အရသာတမူထူးခြားတဲ့ ငှက်ပျောဖက်နဲ့ပေါင်းထားတဲ့ မှိုပေါင်း
foodies တို့အတွက် ရှမ်းအစားအစာတစ်မျိုးဖြစ်တဲ့ မှိုပေါင်း ချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်..။
ရှမ်းအစားအစာဖြစ်တဲ့ မှိုပေါင်းကို ငှက်ပျောဖက်နဲ့ ပေါင်းထားလို့ သင်းပျံ့တဲ့မှိုပေါင်းကိုတော့ စားဖူးသူတိုင်း နှစ်သက်ကြမှာ အမှန်ပင် ဖြစ်ပါတယ်။ မှိုကိုတော့ ငွေနှင်းမှိုအပ်မှိုနှင့် ကြွက်နားရွက်သုံးမျိုးပေါင်းပြီး ပြုလုပ်ထားပါတယ်။
ပါဝင်ပစ္စည်းများ
ငွေနှင်းမှို - ၂၀၀ ဂရမ်
အပ်မှို - နှစ်ထုပ်
ကြွက်နားရွက်မှို - လက်တစ်ဆုပ်
ပင်စိမ်းရွက် - တစ်စည်း
ခရမ်းချဉ်သီး - တစ်လုံး
ဆန်မှုန့် - ၁၅၀ ဂရမ်
ကောက်ညင်းမှုန့် - ၂ဇွန်း
ကြက်သွန်နီ - တစ်လုံး
ဂျင်းကြက်သွန်ဖြူ - တစ်ဇွန်း စားပွဲဇွန်း
ဆီ - ၃၀ ml
နနွင်းမှုန့် - အနည်းငယ်
ဆား - တစ်ဇွန်း
ဟင်းခပ်မှုန့် - တစ်ဇွန်း
ရေ - ၁၀၀ ml
ငှက်ပျောဖတ်
တွဲဖက်စားရန်
ဂျူးမြစ်
နံနံပင်
ကြက်သွန်ဖြူဆီချက်
ငရုတ်သီးခြောက်ကြော်
ပြင်ဆင်ပြုလုပ်ပုံ
1.ဇလုံတခုတွင်ပါဝင်သော မှိုသုံးမျိုးကို သေးသေးစိတ်ပြီး ထည့်ပါ။
2.ကျန်ပါဝင်ပစ္စည်းများဖြစ်သောဆန်မှုန့်ကောက်ညင်းမှုန့်ဂျင်းကြက်သွန်ဖြူ ထည့်ပါ။ ကြက်သွန်နီ ခရမ်းချဉ်သီးနှင့် ပင်စိမ်းတို့ကို သေးသေးစိတ်ထည့်ပါ။
3.ဆားဟင်းခပ်မှုန့်ဆီနှင့် နနွင်းမှုန့်ထည့်ပြီးသမအောင်နယ်ပေးပါ။ရေကိုအနည်းငယ်ဆီထည့်နယ်ပါ။
4.အရသာအနေတော်ပါက ထုပ်ရန်ငှက်ပျောထက်ကို ရေဆေးသန့်စင်ပြီး မီးပြထားပါ။ ပေါင်းရန် ရေနွေးအိုးအသင့် တည်ထားပါ။
5.ပြီးလျှင် အသင့်နယ်ထားသောမှိုကို ထည့်ပြီးထုပ်ပါ။
6.အားလုံးထုပ်ပြီးပါက ပေါင်းမည့်ဘမ်းတွင် စီထည့်ပြီးဆူပွက်နေသောပေါင်းခံအိုးပေါ် တင်ပြီး မိနစ်၂၀ မှ ၃၀ထိ ပေါင်းပေးပါ။
7.ကျက်ပါက ပေါင်းအိုးမှ ချကာ ကြက်သွန်ဖြူဆီချက်၊ နံနံပင်၊ ဂျူးမြစ်၊ ငရုတ်ခြောက်တောင့်ကြော်ဖြင့် တွဲဖက် တည်ခင်းနိုင်ပါပြီ။