ရေဘဝဲ ကို ချဉ်ချဉ်စပ်စပ်လေးဖြစ်အောင် ဘယ်လို ချက်ကြမလဲ?
ဒီချက်နည်းက ထိုင်းချိုစပ်မွှေးချက်နည်းကို အခြေခံထားပါတယ်.....
ရေဘဝဲဟင်းလေးမချက်ခင်ရေဘဝဲကိုင်နည်းလေးဝေမျှချင်ပါတယ်။ သူများတွေဘယ်လိုဆေးကြောသန့်စင်သလဲသေချာမသိပေမယ့်.....
လွယ်ကူရိုးရှင်းတဲ့နည်းလေး မျှဝေပေးချင်ပါတယ်....
ရေဘဝဲအကောင်ဦးခေါင်းပိုင်းလေးရဲ့အောက်ဖက်ကိုဓားထက်ထက်လေးနဲ့အသာလေးထိုးခွဲပြီး
အထဲကအဖြူရောင်အလုံးလေးနှင့်အတူရှိတဲ့အကျိအချွဲအားလုံးကိုဖယ်ထုတ်လိုက်ပါ။
ရေဘဝဲဦးခေါင်းနဲ့လက်တံတွေရဲ့အစပ်မှာမျက်လုံးနှစ်လုံးကိုဖယ်ရှားဖောက်ထုတ်လိုက်ပါ။
ရေဘဝဲကိုင်တာကဒီလောက်ပါပဲ။ အညှီနံ့နဲ့အကျိအချွဲကင်းစင်ဖို့အတွက်အထက်ကသန့်စင်နည်းပြီးတဲ့အခါ ရေများများနှင့်တစ်ထပ်ဆေးချပါ။
ရေဘဲထဲသို့ ဂျုံမှုန့်စိမ်း(သို့)ပဲမှုန့်စိမ်းလက်တစ်ဆုပ်လောက်ဖြူးထည့်ပြီးတဇွိဇွိနေအောင်(၃)မိနစ်ခန့်နယ်ပေးပါ။ရေများများဖြင့်ဆေးချပါ။ နောက်တစ်ကြိမ်မှာတော့ ဗီနီဂါရည်အနည်းငယ်ထည့်နယ်ပြီးရေများများဖြင့်ဆေးချပါ။ဒါဆိုရင် လုံးဝသန့်စင်သွားပါပြီ။
အိုးတစ်လုံးမှာရေခပ်များများကိုအပူပေးပါ။
ချင်းသေးသေးတစ်တက်ကိုဓားပြားရိုက်ထည့်ပါ။
သံပုရာသီးတစ်လုံးကိုလှီးစိတ်ပြီးအခွံပါထည့်ပါ။ရေဆူလာလျှင် ရေဘဝဲတွေကိုထည့်ပြုတ်ပါ။
မိမိကနူးနူးညံ့ညံ့ အိပျော့ပျော့လေးစားချင်ရင်ရေနွေးထဲထည့်ပြီး (၃)မိနစ်ခန့်(ရေဘဝဲစတင်ကျက်)မှာဆယ်ထုတ်အအေးခံပါ။ ခပ်ထုတ်ထုတ်လေးစားချင်ရင်တော့(၇)မိနစ်ခန့်လောက်ပြုတ်ပေးပါ။
ချက်နည်းလေးစကြရအောင်...
ရေဘဝဲပြုတ်ပြီး............၂၀ သား
ကြက်သွန်နီကြီးကြီး.......၁လုံး
ကြက်သွန်ဖြူ..................၃တက်
ချင်းသေးသေး................၁တက်
စပါးလင်.........................၁ ချောင်း
ပဒဲကောသေးသေး..........၁တက်
ငရုတ်သီးစိမ်း..................၅တောင့်
ငါးပိ.................................ကွမ်းသီးလုံးခန့်
တောရှောက်ခါးရွက်(ခ)ရှောက်ဘီးလူးရွက် ၃ရွက်။
သံပုရာသီး..........၁လုံး
ကြက်သွန်နီ၊ ဖြူ ၊ ချင်း၊ စပါးလင်၊ ပဒဲကော
ငရုတ်သီးစိမ်းတို့ကိုညှက်နေအောင်ထောင်းပါ။
တောရှောက်ခါးရွက် ၂ ရွက်ကို ရွက်ဆုတ်ခြွေထားပါ။ ၁ရွက်ကို မျှင်မျှင်လေးလှီးပါ။
ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်ကိုအပူပေးပြီး
ထောင်းထားသောအရောကိုနနွင်းမှုန့်၊အရောင်တင်မှုန့်အနည်းငယ်နှင့်အတူဆီသပ်ပါ။
အနည်းငယ်နွမ်းလာလျှင် ငါးပိထည့်ပြီးချေပေးပါ။
မွှေးလာလျှင်ပြုတ်ထားတဲ့ရေဘဝဲတွေထည့်ပါ။
ရေမဖြည့်စွက်ရ။ ရေဘဝဲပြုတ်က ရေအနည်းငယ်စိမ့်ထွက်လာပါမယ်။
ငါးငံပြာရည်၊ဆား၊ သကြားဟင်းခတ်မှုန့်ဖြင့်အရသာဖြည့်စွက်ပါ။
ရွက်ဆုတ်ခြွေထားတဲ့တောရှောက်ခါးရွက်တွေထည့်ချက်ပါ။
ရေခမ်း၊ဆီပြန်လာလျှင်သံပုရာသီးကြီးကြီး၁စိတ်ကိုညှစ်ချပါ။ အနံ့လေးမွှေးတက်လာပါလိမ့်မယ်။
ရေခမ်းဆီပြန်လာလျှင်အမျှင်လှီးထားတဲ့တောရှောက်ခါးရွက်လေးဖြူးထည့်ပြီး သံပုရာခြမ်းစိတ်လေးဖြင့်အလှဆင်ပေးပါ။
#Crd
By The Myanmar Restaurant Guide