Up to 40% OFF

စားချင့်စဖွယ် ဂျပန်စတိုင်လ် အာလူးသုတ် ...

June 24, 2020

ကလေးများလည်း အကြိုက်တွေ့စေမည့်အပြင် လူကြီးများ အတွက်လည်း စားရတာ အဆင်ပြေစေမည့် ဂျပန်စတိုင်လ် အာလူးသုတ် နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းတွေကတော့...

•    အာလူး၊
•    သခွားသီး၊
•    ကြက်သွန်နီ၊
•    မုန်လာဥနီ၊
•    ဂဏန်းအသားချောင်း၊
•    စပျစ်သီးခြောက်၊
•    မရောနစ်၊
•    ဂျပန်ပဲငံပြာရည်၊
•    သကြား၊
•    ဆား တို့ လိုအပ်ပါမယ်။

 

ပြုလုပ်နည်း
======

-   ပထမဆုံး အာလူးကို ရေဖြင့် သန့်ရှင်းအောင် ဆေးကြောပြီး ဆားထည့်၍ ပြုတ်ပေးပါ။ ပြီးလျှင် အာလူးပူနေတုန်း အခွံခွာပြီး ဇွန်းဖြင့် ချေပေးထားပါ။

-   ပြီးလျှင် သခွားသီးကို ပါးပါးလှီးပြီး ဆားဖြူး၍ နယ်ထားပါ။

-   ပြီးနောက် မုန်လာဥနီကိုလည်း အပြားကလေးများဖြစ်အောင် မိမိစိတ်ကြိုက် လှီးပြီး ကြက်သွန်နီကိုလည်း ပါးပါးလှီးဖြတ်ထားပါ။

-   မုန်လာဥနီကို ပြုတ်ပြီး မီးကိုလျှော့၍ ကြက်သွန်နီ၊ စပျစ်သီးခြောက်များကို ရေနွေးထဲသို့ ရောထည့်လိုက်ပါ။
-   ပြီးနောက် ဆန်ကာဖြင့် ရေစစ်ထားပါ။

-   ပြီးလျင် ဂဏန်းအသားချောင်းကို အရွယ်တော် လေးတွေ ဖြစ်အောင် လှီးဖြတ်ထားပါ။

-   နောက်ဆုံးမှ ချေထားသော အာလူး၊ ရေညှစ်ထားတဲ့ သခွားသီး၊ မုန်လာဥနီ၊ ကြက်သွန်နီ၊ စပျစ်သီးခြောက်တို့ကို ရောထည့်ပြီး နောက် ဂဏန်းသားချောင်းကို ထည့်လိုက်ပါ။ ပြီးတော့မှ ရောမွှေ ပေးပါ။


###   ပြီးလျှင်တော့ အလွန်အရသာရှိတဲ့ ဂျပန်စတိုင်လ် အာလူးသုတ် ကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။ Credit#Original


Read 487 times.