ချဉ်ငန်စပ် နှစ်သက်သူများအတွက် သောက်စမ်း၊ Soup ချက်နည်းများ အပိုင်း (၂)
စနေ တနင်္ဂနွေ ပိတ်ရက်လေးလာပြန်ပြီဆိုတော့ လွယ်လွယ်ကူကူချဉ်ငံစပ်ဟင်းလေး တစ်ပွဲလောက်ချက်ပြီး အားလပ်ရက်ကို ဖြတ်သန်းကြရအောင်………
ငါးသံပုရာပေါင်း
ပါ၀င်ပစ္စည်း
စပါးလင်
ရှောက်ရွက်
သုံပုရာသီး
ဂျင်း
ပဒဲကော
ငြုတ်သီးစိမ်း
ကြက်သွန်ဖြူ
သကြား
ဆား.
ကတ်ကတစ်ငါး တစ်ကောင်
ပြုလုပ်နည်း
ငါးကိုရေစင်စင်ဆေးပီး သန့်စင်ထားပါ....ပြီးလျှင် စပါးလင် ကိုထုပြီး ငါးဗိုက် ငါးခေါင်းထဲသို့ ထိုးထည့်ပါ...
ဂျင်း ကြက်သွန်ဖြူ ပဒဲကော စတာတွေကိုထောင်း၊ အရည်ညှစ်ပြီး ပန်းကန်လုံး ထဲသို့ ထည့် ဆားအနည်းငယ်၊ အရသာအနည်းငယ်ထည့်ပြီး သမအောင်မွှေ၊ ငါးပေါ်ကို လောင်းထည့်ပီး အရသာ၀င်အောင် အနည်းငယ် နယ်ပေးပါ..
ပေါင်းမည့် ပန်းကန်ထဲသို့ စပါးလင် တပြားရိုက်ခံ၊ ရှောက်ရွက်၊ ဂျင်းထောင်းထားတာကို Soup ထဲထည့်တဲ့ စက္ကူ အိပ်လေးနဲ့ ထည့်ပြီး ပေါင်းပေးပါ မိနစ်၂၀ ခန့်...ငါးအနေထားပေါ်မူတည်ပြီးပေါင်းပါ...
ပြီးလျှင် ငရုတ်သီး နှုတ်နှုတ်စင်း ကို စတီးဇွန်းလေးနဲ့ ထည့်ပြီး ငါးပေါင်းထဲ ထည့်ပေါင်းပေးပါ... အစိမ်းဆို ဗိုက်နာမှာစိုးလို့...မပေါင်းလဲရပါတယ်နော်...အစပ်ကြိုက်ရင်တော့ ပေါင်းပါ....
ငရုတ်သီး စိမ်း ပန်းကန် လုံးထဲသို့ ထည့်၊ နံနံပင်နှုတ်နှုတ်စင်းထည့် သကြားထည့် ငါးငံပြာရည် ထည့် ..သံပုရာရည် ညှစ်ထည့်သမအောင်မွှေ ငါးပေါင်းထွက်တဲ့ အရည် ထည့် ပြီး ငါးပေါင်းပေါ်ကိုဆမ်းလိုက်ပါ........
နောက်ပြီးရင်တော့ ငါးသံပုရာပေါင်းရပါပြီ.....သုံးဆောင်နိုင်ပါပြီ....
Crd_NawPhyuPhyu
ပုဇွန်ပြည်ကြီးငါး ကင်မ်ချီချဉ်စပ်
ကင်မ်ချီလေးကိုပုဇွန်ပြည်ကြီးငါးလေးနဲ့ချဉ်စပ်လေးချက်ကြည့်ရအောင်....ကြက်ရိုးကိုမီးအေးအေးနဲ့တစ်နာရီခန့်ပြုတ်ထားပါ.....ပြီးရင်ဟင်းရည်အိုးထဲကိုကြက်ဥဖောက်ထည့်ပါ.....ကင်မ်ချီလက်လေးလုံးခန့်လှီးထားတာထည့်ပါ.....ပန်းငရုတ်ပွထည့်ပါ....သကြားထည့်ပါ....ငန်ပြာရည်ထည့်ပါ....ခရုဆီ......ပဲငံပြာရည်အကြည်အနဲငယ်ထည့်ပါ.....ဟင်းရည်အိုးဆူလာရင်....ပြည်ကြီးငါးတုံးထားတာထည့်ပါ....မှိုထည့်ပါ....ပုဇွန်ထည့်ပါ....ငရုတ်သီးစိမ်းကြိတ်ထားတာကိုထည့်ပါ.....သံပုရာရည်ထည့်ပါ....ဖြည်းဖြည်းမွှေပေးပြီးဆူရင်ခနထားပြီ....းနံနံပင်လေးအုပ်ရင်း...ချဉ်ချဉ်စပ်စပ်ကင်မ်ချီဟင်းရည်လေးရပါပြီ.....ပါဝင်ပစ္စည်းများကိုတော့ချဉ်ငန်စပ်ကင်မ်ချီ ကိုယ်ကြိုက်နှစ်သက်သလိုချိန်ဆပြီးထည့်နိုင်ပါတယ်...
ပုဇွန်သံပုရာပေါင်း
ငါးသံပုရာပေါင်းက လူသိများပေမဲ့ ပုဇွန်သံပုရာပေါင်းက လူသိနည်းနေဆဲပါ..ထူးထူးခြားခြားလေးကို အိမ်မှာချက်ကြည့်ရအောင်..
၁. အရမ်းလတ်ဆတ်တဲ့ ပုဇွန်ကျားကိုရွေးဝယ်ပြီး ခေါင်း၊ ကျောရိုးက အညိုကျော ကိုဖယ်ရှားသန့်စင်ပါ..
၂.ကြက်သွန် ဖြူ နီ၊ ငရုပ်သီးစိမ်း၊ နံနံမြစ်၊ ဂျင်း တို့ကိုရောပြီး မညက်တညက်ထောင်းပါ။
၃. အိုးထဲတွင်ရေအနည်းငယ်ထည့်ပြီး ဆူအောင်တည်ပါ။
၄. ရေနွေးဆူထဲသို့ ထောင်းထားသော အစုံကိုထည့်လိုက်ပါ။
၅. ယိုးဒယား ပုဇွန်ငံပြာရည်၊ သံပုရာရည် တို့ကိုလိုက်ထည့်ပါ။
၆.ပုဇွန်ကိုထည့်ပါ။ ၄မိနစ်ခန့်စောင့်ပြီး ဆားမြည်းပါ။ မထုတ်မီ နံနံနှင့်ရှမ်းနံနံအုပ်ပါ။
ပြီးရင်တော့ ပုဇွန်သံပရာပေါင်းကို သုံးဆောင်နိုင်ပါပြီ....
credit-Dagon Kyaw
မွန်ရိုးရာ ငါးနှပ်သောက်ဆမ်းဟင်း
ငါးနှပ်ဆိုတာက အကြေးခွံမပါတဲ့ အဖြူရောင်နောက်နောက် ပင်လယ်ငါးတစ်မျိုးပါ။ ငါးနှပ်ကို တန်းထိုးပြီး လှန်းလို့ ခြောက်သွားတဲ့ ငါးနှပ်ခြောက်ကို တော့ အာဗြဲခြောက်လို့လည်း ခေါ်ကြပါတယ်။
အဲဒီငါးနှပ်ကို မွန်ရိုးရာအတိုင်း အရည် ကလေးနဲ့ သောက်ဆမ်းချက်ထားရင် စားဖူး သူတိုင်း ကြိုက်နှစ်သက်သွားကြတာချည်းပါ။ ငါးနှပ်သောက်ဆမ်းချက်မယ်ဆိုရင် မပါမဖြစ် တာက မရမ်းပြားပါ။
မွန်ဟင်းတိုင်းလိုလိုမှာ အချဉ်အတွက်ဆို မရမ်းပြားသုံးကြပါတယ်။ ငါးနှပ်သောက်ဆမ်း ချက်တော့မယ်ဆိုရင် ငါးနှပ်ကို ခေါင်း၊ အမြီးနဲ့ ရေယက်များသန့်စင် ပြီး နှစ်ပိုင်းလောက်ပိုင်းကာ မျှင်ငါးပိနဲ့ နယ် ထားပါ။
စပါးလင် သုံးချောင်းလောက်ထုပြီး အသင့်ထုံးထားပါ။ ကြက်သွန်ဖြူ၊ နီ ရော ထောင်းပြီးရင်တော့ ဟင်းအိုးပြင်လို့ရပါပြီ။
သောက်ဆမ်းဟင်းချက်မယ့် အိုးကျယ်ကျယ် တစ်လုံးထဲကို အသင့်နယ်ထားတဲ့ ငါးနှပ်ပိုင်း များ ထည့်။ ဆား၊ နနွင်း သင့်ရုံခပ်။ ကြက်သွန် ထောင်းပြီးသား အရောထည့်ကာ အထက် အောက် နှံ့အောင်မွှေ။
ဆီပါလေကာဝေ့ဆမ်း။ ငါးမြုပ်သည်အထိ ရေထည့်ပြီး မီးဖိုပေါ်တည် ပါတယ်။ ဟင်းအိုးပွက်ပွက်ဆူလာတဲ့အခါ ပွလာ အောင် ရေစိမ်ထားတဲ့ မရမ်းပြားများကို ဆယ်ပြီးထည့်ပါ။
ငါးမကြေသွားအောင် အိုးကို လှည့်ပြီး လှုပ်ရုံလှုပ်ပေးပါ။ ဟင်းရည်ပေါပေါ အနေမှာ ပွက်ပွက်ဆူလာရင် အသင့်ပြင်ထား တဲ့ ငရုတ်သီးစိမ်းတောင့် ခွဲခြမ်းနဲ့ လှီးဖြတ် ထားတဲ့ ရှမ်းနံနံအုပ်၊ ငရုတ်ကောင်းမှုန့်ခပ်ကာ အပေါ့အငန်မြည်းပြီး ဖိုမှချပါ။ ငါးနှပ်အရသာ ချိုမြမြမှာ စပါးလင်နံ့လေးသင်းနေတဲ့ ပူပူ လောင်လောင်၊ ချဉ်ချဉ်စပ်စပ် မွန်ရိုးရာ ငါးနှပ် အရည်သောက်ဟင်းလျာကို ဧကန်မုချ ကြိုက်ကြမှာပါ။
Credit
မုန့်တီ
လွယ်လွယ်ကူကူ အိမ်မှာ မိသားစု မုန့်တီချက်စားကြရအောင်…
(1)ငါးကို ကင်ပါ။
(2)ငါးကင်နေစဉ် ကြက်သွန်အဖြူ ခပ်များများ ကို ထောင်းပါ ပြီးရင် ငရုတ်ကောင်းမှုန့် ထောင်းပါ။ ငါးကင်တာ ရလောက်ပြီဆို ကိုယ်စားလောက်မယ့် ရေပမာဏ ကို အိုးထဲထည့်ပြီး ငါးပိစိမ်းစား ထည့် ပြီး တည်ထားလိုက်ပါ။
(3)ငါးအသားကို နွင်ပါ။ အရည်ကြည်ကြည်လေး လိုချင်ရင် အသားမွှတဲ့အခါ ခပ်ကြီးကြီးမွှ ပေးပါ။ သေးသေးမွှမွှ လေးတွေ ဆို အိုးထဲထည့်လိုက်တဲ့အခါ ဟင်းအရည်တွေ နောက်ကုန်လိမ့်မယ်။
(4)ရေနွေးတည်တာဆူခါနီးရင် ခုနက ထောင်းထားတဲ့ ကြက်သွန်ဖြူရယ် ငရုတ်ကောင်းမှုန့်ရယ် နွင်ထားတဲ့ငါးအသားရည် အိုးထဲ ထည့်လိုက်ရုံဘဲ။ ပြီးရင် ဆား အချိုမှုန့် လိုသလောက်ထည့် ပြီး ဆူလာတဲ့အထိ အဖုံးအုပ်ထားပေးပါ။
သတိပေးချက် - ဆူလာရင် မီးမပိတ်နဲ့ဦး မီးအေးအေး လေး နဲ့ တည်ထားဦး ချက်ချင်းမီးပိတ်ရင် ငါးပိအစိမ်းနံ့ ထွက်တတ်လို့။
ငါးရွှေကအချိုအရသာအတွက်အကောင်းဆုံးပါဘဲနော် ဒါပေမဲ့ အိမ်မှာချက်စားတာမို့ ငါးကြင်းသုံးလည်းအဆင်ပြေပါတယ်နော်…
_ ကြက်သွန်ဖြူ လေးတွေလှီးပြီး ဆနွင်းထည့်ကာဆီချက် ချက် ပေးပါ။
_ ငရုတ်သီးစိမ်းကိုအညှာခြွေပြီး ပြုတ်ပေးပါ ပြီးရင် ထောင်းပါ ရလာတဲ့ငရုတ်ဖတ်ကို မုန့်တီဟင်းရည်လေးရောပြီး ငရုတ်စိမ်းဖျော်နိုင်ပါတယ်။
_ မန်ကျည်းသီးအနှစ်လည်း မုန့်တီအရည်ထည့်ပြီး ဖျော်ကာ မုန့်တီနဲ့အတူတကွ သုံးဆောင်နိုင်ပါပြီ။
Credit_မိသားစု Online Cooking Foodstuff
နောက်ထပ်ချက်နည်းတွေကိုလည်း မျှဝေပေးသွားမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ The Myanmar Restaurant Guideကို Like & Follow လုပ်ထားဖို့ မမေ့ပါနဲ့နော်....
ချဉ်ငန်စပ် နှစ်သက်သူများအတွက် သောက်စမ်း၊ Soup ချက်နည်းများ အပိုင်း (၁)
By Wyk (The Myanmar Restaurant Guide)