Up to 40% OFF

ချိုချဉ်အရသာ လိမ္မော် ကျောက်ကျောပြုလုပ်နည်း

June 26, 2020

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ သင်္ကြန်ကာလလို ပူပြင်းတဲ့ရာသီမှာ နေ့လည်နေ့ခင်းအတွက် ရင်ထဲအေးပီး ခေါင်းမူးပြေစေတဲ့ ချိုချဉ်အရသာ လိမ္မော်ရည်ကျောက်ကျော အေးအေးလေးလေး လုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

လိုအပ်သည့်အမယ်များကတော့ ...

ကျောက်ကျောမှုန့်၊

လိမ္မော်ရည်၊

သကြားအညို၊

ဆားနှင့်

ရေတို့လိုအပ်ပါမယ်။

ပြုလုပ်နည်း

========

ပထမဆုံး အိုးထဲသို့ ရေအရင်ထည့်ပြီး ဆူပွက်အောင်ကြိုပါ။ ရေနွေးဆူပွက်လာလျှင် ကျောက်ကျောမှုန့်၊ သကြားနှင့် ဆားအနည်းငယ်ထည့်ပြီး မီးအေးအေးနှင့်မွှေပြီးကျိုပေးပါ။


ပြီးနောက် လိမ္မော်ရည် ထည့်ချင်သလောက်ကို လောင်းထည့်ပြီး မိနစ်အနည်းငယ် ထပ်မွှေပြီး ကျိုပေးပါ။ ပြီးလျှင် လင်ဗန်းထဲသို့ပြောင်းထည့်ပြီး ရေခဲသေတ္တာထဲတွင် နှစ်နာရီလောက် အအေးခံပေးပါ။


အအေးခံပြီးရင် ချိုချဉ်အရသာရှိပြီး အမူးအမောပြေစေတဲ့ လိမ္မော်ရည်ကျောက်ကျောအေးအေးလေးကို အသင့်သုံးဆောင်နိုင်တယ်။


Read 1013 times.