Up to 40% OFF

နွေရာသီနဲ့လိုက်ဖက်တဲ့အသီးဖျော်ရည် ၅ မျိုး ပြုလုပ်နည်း

February 25, 2020

ရေသောက်ရတာကို မကြိုက်ဘူးဆိုရင်တော့ အရသာရှိပြီး ရေဓာတ်လဲပြည့်စေမဲ့အသီးဖျော်ရည်လေးတွေပြောင်းပြီး သောက်ကြည့်ရအောင်။ လွယ်ကူပြီး အရသာရှိစေမဲ့ အသီးဖျော်ရည်လုပ်နည်းလေးတွေမို့ အိမ်မှာပြုလုပ်ရအဆင်ပြေစေမှာပါ။ 

Strawberry Pineapple Juice 

=====================
ပါဝင်ပစ္စည်းများ
-စတော်ဘယ်ရီသီး
-နာနတ်သီး
-နို့မှုန့်
-ဒိန်ချဉ်

ပြုလုပ်ပုံ 
စတော်ဘယ်ရီနှင့်နာနတ်သီးတို့ကို လှီးပြီးဖျော်စက်ထဲသို့ ထည့်ပါ။ ထို့နောက် နို့မှုန့်၊ ဒိန်ချဉ်၊ ရေခဲတို့ကိုထည့်ပြီးဖျော်ပါ။ ပြီးရင်တော့ အေးမြပြီးအရသာရှိတဲ့ Strawberry Pineapple Juice လေးကို သောက်သုံးလို့ရပါပြီနော်။

.........................................................

Apple Banana Smoothie

====================


ပါဝင်ပစ္စည်းများ
-ပန်းသီးတစ်လုံး
-ဌက်ပျောသီးနှစ်လုံး
-ပျားရည်တစ်ဇွန်း
-နွားနို့တစ်ခွက်

ပြုလုပ်နည်း
ပန်းသီးနှင့်ဌက်ပျောသီးကို အခွံနွှာလှီးပြီး ဖျော်စက်ထဲသို့ ထည့်ပါ။ ပျားရည်နှင့်နွားနို့တို့ကိုပါ လောင်းထည့်ပြီး ဖျော်စက်ဖြင့်မွှေပါ။ပြီးရင်တော့ အရသာရှိပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ Apple Banana Smoothie လေးကိုရရှိပါပြီ။ 

......................................................

Mango Banana Smoothie

====================
ပါဝင်ပစ္စည်းများ
-သရက်သီး
-ဌက်ပျောသီး
-နွားနို့
-ပျားရည်

ပြုလုပ်နည်း
သရက်သီးနှင့် ဌက်ပျောသီးကို အခွံနွှာလှီးပြီး ဖျော်စက်ထဲသို့ထည့်ပါ။နောက်ထပ်ပျားရည်နှင့်နွားနို့တို့ကို ထည့်ပြီးဖျော်စက်ဖြင့် မွှေပြီးရင်တော့ အရသာရှိတဲ့ Mango Banana Smoothie ကိုရရှိမှာဘဲ ဖြစ်ပါတယ်။

...............................................

ဖရဲသီးဖျော်ရည်

============

ပါဝင်ပစ္စည်းများ
-ဖရဲသီး  ၂ ခွက်
-အုန်းရည် ၁ ခွက်
-သံပုရာသီး ၁ လုံး


ဖရဲသီး ၊ အုန်းရည် နဲ့သံပုရာသီး တွေကို အပေါ်ကအချိုးအစားအတိုင်း ဖျော်ရည်ဖျော်စက်ထဲမှာ ထည့်ပြီး ရောမွှေပေးပါ။ ရေခဲလေးတွေပါ ရောထည့်ပြီးတော့ သောက်ပေးရင်တော့ လုံးဝပြီးပြည့်စုံ သွားပြီပေါ့။

.................................................

sweet lime soda

=============

ပါဝင်ပစ္စည်းများ

-သံပုရာသီး  ၃ လုံး
-ချင်း  အနည်းငယ်
-Mint  ၂ ရွက်
-သကြား  စားပွဲတင်ဇွန်း ၂ ဇွန်း နဲ့တစ်ဝက်
-ဆား  အနည်းငယ်
-ရေခဲ  ၃ တုံး

-ရေ   ခွက်တစ်ဝက်

-Soda  အနည်းငယ်


သံပုရာရည် ၊ ဂျင်း ၊ mint ၊ သကြား ၊ ဆား ၊ ရေခဲ ၊ ရေ တို့ကို ဖော်ပြထားတဲ့အချိုးအစားအတိုင်း ဖျော်စက်ထဲ မှာထည့်မွှေပေးပါ… ရလာတဲ့ သံပုရာဖျော်ရည်ကို ဇကာကို အသုံးပြုပြီးတော့ စစ်ပေးပါ… ဖန်ခွက်သုံးပုံနှစ်ပုံ ကို သံပုရာဖျော်ရည် ထည့်ပေးပါ… အပေါ်မှာ Soda ထည့်ပေးပြီးတော့ သမအောင် ရောမွှေပေးပါ… ရေခဲကြိုက်ရင်တော့ ရေခဲထပ်ထည့်ပြီး သုံးဆောင်နိုင်ပါပြီ။


Read 2015 times.