Up to 40% OFF

သာကူပြုလုပ်နည်း

March 11, 2020

မြန်မာ နှစ်ကူး သင်္ကြန်အခါ နီးလာပြီမို့ သင်္ကြန်တွင်း လုပ်စားနိုင်ဖို့ အတွက်  သာကူလုပ်နည်းလေးကို မျှဝေပေးချင်ပါတယ်။ ပုံမှန်သာကူကိုမှ အစိမ်းရောင်လေးဆိုတော့ မြင်ရတာလေးကပိုပြီး ဆန်းသစ်နေစေမှာ အမှန်ပါဘဲနော်။ သာကူထဲကို ကန်စွန်းဥအပြင် အာလူးလေးကိုလည်းထည့်လို့ရတယ်ဆိုတော့ ဒီတစ်ခါမှာတော့ အာလူးထည့်ပြုတ်တဲ့ သာကူကျိုနည်းလေးကို ပြောပြပေးပါမယ်။ 

 

ပါဝင်ပစ္စည်းများ
==============

- သာကူစေ့ – ၄၀၀ ဂရမ် (သာကူ အစိမ်းရောင်ထုပ်)
- သကြား – ၄၀ကျပ်သား
- အုန်းနို့နှစ် – ၂၀၀ ဂရမ်
- အာလူး – ၆လုံး (အလုံးကြီး)
- ဆား – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ

 

ပြုလုပ်နည်း
==========

- အရင်ဆုံး ဒယ်အိုးတစ်ခုထဲ အာလူးများကို ရေဖြင့် နူအောင်အထိ ပြုတ်ပေးပါ။ အာလူးများ နူသွားမှ အခွံနွာပြီ လက်မဝက်အရွယ် အတုံးလေးများ တုံးထားပေးပါ။
- ထို့နောက် သာကူကျိုပါမည်။ သာကူကျိုရန်အတွက် ဒယ်အိုး ၁အိုးထဲသို့ ရေ(၂လီလီတာ) ခန့်ထည့်ပေးပါ။ ယင်းနောက် ရေပွက်ပွက်ဆူလာမှ သာကူများကို ထည့်ပြီး အဆက်မပြတ်မွှေပေးနေပါ။ သာကူစေ့များကို မပြဲစေပါနှင့်။ မမွှေပေးပါက သာကူစေ့များကပ်သွားပါလိမ့်မည်။


- ပြီးနောက် သကြားများထည့်ပေးပါ။ သာကူထဲမှ အဆံလေးများ မရှိတော့လျှင် ရပါပြီ။
- ထို့မှ ပြုတ်ထားသော အာလူးများ၊ အုန်းနို့နှစ်များထည့်ကာ ရောမွှေလိုက်ပါ။

 ပြီးလျှင် အပေါ်မှ အုန်းသီးလေးများဖြူးပြီ သာကူ ပူပူလေး သုံးဆောင်နိုင်ပါပြီ…


Read 2656 times.