ချဉ်ငန်စပ် နှစ်သက်သူများအတွက် သောက်စမ်း၊ Soup ချက်နည်းများ အပိုင်း (၃)
ကြက်သားနှင့်မျှစ်ချိုနုရခိုင်သောက်ဆမ်း
ဗမာကြက် တစ်ခြမ်း
မျှစ်ချိုနု ၂၀ကျပ်သား
ငရုတ်သီးစိမ်း ၂၀တောင့်ခန့်
စိမ်းစားငါးပိ ၁ဇွန်း
မန်ကျည်းသီးမှည့် အနည်းငယ်
နံနံပင် အနည်းငယ်
ကြက်သားကိုရေဆေးသန့်စင်ပြီးအနေတော်အတုံးလေးများတုံးပါ။
ငရုတ်သီးစိမ်း နှင့် ငါးပိကိုနနွင်းမှုန့်အနည်းငယ်ဖြင့်ရေခမ်းအောင်ပြုတ်ပြီးညှက်အောင်ထောင်းပါ။
မန်ကျည်းသီးမှည့်ကိုရေနွေးလေးဖြင့်စိမ်ပြီး ဖျော်ထားပါ။
အနေတော်တုံးထားတဲ့ကြက်သားကိုချက်မည့်အိုးတွင်ထည့်ပြီးဆား၊ဟင်းခတ်မှုန့်၊ ကြက်သားမှုန့်၊နနွင်းမှုန့်အနည်းငယ်၊ငရုတ်သီးထောင်းအရောတို့နှင့်ရောနယ်ပါ။
မီးရှိန်အေးအေးမှာအဖုံးပိတ်ပြီးလုံးချက်၊ ချက်ပေးပါ။
ရေအနည်းငယ်ခမ်းသွားလျှင်သစ်သားယောင်းမလေးဖြင့်ခပ်ဖွဖွမွှေပေးပြီး ပြုတ်ထားတဲ့မျှစ်ချိုနုလေးတွေထည့်ပါ။
မန်ကျည်းမှည့်ရေလေးလောင်းထည့်ပါ။
ရေအနည်းငယ်လေးလိုက်ပေးပြီးဖြည်းညှင်းစွာမွှေပေးပါ။
နံနံပင်လေးအုပ်ထည့်ပြီးချက်ပေးပါ။
#Crd
ငါးခေါင်းချဉ်စပ်
ပါဝင်ပစ္စည်းများ
သန့်စင်ပြီး နှစ်သက်ရာ ငါးခေါင်း - ၂
ခေါင်းခရမ်းချဉ်သီးမှည့် - ၂ လုံး
မျှစ်ချိုနုနု - အနည်းငယ် (ရေစိမ်ထားပါ)
နှစ်သက်ရာ မှို - အနည်းငယ်
ငုံးဥ - ပြုတ်ထားပါ
နံနံပင်၊ ငရုတ်စိမ်းတောင့်၊ ပင်စိမ်း၊ သံပုရာသီး
ဂျင်း - လက်တဆစ်
ကြက်သွန်ဖြူ
ငြုပ်ပွ - ၁ တောင့်
စပါးလင် - ၁ ပိုင်း (ထုချေထားပါ)
ဆား၊ နနွင်း၊ ငံပြာရည်
ပြုလုပ်နည်း
ဂျင်း လက်တဆစ် ၊ ကြက်သွန်ဖြူ ၊ ငြုပ်ပွတစ်တောင့် တို့ကို ရောထောင်းထားပါ ။ စပါးလင် တစ်ပိုင်းကိုလည်း ထုချေ ထားပါ ။
ငါးခေါင်းကို ဆား ၊ နနွင်း ၊ ငံပြာရည် ထည့်နယ်ထားပါ ။ ငုံးဥပြုတ်ထားပါ ။ မျှစ် ကိုရေစိမ်ထားပါ ။
ချက်မယ့်အိုးထဲ ငါးခေါင်းထည့် ၊ ဆီ ဇွန်းသေး ၁ ဇွန်းထည့် ၊ ကြက်သွန်ထောင်းထည့် ၊ စပါးလင်ထည့် ၊ ခရမ်းချဉ်သီးထည့် ၊ ဆုံဆေးရေအနည်းငယ်ထည့် တည်ထားပါ ။
ဆူပွက်လာရင် အရသာမြည်းပါ မိမိစိတ်ကြိုက် ပြင်ဆင်ပါ ။ ရေကို ငါးခေါင်းမြုပ်အောင်ထည့် ပြန်တည်ထားပါ ။ငါးခေါင်းနူးလာရင် မှို ၊ မျှစ် ၊ ငုံးဥထည့် ၊ နံနံ ၊ ငြုပ်စိမ်း ၊ ပင်စိမ်းအုပ်ပါ ။
ချခါနီးမှ သံပရာရည်ညှစ် ပူပူလေး သုံးဆောင်ပါနော် ။
credit
ခေါက်ဆွဲချဉ်စပ်
လက်ကီး၁၀၀တန်ခေါက်ဆွဲထုပ်လေးဝယ် ဆူပြီးသားရေနွေးနဲ့ခေါက်ဆွဲကို စိမ်ပြီး ဆေးပေး။ အရည်တွေကိုသွန်ပစ်ပေးပါ။
ရေထည့် ကြက်သားမှုန့်၂ဇွန်း ငရုတ်ကောင်း ကြက်သွန်ဖြူ ကွဲရုံသာထောင်းထားသောငရုတ်သီးထည့် ဆူပြီဆိုမှ နှစ်သက်ရာ ကန်စွန်းရွက် ပဲပြား မှို အကင်ချောင်းများထည့် သံပုရာရည်ညှစ် ခေါက်ဆွဲထည့်ပြီး နှစ်သက်တဲ့ ခေါက်ဆွဲအနေအထားရပြီဆို အိုးကချပြီးစားရုံဘဲ။
Credit : Htun Thiri
ဆီမပါတဲ့ လယ်သမားဟင်း
ရေနွေးကိုဆူအောင်တည်
မျှင် စိမ်းစားငပိ တစ်တုံးပစ်ထည့် ပုဇွန်အသေးတွေထည့်
ပွက်ပွက်ဆူလာရင် ရွှေဖရုံသီး ခဝဲသီး
မှို ထည့်
( ကြိုက်ရာအသီးနှံ ထည့်လို့ရပါတယ်)
ငရုတ်သီးစိမ်း အမှည့် လိုသလောက်ထောင်းထည့်
ဆား နဲနဲထည့် စားတော့မယ်ဆိုမှ ပန်းကန်ထဲဟင်းရည်ထည့်ပီးရင် အပေါ်ကနေ ဆူးပုတ်ရွက် ပင်စိမ်းရွက်ထည့်
တောဓလေ့ ဆီမပါ လတ်ဆတ် အရသာရှိတဲ့ လယ်သမားဟင်းရပြီ။
Credit ko mahn's kitchen
မှိုချဉ်ငန်စပ်စွပ်ပြုတ်
ရေနည်းနည်းမှာ ကြက်သားမှုန့်၂ဇွန်း ငရုတ်ကောင်း ကြက်သွန်ဖြူထောင်းထည့်။ ဆူလာပြီဆို မှိုထည့် ငရုတ်သီးစိမ်းညှပ်ထည့်။ သံပုရာရည်လေးညှစ်ပြီး စားလို့ရပြီ။
Credit : Htun Thiri
ကြက်ခြေထောက်ချဉ်စပ် Soup
ကြက်ခြေထောက် ကို ဆား သကြား စပါးလင် ကြပ်သားမှုန့် ၃ဇွန်း ထောင်းထားပြီးသား ဂျင်း ငရုတ်ကောင်း ကြက်သွန်ဖြူ ထည့်ပြီး ရေနဲ့ ပြုတ်ထားပေးပါ။ နူးအိနေသည့်အနေထားရောက်ပြီဆို ထောင်းထားတဲ့ ငရုတ်သီးစိမ်းထည့် နံနံပင်အုပ် သံပုရာရည်ညှစ်ပြီး သုံးဆောင်နိုင်ပါပြီ
Credit : Htun Thiri
ရွှေပုလက်ရာ ပလောင်တောင်ယာဟင်းချက်နည်း
ပါဝင်ပစ္စည်းများ
ဗမာကြက်၄၀သား
ကြက်သွန်ဖြူ၄ဥ
ဂျင်းလက်တဆစ်
စပါးလင်တပင်
ငြုပ်သီးရှည်ခြောက်၆တောင့်
စူကာညွန့် ဖယုံညွန့် မုန်ညှင်းစိမ်း
မှို ၁၀ သား
ပင်စိမ်းတစည်း ရှမ်းနံနံ
သံပုရာသီးတလုံး
ငြုပ်သီးစိမ်းလက်တဆုတ်
ကြက်သွန်နီ၂လုံး
ချက်ပြုတ်နည်း
ကြက်သားကို အတုံးလေးတွေတုံး ရေဆေးပါ
ဂျင်း ကြက်သွန်ဖြူ ငြုပ်ခြောက်ရှည်တောင့်ကိုမညက်တညက်ထောင်းပါ
ပြီးရင် ကြက်သားကို ဆား ဆနွင်းနဲနဲ အရသာမှုန့် ငံပြာရည် ထည့်ပီး ထောင်းထားတာနဲ့ရောသမနယ်ပြီးနှပ်ထားပါ စပါးလင်အရင်းပိုင်းကိုတစောင်းလှီးထားပါ
ဒယ်အိုးတလုံးတွင် ရေတလီတာထည့်ပြီးတည်ထားပါ
ရေဆူရင် ကြက်သားလုံးထားတာနဲ့စပါးလင်ကိုထည့်ပြီးအဖုံးအုပ်ထားပါ
ဆယ်မိနစ်ကြာလို့ ကြက်သားနူးလောက်ပြီဆို
မှို ကြက်သွန်နီလေးစိပ်ခွဲ ငြုပ်သီးစိမ်းထည့်ပီး ထပ်တည်ထားပါ အရသာပေါ့ငန်မြည်းပါ
ပြီးရင် အညွန့်အရွက်စုံ ရှမ်းနံနံ ပင်စိမ်းတို့ကိုထည့်ပီးအဖုံးအုပ်ပြီးးမီးပိတ်လိုက်ပါ ပြီးမှသံပုရာရည်ညှစ်ပြီးအသင့်စားလို့ရပါပြီး
သောက်ဆမ်းဟင်းဖြစ်တဲ့အတွက် ဟင်းရည်အကျဲအပြစ်ကို လိုသလောက်ရေနွေးထည့်ပြီး စားသုံးနိုင်ပါတယ်
Credit : ရွှေပုလက်ရာ
ငါးသေတ္တာ ဟင်းချို
ထမင်းစားတဲ့အခါ အရည်သောက်ဟင်းလေးပါမှ စားတတ်သူတွေအတွက် အလွယ်တကူချက်နိုင်တဲ့ ဟင်းလျာလေးတစ်မယ်ပါ။
ပါဝင်ပစ္စည်းများ
ငါးသေတ္တာ ၂ ဘူး (၁၅၅ g × ၂ )
စပါးလင် ၂ ပင်
ကြက်သွန်ဖြူ ၃ မွှာ
ငရုတ်သီးစိမ်း ၅ တောင့်
သံပုရာသီး ၁ လုံး
ငံပြာရည် စားပွဲဇွန်း ၃ ဇွန်း
ဆား
အသားမှုန့်
ချက်ပြုတ်နည်း
၁။ စပါးလင်ကို အရင့်နေရာဖယ်ပြီး ၃ လက်မအရှည်လေးတွေလှီးပြီးနောက် ဓားနှောင့်နဲ့ထုထားပါ။ ကြက်သွန်ဖြူကို ဓားပြားရိုက်ထားပါ။ ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရင်ခွဲလှီးထားပါ။
၂။ ချက်မည့်အိုးထဲကို ရေ ပလတ်စတစ်ဆန်ချိန်ခွက် ၃ ခွက်ခွဲထည့်ပြီး စပါးလင်၊ ကြက်သွန်ဖြူတို့နဲ့အတူ ပွက်ပွက်ဆူအောင်တည်ပါ။
၃။ ပွက်ပွက်ဆူရင် ငါးသေတ္တာ၊ ငရုတ်သီးစိမ်း၊ ငံပြာရည်၊ ဆားနဲ့ အသားမှုန့်တို့ထည့်ပါ။ ပွက်ပွက်ဆူပြီး အနံ့မွှေးလာရင် သံပုရာရည်ညှစ်ထည့်ပြီး ပူပူနွေးနွေးသုံးဆောင်နိုင်ပါပြီ။ နံနံပင်နဲ့ ရှောက်ရွက်တို့ကိုလည်း ပါးပါးလှီးကာအုပ်နိုင်ပါတယ်။
ချဉ်စပ်အရသာ အရည်သောက်ဟင်းလျာလေးတစ်မယ်ကို အလွယ်တကူဘဲချက်နိုင်ပြီမို့ နှစ်သက်ကြမှာပါ။
မြေအိုးမြီးရှည် ချဉ် ငန် စပ်
လိုအပ်သောအရာများ
(1) ကြက်သား သို့မဟုတ် ကြက်အရိုး
(2) မြီးရှည်အဖတ် ကြက်တောင်ပံတု အသားတု ငုံးဥ ကြွက်နားရွက်မှို ကျောက်ပွင့် ပန်းပွင့်ခြောက် ကော်ချောင်း ( ဆိုင်တွေမှာ မြေအိုးမြီးရှည်လုပ်ဖို့အတွက် လိုအပ်ပစ္စည်း အစုံထည့်ပေးပါ ပြောလိုက်ရင်ရပါသည် )
(3) ပဲငပိ
(4) ကြက်သွန်အနီ သံပုရာသီး ကန်စွန်းရွက် ပန်းဂေါ်ဖီ အာလူး မုန်လာဥနီ မုန်ညှင်းရွက် ငရုတ်ကောင်းမှုန့် ဟွာကျောင်းအမှုန့် ( ကုန်ခြောက်ဆိုင်တွေမှာအလွယ်တကူဝယ်လို့ရပါသည် မထည့်လည်းဘာမှမဖြစ်ပါဖူးနော် )
Ready made အထုပ်တွေက ဘယ်လိုချက်ထားလဲ ဘာဆိုးဆေး တာရှည်ခံပစ္စည်းတွေထည့်ထားလဲ မသိနိုင်တာမို့ သန့်သန့်ရှင်းရှင်းနဲ့ အိမ်မှာ ကိုယ့်ဘာသာအနှစ်လေးချက်လိုက်ရအောင်နော် Ready made အထုပ်နဲ့ အရသာချင်းအတော်လေးကွာတယ်လို့ အာမခံပါတယ်
(1) မြီးရှည်အဖတ် ကြက်တောင်ပံတု အသားတု ကြွက်နားရွက်မှို ကျောက်ပွင့် ပန်းပွင့်ခြောက် ကော်ချောင်းတို့ကိုရေစိမ်ထားပေးပါ။
(2) ကြက်သား သို့မဟုတ် ကြက်အရိုး ကိုအသားမှုန့်လေးနယ်ပြီး ရေတဝက်လောက်ထည့်ပြီးပြုပ်ပေးပါ။ ဆူလာရင် အပေါ်ကဝေ့နေတဲ့ အမြုပ်ရေတွေ ခပ်ထုတ်ပစ်ပါ။ ( အသားပြုတ်ရည်က ကြာကြာပြုတ်နိုင်လေ အရသာပိုကောင်းလေပါနော် )
(3) ကြက်ပြုတ်ရည်ထဲမှ ကြက်သားများကိုဆယ်ယူပြီး မွှထားပေးပါ။
(4) ငုံးဥပြုတ်ထားပေးပါနော်။
(5) ကြက်သွန်ဖြူခွာပြီးလှီးထားပါ ကြက်သွန်နီ ကို ညက်နေအောင်ထောင်းပေးပါ။ ( ညက်ညက်ကြေနေမှ ရမှာပါနော် ကြိတ်စက်သုံးရင်ပိုကောင်းပါတယ် )
(6) ကြက်သွန်ဖြူကို ဆီချက်ချက်ပေးပါ။ ( မထည့်လည်းရပါသည် )
(7) ဆီထည့်ပါ ဆီဆူလာရင် ညက်နေသောကြက်သွန်နီထည့် အရောင်တင်မှုန့်ထည့် ခုနကပြုတ်ထားတဲ့ကြက်ပြုတ်ရည်ထဲမှ ကြက်သားများကို ဆယ်ပြီး မွှကာထည့်ပေးပါ။ ပဲငပိနှင့်ဟွာကျောင်းအမှုန့်ထည့်ပါ။ ငံပြာရည်အနည်းငယ်ထည့်ပါ ရေနည်းနည်းလေးထည့်ပြီး အနှစ်ရအောင်ချက်ရပါမယ်နော်။
(8) ကန်စွန်းရွက် အာလူး ပန်းဂေါ်ဖီ မုန်ညှင်းရွက် မုန်လာဥနီတို့ကို လှီးထားပေးပါ။
ကဲ … ဒါဆို မြေအိုးမြီးရှည် လုပ်စားလို့ရပါပြီနော်
အိုးထဲသို့ ရေစိမ်ထားသောမြီးရှည်အဖတ် ကြက်တောင်ပံတု အသားတု ငုံးဥ ကြွက်နားရွက်မှို ကျောက်ပွင့် ပန်းပွင့်ခြောက် ကော်ချောင်း တို့ကိုထည့်ပါ။
အပေါ်မှ ကန်စွန်းရွက် အာလူး ပန်းဂေါ်ဖီ မုန်လာဥနီတို့ကိုထည့်ပါ အဲ့အပေါ်ကမှ ခုနကချက်ထားတဲ့ ပဲပိစပ်ကြက်သားအနှစ်ထည့် ကြက်သားမှုန့်နည်းနည်းထည့်ပြီး ကြက်ပြုပ်ရည် တဝက်နီးပါး ဆမ်းလိုက်ပါ။
ပြီးရင် ဆူလာတဲ့အထိ အပူပေးလိုက်ပါနော်။ ဆူလာပြီဆို အထက်အောက် လှန်အောင်မွှေပေးပြီး ငံပြာရည်နှင့်ငရုတ်ကောင်းမှုန့်ထည့်ပါ။ ချက်ထားသောဆီချက်ထည့်ပါ အပေါ်မှ ငုံးဥပြုပ်လေးထည့် သံပုရာသီးလေးညှစ်ပြီး အစပ်ကြိုက်လျှင် ငရုတ်သီးမှုန့်လေးပါထည့်၍စားနိုင်ပါပြီနော်။
ဒါဆိုအရသာလည်းရှိ သန့်လည်းသန့်ရှင်းတဲ့ အိမ်မှာလုပ်နိုင်တဲ့ မြေအိုးမြီးရှည် ချဉ် ငန် စပ် လေးရပါပြီနော်
#Crd
ကရင်ရိုးရာ အစားအစာ တာလပေါဟင်းချက်နည်း
ကရင်တာလပေါဟင်းဟာ လူတိုင်းကြိုက်တဲ့ ဟင်းလျာတစ်မျိုးပဲ ဖြစ်ပါတယ်။
တာလပေါဟင်းချက်ဖို့ လိုအပ်သော ပစ္စည်းများ
ကြက်သွန်နီ - တစ်ဥ
ငရုတ်သီးအကြမ်းဖတ်ထောင်း - အနည်းငယ်
ကြက်သွန်ဖြူ - ၃ ဥ
ဆီ - စားပွဲတင်ဇွန်း ၂ ဇွန်း
အာလူး - ၂လုံး
ခရမ်းသီး - ၂ လုံး
ရုံးပတီသီး - ၅ တောင့်
ပဲသီး - ၁ စည်း
ပဒဲကော - ၃ ပင်
ရွှေဖရုံသီး - ၁ စိတ်
ဘူးသီး - ၁ စိတ်
မျှစ်ချဉ် - ၁၅ ကျပ်သား
ဒန့်သလွန်သီး - ၂ တောင့်
ဆန်လှော်ထောင်း - နို့ဆီဗူး တစ်ဝက်
ကြက်သဟင်းရွက် -၂ စည်း
မန်ကျည်းရည် - အနည်းငယ်
ပိန္နဲ - တစ်စိတ်
ဆား - လက်ဘက်ရည်ဇွန်း ၂ ဇွန်း
ကြက်သားမှုန့် - လက်ဘက်ရည်ဇွန်း ၂ ဇွန်း
တာလပေါဟင်းချက်နည်း
၁။ ဟင်းသီးဟင်းရွက်များကို ရေစင်အောင်ဆေးပြီး အနေတော်လှီးပါ။
၂။ ကြက်သွန်အဖြူနဲ့ အနီကို အခွံခွာ ပါးပါးလှီးပြီး ဆီသတ်ပါ။
၃။ ကြက်သွန်မွှေးလာရင် ဆန်လှော်ထောင်းထည့်ပြီး မွှေပါ။ ရေအနည်းငယ်ထည့်ပါ။
၄။ ဆန်ပွလာရင် ပဲသီး၊ ရုံးပတီသီး၊ ခရမ်းသီး နဲ့ အရွက်တို့ကို ချန်ပြီး ကျန်တဲ့ ဟင်းသီးဟင်းရွက်တွေ ထည့်မွှေပါ။
၅။ ဆားနဲ့ ကြက်သားမှုန့်ထည့်ပါ။ ဟင်းသီးဟင်းရွက်များ မြုပ်အောင် ရေအနည်းငယ်ထည့်ပါ။
၆။ ဟင်းသီးဟင်းရွက်များ နူးလာပါက ပဲသီး၊ ရုံးပတီသီးနဲ့ ခရမ်းသီးတို့ထည့်ပါ။
၇။ ရေခမ်းလာပါက ဟင်းသီးဟင်းရွက်များနူးမနူး ကိုကြည့်ပီးရေအနည်းငယ်ထပ်ထည့်ပေးပါ။
၈။ အသီးများအားလုံး အနေတော်နူးလာပါက ဒန့်သလွန်ရွက်နဲ့ ကြက်သဟင်းရွက်တို့ထည့်ပါ။
၉။ အရွက်များထည့်ပီး၂မိနစ်နေပါကပန်ကန်ထဲထည့်ပါ။
၁၀။ ချဉ်စပ်ကြိုက်သူများ မန်ကျည်းရည်နှင့် ငရုတ်သီးအကြမ်းဖတ် ထောင်းထည့်ပြီး စားသုံးနိုင်ပါတယ်။
Credit
ကြက်ကချင်ချက်
ကြက်သား ၂၅သား
မျှစ် အနည်းငယ်
ချဉ်စော်ခါးသီး ၂ဖတ်
နံနံပင် ၇ပင်ခန့်
ဖက်ဖယ်ရွက် ၃ပင်ခန့်
ပင်စိမ်း ၂ပင်
ငရုတ်သီးစိမ်း ၄တောင့်
ကြက်သွန်ဖြူ ၅မွှာ
ဂျင်း ပါးပါး ၂ပြား
ဆား အနည်းငယ်
သကြား ။
ငံပြာရည် ။
နနွင်းမှုန့် ။
ငရုတ်ပုထောင်း ။
ကြက်သားကိုတုံး ရေဆေးပြီး ရေစစ်ထားပါ။ကြက်သားကို ဆား သကြား နနွင်း ကြက်သွန်ဖြူ ဂျင်း နနွင်း တို့ဖြင့် ၃၀မိနစ်ခန့်နှပ်ထားပါ။
မျှစ်ကိုတစ်ရည်ပြုတ်ပြီးလှီးထားပါ။ချဉ်စော်ကားသီးကို ရေစိမ်ထားပါ။နံနံပင် ဖက်ဖယ် ပင်စိမ်း ငရုတ်သီးကို နုတ်နုတ်စင်း (သို့)ကြိတ်/ထောင်းထားပါ။
ဆီ ၁ဇွန်းခန့်ထည့်၍ ငရုတ်ပုထောင်းဆီသတ်ပါ။
ကြက်သားထည့်၍လုံးပါ။ကြက်သားပါရေခန်းသွားလျှင်ချဉ်စော်ကားသီး ထောင်းထားသော အရွက်ကိုထည့်မွှေပါ။
ရေထည့်၍ အဖုံးအုပ်ကာ ကြက်သားနူးအာင် ၁၅မိနစ်ခန့်တည်ပါ။
ရေအနည်းခန်းလျှင် ချဉ်စော်ခါးသီးကို ဆယ်ထုတ်၍ မျှစ်ထည့်ပါ။
ရေလိုပါက အနည်းငယ်ထပ်ထည့်ပါ၊ငံပြာရည်ထည့်ပါ၊ဆူပြီ ၅မိနစ်ခန့်ကြာလျှင်အရသာမြည်း၍စိတ်ကြိုက်ဖြစ်လျှင်နံနံပင်ဖက်ဖယ်ရွက် ပင်စိမ်း အနည်းငယ်အုပ်၍ ချပါ။
#Crd
''ငါးသောက်စမ်း''
(1) ငါးအသားမာဆတ်ဆတ်လေးဖြင့် စားကောင်းစေရန် ငါးကို ဆား အချိုမှုန့် ဆနွင်းအနည်းငယ်ထည့်နယ်ပြီး ၃မိနစ်ခန့် ကင်ပေးပါ။
(2) ရေ ငပိစိမ်းစားအနည်းငယ် ထောင်းထားသော ကြက်သွန် ဖြူနီ ငရုတ်ကောင်း စပါးလင် ငရုတ်သီးစိမ်းခပ်များများတို့ကို တစုထဲထည့်ပြီး ဆူလာသည်အထိ တည်ထားပါ။
(3) အနံ့မွှေးလာရင် ကင်ထားသောငါးနှင့် အရည်ဖျော်ထားသောမန်ကျည်းသီးထည့်ပါ။ ( တကယ့်အစစ်က မရမ်းပြား သို့ သရက်သီးအခြောက်ထည့်ပါတယ်။ ဒီနေရာမှာ သရက်သီးခြောက်သုံးထားပါတယ် )
(4) ဟင်းရည်ဆူလာပြီဆို ဆား အချိုမှုန့် အသားမှုန့် ထည့်ကာ စိတ်ကြိုက်အရသာပြင်နိုင်ပါပြီ။ ( နံနံပင် ပင်စိမ်း ကြိုက်သူများ အပေါ်မှအုပ်နိုင်ပါသည် )
( နှစ်သက်သောငါးအသုံးပြုနိုင်ပါသည်။)
#Crd
မှိုချဉ်ချဉ်စပ်စပ်ဟင်းချို
မှိုကိုရေပြောင်အောင်ဆေးပြီး အခြမ်းလေးတွေခြမ်းထားပါ။
မန်ကျည်းသီးအရည်ဖျော်ထားပေးပါ။
ကြက်သွန်ဖြူ ငရုတ်ကောင်း ငရုတ်သီးစိမ်း ကျေညက်အောင်ထောင်းထားပေးပါ။ ကြက်သွန်နီပါးပါးလှီးထားပေးပါ။
မှို ငပိစိမ်းစား ထောင်းထားသော ကြက်သွန်ဖြူ ငရုတ်ကောင်း ငရုတ်သီးစိမ်း လိုအပ်သောရေ ပါးပါးလှီးထားသောကြက်သွန်နီကိုထည့်ပြီး ဆူလာသည်အထိတည်ထားပေးပါ။
ဆူလာပြီဆိုရင် ဖျော်ထားသောမန်ကျည်းအရည် ဆား ငံပြာရည်အနည်းငယ် အချိုမှုန့် တို့ကိုလိုအပ်သလိုထည့်ပြီး ပွက်ပွက်ဆူလာပြီဆိုရင် အပေါ်မှ ပူတီနံ နံနံပင် နှစ်သက်ရာ တခုခု အုပ်ပြီးစားလို့ရပါပြီ
ချဉ်ငန်စပ် နှစ်သက်သူများအတွက် သောက်စမ်း၊ Soup ချက်နည်းများ အပိုင်း (၁)
ချဉ်ငန်စပ် နှစ်သက်သူများအတွက် သောက်စမ်း၊ Soup ချက်နည်းများ အပိုင်း (၂)
By The Myanmar Restaurant Guide