မုန့်ကုလားမဲ (ခေါ်) ဒိုဒို မုန့်လုပ်နည်း
မုန့်ကုလားမဲ (ခေါ်) ဒိုဒို မုန့်လုပ်နည်း
ပါဝင်ပစ္စည်းများ
ကောက်ညှင်းငချိတ်
သကြား (သို့) ထန်းလျက်
ဆီ၊ သီဟိုစေ့၊ ဘိန်းစေ့၊ အုန်းနို့၊ ထောပတ်အနည်းငယ်၊ ဆားအနည်းငယ်၊ သံပုရာရည် တို့ ဖြစ်ပါတယ်။
မုန့်ပြုလုပ်နည်း
ထမင်းပေါင်းအိုးဆန်ချဉ်ခွက်နဲ့ ကောက်ညှင်းငချိတ်တစ်ခွက်ကို ညထဲကဆေးပြီး ရေစိမ်ထားပါ။ ထိုးခါနီးမှာ ကောက်ညှင်းကို ဇကာနဲ့ရေစစ်ပြီး ဘလန်ဒါထဲထည့်ပါ။ ပြီးရင်အုန်းနို့တစ်ခွက်၊ ရေတခွက်ထည့်ပြီး ကြိတ်ပါ။
အုန်းနို့နှစ်ခွက် ထည့်ချင်လဲရပါတယ်။ မကပ်တဲ့အိုးထဲမှာ သကြားတခွက် ရေတခွက်ထည့်ကြိုပါ။ ဆူလာရင် သံပုရာရည်တဇွန်းထည့်ပါ။ ဆားကိုလဲ လက်ဖက်စားဇွန်း တစ်ဇွန်းထည့်ပါ။ (တကယ်လို့ ကောက်ညှင်းဆန် နှစ်ခွက်စာ လုပ်မယ်ဆိုလဲ၊ သံပုရာရည်ကတော့ ထမင်းစားဇွန်းတဇွန်းပဲထည့်ပါ။) ပြီးရင်ကောက်ညှင်း ကြိတ်ထားတာထည့်ပြီး အဆက်မပြတ်မွှေပါ။ ပျစ်ပြီး အရောင်ပြောင်လာတဲ့အထိ မွှေပါ၊ အဓိက ရေခန်း စေချင်တာပါ။
ပြီးရင်တော့ ဆီခွက်တဝက်အဆင်သင့် ထားပါမယ်။ အိုးကိုဘေးချပြီး ဆီနှစ်ဇွန်းထဲ့မွှေပါ၊ နှံ့အောင်မွှေပြီး မီးဖိုပေါ်ပြန်တင်ပါ။ ဆက်မွှေပါ။ ဆီထည့်လိုက် မွှေလိုက်နဲ ဆီကုန်ပြီးရေခမ်းပါစေ။ နောက်ဆုံးမှာ ထောပတ် ထမင်းစားဇွန်းတဇွန်း ထည့်မွှေပါ။ ခဲပီးလုံးလာတဲ့အထိမွှေပါ။ ဆီထွက်လာတဲ့အထိမွှေရမှပါ။ သီဟိုစေ့ အနဲငယ်ထည့်ပါ။ ပြီးရင်ဘူးထဲထည့်ပါ၊ ဘိန်းစေ့ကြိုက်ရင် ဖြူးပြီးအအေးခံထားပါ။ သေချာအေးရင်ရပါပြီ။
မာမာကြိုက်ရင် ကြာကြာထိုးပါ။ တခွက်ထိုးရင် မွှေချိန်၂၅မိနစ် အနဲဆုံး မွှေရမှာပါနော်။
Credit
မနီ(နော်ဝေး)