ပြည်ဒေသအစားအစာတွေကို စျေးတန်တန်နဲ့ ရောင်းပေးနေတဲ့ "ပြည်သူ" စားဖွယ်စုံ
ပြည်မြို့လို့ပြောလိုက်တာနဲ့ Foodie တွေ အရင်ဆုံး ပြေးမြင်မိမှာက ပန်းရောင်အကြွပ်ကြော်လေး ဖြူးထားတဲ့ ပြည်ထမင်းသုပ်နဲ့ အာလူးဟင်းရည် ပျစ်ပျစ်လေးနဲ့ ပြည်ပလာတာတို့ပဲ ဖြစ်မယ်ထင်ပါတယ်။ ဒီလို ပြည်မြို့ရဲ့ အထင်ကရ အစားအစာတွေကို ပြည်အထိ သွားစရာမလိုဘဲ ရန်ကုန်မှာတင် ပြည်အလွမ်းပြေ ဝယ်စားနိုင်မယ့် ဆိုင်လေး ရှိပါတယ်။
ဆိုင်နာမည်ကတော့ "ပြည်သူ" စားဖွယ်စုံဖြစ်ပြီး တာမွေ၊ ကမာရွတ်နဲ့ သု၀ဏတို့မှာ ဆိုင်ခွဲ (၃) ဆိုင် ဖွင့်လှစ်ထားပါတယ်။ ဆိုင်ပုံစံလေး ပြောရမယ်ဆိုရင် ဆိုင်ခန်းက အရမ်းမကျယ်ပေမဲ့ သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းရှိလို့ အေးအေးဆေးဆေး ထိုင်စားလို့ ရပါတယ်။
ဆိုင်ရှင်ကိုယ်တိုင်က ပြည်ဇာတိကဖြစ်ပြီး ပြည်အရသာစစ်စစ်ကို စားစေချင်တဲ့အတွက် အွန်လိုင်းကနေ စတင်ရောင်းချခဲ့ရာမှ အောင်မြင်လာခဲ့ပြီး ဆိုင်ခွဲ (၃) ဆိုင်အထိ ဖွင့်နိုင်ခဲ့ပါတယ်။
"ပြည်သူ" စားဖွယ်စုံမှာ ဘာတွေရလဲ?
ပြည်ထမင်းသုပ်၊ ပြည်တို့ဟူးသုပ်၊ ပြည်အစုံသုပ်၊ ပြည်ပလာတာ၊ ပြည်သူမုန့်ဟင်းခါး၊ ရွှေတောင်မုန့်ဟင်းခါး၊ ရွှေတောင်ခေါက်ဆွဲ၊ ထမင်းကြော်၊ ဆီထမင်း၊ ကောက်ညှင်းပေါင်းနဲ့ ကြာဇံချက်တို့ ရပါတယ်။ ဒါ့အပြင် အသုပ်အနေနဲ့ တောလက်ဖက်သုပ်၊ ဂျင်းသုပ်၊ စိန်ပန်းသုပ်၊ မုန်လာဥနီသုပ်၊ မြင်းခွာရွက်သုပ်၊ ဆေးဘဲဥသုပ်၊ လက်ဖက်ထမင်းသုပ် စတဲ့ ပေါ့ပေါ့ပါးပါး စားလို့ရတဲ့ မီနူးတွေလည်း ရှိပါတယ်။ သောက်စရာအနေနဲ့ ကော်ဖီနဲ့ အသင့်သောက် အအေးဘူးတွေပဲ ရှိပါတယ်။
စျေးနှုန်းအနေနဲ့ကတော့ လူတန်းစားမရွေး တတ်နိုင်တဲ့ ၁,၀၀၀ ကျပ်ကနေ အများဆုံး ၂,၅၀၀ ကျပ်အထိပဲ ရှိပါတယ်။ ဒါကြောင့် အကုန်အကျမများပဲနဲ့ ပြည်အစားအစာတွေကို မြည်းစမ်းကြည့်ချင်တယ်ဆိုရင် "ပြည်သူ" စားဖွယ်စုံဆိုင်လေး ရှိပါတယ်။
တာမွေ ၁၆၅ လမ်း၊ သုဝဏ္ဏပေါ်ဆန်းမွှေးလမ်းနဲ့ လှည်းတန်းအဝေရာလမ်း အနီးတဝိုက်ဆို ပို့ခအခမဲ့နဲ့ အခုမှာ အခုပို့ပေးပါတယ်။ ကျန်မြို့နယ်လေးတွေကတော့ ၁ ရက် ကြိုအော်ဒါမှာရပါတယ်။
ဖုန်း - 09766667440/ 09766667330
အေးအေးဆေးဆေး ဆိုင်မှာ ထိုင်စားချင်တယ်ဆိုရင် ပြည်သူရဲ့ ဆိုင်လိပ်စာလေးတွေကတော့ -
Pyay Thu-ပြည်သူ ဆိုင်(၁)
အမှတ် (၃၃)၊ မြေညီထပ်၊ ၁၆၅ လမ်း (လမ်းရှည်)၊ တာမွေမြို့နယ်။
နေ့စဥ်ပိတ်ရက်မရှိ (မနက် ၇:၀၀ မှ ည ၇:၀၀အထိ)
09774942243, 09766667330, 09766667440
Pyay Thu-ပြည်သူ ဆိုင်(၂)
အမှတ် ၆(င)၊ သုဝဏ္ဏ၊ ပေါ်ဆန်းမွှေးလမ်း၊ ပေါ်ဆန်းမွှေးအိမ်ရာ၊ Mint The Mart Mini Mart.
နေ့စဥ် ပိတ်ရက်မရှိ (မနက် ၇:၀၀ မှ ည ၆:၀၀အထိ)
09767299992, 09767399993
Pyay Thu-ပြည်သူ ဆိုင် (၃)
အမှတ် (၇)၊ မြေညီထပ်၊ အဝေရာလမ်း၊ ကမာရွတ်မြို့နယ်။
နေ့စဥ်ပိတ်ရက်မရှိ (မနက် ၇:၀၀ မှ ည ၇:၀၀အထိ)
09766667440, 09766667330