Up to 40% OFF

ရိုးရိုးရှင်းရှင်း လွယ်ကူစွာ လုပ်စားလို့ရသော ထိုင်းစတိုင်လ် ငါးပေါင်းဟင်းထုပ်

July 1, 2020

ရိုးရိုးရှင်းရှင်း ငါးပေါင်းဟင်းထုပ် လုပ်စားကြမလား? ဒီချက်နည်းလေးကတော့ ထိုင်းစတိုင်လ် ပုံစံလေးပါ။

တခြား ငါးပေါင်းနည်းတွေလည်း မျိုးစုံရှိပါတယ်။  အဲဒီအထဲကမှ အရသာကောင်းမွန်ပြီး အဆာပြေစေမည့် ဟင်းအဖြစ် တည်ခင်းဧည့်ခံနိုင်တဲ့ ထိုင်းစတိုင်လ် ငါးပေါင်းထုပ်နည်းလေးအကြောင်းကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းတွေကတော့ _
- ကကတစ်ငါး၊ ယိုးဒယားဟင်းချက်အနှစ်၊ ယိုးဒယားငံပြာရည်၊ ပဲငံပြာရည်၊ သံပရာသီး၊ အုန်းနို့၊ ပင်စိမ်း၊ ကြက်သွန်မြိတ်၊ ငှက်ပျောဖက် တို့ လိုအပ်ပါမယ်။

ပထမဦးဆုံး ကကတစ်ငါးကို ရေဆေးသန့်စင်ပြီးရင် အသားလွှာ လိုက်ပါ။ 

ပြီးရင် ကကတစ်ငါး အသားလွှာပြီးသားကို ပန်းကန်တစ်ခုတွင် ထည့်ပြီး ငံပြာရည်၊ ပဲငံပြာရည်၊ ဟင်းချက်အနှစ်၊ အုန်းနို့၊ နံနံပင်၊ သံပရာရည်တို့ကိုထည့်ပြီး သမအောင်နယ်ထားပါ။

ပြီးလျှင် ငှက်ပျောဖက်ကို အပူပေးပြီး ပျော့အောင်ပြုလုပ်ကာ ပင်စိမ်းအနည်းငယ်ကို ဖက်ပေါ်ခင်းထားပါ။

ပြီးရင်တော့ ငါးကိုထည့်ကာ သေချာစွာထုပ်ပြီး သွားကြားထိုးတံဖြင့် ထိုး၍ လုံအောင်ပိတ်ပါ။

အားလုံးထုပ်ပြီးပါက ပေါင်းအိုးဖြင့် ရေတည်ထားပါ။ ရေဆူပွက်လျှင် ထုပ်ထားသည့် ငါးပေါင်းထုပ်များကို တင်ပြီးမိနစ်အနည်းငယ်ခန့် ပေါင်းထားပါ။

အချိန်ပြည့်ပါက ငါးအသားကျက်မကျက် စစ်ကြည့်ပြီး ကြက်သွန်မြိတ်ကို ပါးပါးလှီးထား၍ အပေါ်မှ အလှဆင်ပေးပြီးရင်တော့ ထိုင်းစတိုင်လ် ငါးပေါင်းထုပ်ကို တည်ခင်းသုံးဆောင်နိုင်ပါတယ်။


Read 875 times.