဆိုင်က Snacks တွေ၊ Noodles တွေကို ဝယ်ယူချင်ရင် အွန်လိုင်းကနေ မှာယူလို့ရပါတယ်။ ရန်ကုန်နဲ့ မန္တလေးဆိုရင် သုံးရက်အတွင်း အိမ်အရောက်ပို့ ဝန်ဆောင်မှုရှိပြီး ကျန်မြို့တွေဆိုရင်တော့ ဂိတ်တင်ပြီး ပို့ဆောင်ပေးပါတယ်။  

ဆိုင်လိပ်စာ - အမှတ် (၄၃)၊ မကြီးကြီးလမ်း၊ ကျွန်းတောလမ်းနှင့်ဗဟိုလမ်းကြား၊ စမ်းချောင်းမြို့နယ်။

အနီးဆုံးမှတ်တိုင် - မဟာမြိုင်မှတ်တိုင်

ဖုန်း - 09 256 246 140

ဆိုင်ဖွင့်ချိန် - 9:30AM~7:30PM


Read 826 times.