ဖရဲသီးဘီယာပြုလုပ်နည်း
ဖရဲသီးလေးဟာဆိုရင်လည်း နေပူပူလေးမှာ အရည်ရွှမ်းရွှမ်း ချိုချိုလေးကိုစားလိုက်ရင် အပူဒဏ်ကိုမေ့ပြီး အမောပြေတတ်ကြပါတယ်။ ဒါဆိုရင်တော့ နွေရာသီရဲ့ နေပူပူမှာ ဖရဲသီးလေးစားမလား ဘီယာလေးသောက်မလားကတော့ စဉ်းစားစရာတော့ဖြစ်နေပါပြီနော်။
ဒါဆိုရင်တော့ နှစ်မျိုးစလုံးကို တစ်ပြိုင်ထဲ Try နိုင်ဖို့ အတွက်တော့ နည်းလမ်းကောင်းလေးတစ်ခုရှိပါတယ်။ အဲ့တာကတော့ ကိုယ်တိုင်လွယ်ကူစွာပြုလုပ်နိုင်မဲ့ ဖရဲသီးဘီယာ ဘဲဖြစ်ပါတယ်။
ဖရဲသီးဘီယာအတွက် ပါဝင်ပစ္စည်းလေးတွေကတော့-
-ဖရဲသီး(အနေတော်အရွယ်အစား ၃ ၄ စိတ်)
-Vanilla အရည် 1/2 အောင်စ
-ရေခဲစိမ်ထားသောဘီယာ(အအေးခံထားသော)
ပြုလုပ်နည်းအဆင့်ဆင့်
-ဖရဲသီးအစိတ်လေးများကို အစေ့များ၊အဖက်များမပါအောင် အရည်ညှစ်ယူပါ။
-ဖန်ခွက်ထဲသို့ Vanilla ရည်ထည့်ပြီးနောက် အရည်ညှစ်ထားသော ဖရဲသီးဖျော်ရည်ကိုတစ်ဝက်ခန့်ပါ။
-ပြီးရင်တော့ အေးခဲထားတဲ့ ဘီယာကို ဖန်ခွက်ထဲသို့ပြည့်အောင်လောင်းထည့်ပြီး ဖြည့်ပါ။
ဖော်ပြပါအဆင့်တွေအကုန်ပြီးပြီဆိုရင်တော့ နွေရာသီနဲ့လိုက်ဖက်တဲ့ ပြီးပြည့်စုံနဲ့ ဖရဲသီးဘီယာအေးအေးလေးကို သုံးဆောင်လို့ရပါပြီ။ လွယ်လွယ်ကူကူနဲ့ပြုလုပ်နိုင်တာမို့ အိမ်မှာဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် အတူတူသောက်သုံးကြည့်ဖို့ အကြံပြုချင်ပါတယ်။